ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ်တွေ ရောင်းချပေးတဲ့အခါ နိုင်ငံဝန်ထမ်းတွေကို
အချိုးချပြီး ခွဲဝေရောင်းချဖို့ စီစဉ်ထား တယ်လို့
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ က ပြောပါတယ်။
ရပ်ကွက်ထဲ ရောင်းပေးမယ့် ဖုန်းဆင်းကတ်တွေကို ၀န်ထမ်းတွေ လျှောက်ထားစရာမလိုဘဲ သက်ဆိုင်ရာ ဌာနတွေက တဆင့် လျှောက်ထားကြရမှာ ဖြစ်ပြီး၊ ဌာနတွေကို တိုင်းအစိုးရအဖွဲ့က အချိုးချ ခွဲဝေပေးသွား မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ပြောပါတယ်။
“၀န်ထမ်းအင်အားစာရင်းပေါ်မူတည်ပြ
ရန်ကုန်တိုင်းတတိုင်းလုံးအတွက် ဖုန်းဆင်းကတ် ၁ သိန်း ၂ သောင်းလောက် ရောင်းချပေးမှာ ဖြစ်ပြီး အဲ့ဒီထဲ ၀န်ထမ်း ၃ သောင်း အတွက်ပဲ ဖုန်းဆင်းကတ်ရောင်းချပေးနိုင်မယ်လို့လည်း ပြောပါတယ်။
တိုင်းဒေသကြီးအတွင်း မိုဘိုင်းဖုန်းမရှိသေးတဲ့ ပြည်သူတွေကတော့ မှတ်ပုံတင်မိတ္တူနဲ့ သန်းခေါင် စာရင်း မိတ္တူတွေတင်ပြပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမ
လျှောက်ထားသူတွေကို စိစစ်ပြီး ဧပြီ ၂၄ ရက်မှာ ကာယကံရှင်ကိုယ်တိုင် မဲနှိုက်ရမှာ ဖြစ်ပါတယ်။ မဲပေါက်သူတွေပဲ ဖုန်းဆင်းကတ်ဝယ်လို့ရမှာလည်း ဖြစ်ပါတယ်။
လူကြီးမင်းဖုန်းဆိုင်က အထွေထွေမန်နေ၈ျာ ဒေါ်ဇာခြည်လင်းက ဟန်းဆက်ဈေးတွေ သိသိ သာသာ ဈေး တက်တာမျိုးမရှိဘူး။ အခု ရောင်းပေးမယ့် CDMA- 800 MHz ကတ်နဲ့ သုံးလို့ရမယ့် ဟန်းဆက်တွေလည်း သူတို့ဆိုင်တွေမှာ ရောင်းချဖို့ အလုံအလောက်ရှိတယ်လို့ ပြောပါတယ်။
အသုံးများတဲ့ ဟန်းဆက်အမျိုးအစားတွေနဲ့ ဈေးနှုန်းတွေကိုလည်း သူက ခုလို ပြောပါတယ်။
“အခုက Huawei အသုံးများတယ်။ နောက် HTCနဲ့ Samsung လည်းရှိတယ်။ ဈေးနှုန်းက ၇-၈ သောင်းက စရှိတယ်၊ နည်းနည်း မော်ဒယ်လ်မြင့်တာတွေပေါ့။ တချို့ဖုန်းတွေဆို ၅ သောင်းကလည်း စရှိပါတယ်။”
ဖုန်းရဲ့ လုပ်ဆောင်နိုင်စွမ်းပေါ် မူတည်ပြီးတော့ ကျပ် ၂ သိန်းခွဲတန်အထိ ရှိတယ်လို့လည်း ပြောပါတယ်။
ကျပ် ၁၅၀၀ တန် ဖုန်းဆင်းကတ် ၃ သိန်း ၅ သောင်းကို ဧပြီ ၂၄ ရက်ကစပြီး တတိုင်းပြည်လုံးကို ခွဲဝေ ရောင်း ချပေးမယ်။ နောက်လတွေမှာလည်း ဒီလိုပဲ ဆက်ရောင်းပေးသွားမှာ ဖြစ်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရဲ့
DVB
No comments:
Post a Comment