Wednesday, April 3, 2013

အရွယ်ရောက်လာတဲ့အခါ သင်မိဘပေါ်ပျက်ကွက်လာတဲ့ အရာတစ်ချို့

အချစ်ဆိုတာမှန်တယ် ချစ်ပါချစ်လိုရတယ် အကယ်ရ်ျကိုယ်ပေးတဲ့ အချစ်ကို သူမလိုအပ်လို ထွက်သွားတဲ့ အခါ တစ်ဝငိုလိုက်ပါ ပြီးရင် တစ်ခုခုလုပ်မယ်လို အကြံဖြစ်တာနဲ့ အိမ်ကအမေနဲ့ အဖေကိုကြည်ပါ အသက်နဲ့ရင်းမွေးပေးတဲ့ အမေ၊ အရွယ်ရောက်အောင် ကျွေးမွေး ပညာသင်ပေးတဲ့ အဖေကို သတိရ လိုက်ပါ ။ သင်မေမေဖေဖေကို ငိုအောင်မလုပ်ပါနဲ့ ။ မိဘ မျက်ရည် တစ်စက်ဟာ သားသမီး ဆင်းရဲစေတဲ့ အရာပါ ။ ဘယ်မိဘကမှ သားသမီးကို ဆင်းရဲအောင်မလုပ်ပါဘူး။တစ်နည်းနည်းတော့ဖြည့် ဆည်းပေးနေ တာပါပဲ ။ တစ်ချို့တော့ရှိတာပေါ့ သားသမီးဆိုတာ လက်ခံရမှာပဲလေ မိဘကတော့ ဆိုးခြင်းကောင်းခြင်း တော့ ပြောမှာပေါ့ မိဘကိုအရွဲ့ မတိုက်ပါနဲ့ ။တစ်ခါတရံ အဆင်မပြေတဲ့ မိဘ ကြားနေရပေမယ့် သင့် ကူညီနိုင်တာလုပ်ပေးလိုက်ပါ ။မိသားစုတစ်ခုရဲ့ ဆည်းလည်းဟာ ကိုယ်ပါ ။ သင်ချစ်ပြနေတဲ့ မိန်းမ/ယောကျာင်္းထက် သင့်ကိုအစပေါင်းများစွာ ချစ်တာသင်မိဘပါ ။ သင်နာကျင် တာထက် အဆ ပေါင်းများ စွာ နာကျင်ကြပါတယ် ။ အချစ်သူရဲကောင်းကြီး လုပ်ပြထားထက် မိဘကို လုပ်ကျွေးသူ တစ်ယောက် ဖြစ်ကြည်စမ်းပါ ။သင်ချစ်သူလိုအပ်သမျှကို ၀ယ်ပေးနေတာထက် သင်မေမေ လိုချင်တဲ့ ကလစ်တစ်ချောင်းဖြစ်ဖြစ် ၀ယ်ပေးကြည်ပါ မေမေအပြုံးက ကမ္ဘာမှာ အလှဆုံးနဲ့ အငြိမ်း ချမ်းဆုံးအပြင် သင်လက်ဆောင်ကို ရာသက်ပန် သိမ်းထားပေးမှာပါ ။ သင်ဝယ်ပေးဖူးပါသလား ။ သင်မေမေ သွားလိုရာကို သင် စိတ်ရှည်ရှည်လိုက်ပိုဖူးပါသလား ။ သင်ဖေဖေ မေမေကို မုန့်ဖိုးတောင်း တာက လွဲရင် စကားကြာကြာပြောဖူးပါလား ။ ညအချိန်မှာ မေမေဖေဖေကို နင်းနှိပ်ပေးဖူးပါသလား ကန်တော့ဖူးပါသလား ။ ခေတ်တစ်ခေတ်ရဲ့ လူငယ်သင်ကြိုက်တာလုပ်လိုရပါတယ် သင်မိဘကို မျက်နှာပျက်အောင်မလုပ်ပါနဲ့ ။ သင်တွေးထားရမှာက သင်မိဘက သင်ကျိုးကျိုး ကန်းကန်း အနားရှိနေ မယ့် သူတွေပါ ။ သင်ဆိုရင်ကော ဘယ်လိုလဲ ။သင်ချစ်သူဆိုတာကရော နေပါမလား ။ ချစ်သူ အတွက် ၀ယ်စရာပစ္စည်းတွေအတွက် မေမေဆီက တောင်းဖေဖေဆီက တောင်းမရရင် ပြသာနာ ရှာသူတွေ ဒုနဲဒေးဖြစ်ဖြစ်လာတော့ ရင်နာရပါတယ်။ ဘာလိုလုပ်ရတာလဲ ကိုယ်မေမေ ဖေဖေ အခြေအနေကို ကိုယ်မသိဘူးလား ။ သင် အသိဆုံးဖြစ်သင့်တယ် ။ သင်မေမေ အသုပ်ရောင်းလို သင်ရှက်စရာမလိုပါဘူး သင်ဖေဖေ ဆိုက်ကားဆရာမို့ သင်ရှက်စရာမလိုပါဘူး အကယ်ရ်ျ သင်က သား သမီးမိုက်ဆိုရင် သင်ရှက် ပါ ။ သင်မေမေမကြိုက်တာတွေ တစ်ခုပြီးတစ်ခုလုပ်နေတာကို သင်ရှက်ပါ ။ သင်မေမေ အလုပ်တွေ ကူလုပ်ပေးလို ရယ်နေတဲ့ သူတွေကို ပြောလိုက်ပါ မိဘနဲ့နေခွင့်ရတယ်ဆိုတာ နားလည် လားလို ပြန်မေး လိုက်ပါ။ သင်သာ ဆေးသမား ရောဂါသည် ဖြစ်နေရင် ကာကွယ်ပြီ အားပေးနေတာ သင်မိဘပါ သင့်ရထားတာတွေကို တန်ဖိုးထားပါ။ မေမေဖေဖေမရှိသူတွေ များပါတယ် ။ သူတို့လိုချင်တာကို သင့်ရတယ် ဒါပေမယ့် သင့်က သင်မိဘကို ဘယ်လောက်အချိန်ပေးသလဲ ။သင် မိဘကျေနပ်စေအောင် သင်ဘယ်လောက်လုပ်ပေးသလဲပြန်မေးပါ။ သင်ကိုချစ်သူမထားရဘူးလို မပြောပါဘူး ။ သင် ချစ်နိင်ပါ တယ် သင်ကွဲနေတဲ့ အသည်းကို စိမ်နေတဲ့ အရက်ကို မြင်ရင် သင်မေမေ စိတ်ကောင်းမလား သင် အချစ် တွက် နာကျင်နေတဲ့ချိန် သူမ ဘယ်လိုခံစားနေရမလဲ ။ သင်ေ၇ွးတဲ့ ကြင်ယာဟာ မိဘကိုသိတတ်တဲ့ သူ ဖြစ်အောင်ကြိုးစားပါ။ သင်ပေးပါ ။မိဘကို ညီမျှသောချစ်ခြင်းနဲ့သူမ ဂရုစိုက်တတ်ပြုစုတတ်ပြီး ချစ် နိုင်အောင် သင်ကိုယ်တိုင်လည်း သူမမိဘကို ချစ်ပါ။

From...
Myawady News

မြန်မာပြည်မှမြန်မာလူမျိုး

No comments:

Post a Comment