ဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ် များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစား ငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူး ကြခြင်း ဖြစ်သည်။
ဦးခေါင်းနှစ်လုံးနှင့် ငါးမန်းအချို့ကို မက္ကဆီကိုပင်လယ်အော်တွင် မကြာခဏတွေ့ရှိရာမှ ယင်း ငါးမန်းများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီများ သုတေ သနပြုလေ့လာခဲ့ခြင်း ဖြစ်သည်။ထို့နောက် ဆက်လက်လေ့လာကြရာတွင် မက္ကဆီကန် တံငါသည်တစ်ဦးဖမ်းမိသော သာမန်ငါးမန်းအမတစ်ကောင်၏ ဝမ်းဗိုက်အတွင်းမှ ဦးခေါင်းနှစ်လုံးပါရှိ သည့် ငါးမန်းသန္ဓေသားကို တွေ့ခဲ့ကြပြန်၏။
ယင်း သန္ဓေသားသည် ဦး ခေါင်းနှစ်လုံး၊ နှလုံးနှစ်ခု၊ အစာအိမ်နှစ်ခုစသည်ဖြင့် သီးခြားစီပါရှိပြီး အမြီးပိုင်း တွင်မှသာလျှင် ပူးသွားကာ အမြီးတစ်ခုတည်း ဖြစ်သွားကြောင်း တွေ့ကြရသည်။''ဒါပေမဲ့ အဲဒီခေါင်းနှစ် လုံးနဲ့ ငါးမန်းလေးတွေဟာ မွေးပြီးတာနဲ့ သေသွားကြတယ်ဗျ။ သူတို့ရဲ့ ခန္ဓာဗေဒ ဖွဲ့စည်းပုံ က ခေါင်းနှစ်လုံးအတွက် လိုအပ်တဲ့စွမ်းအင်ကို မဖြည့်စွမ်းနိုင်ကြဘူးဗျ'' ဟု မီချီဂန်ပြည် နယ်တက္ကသိုလ်မှ သုတေသီတွဲဖက်ပါမောက္ခ မိုက်ကယ်ဝက်ဂ်နာက ပြောသည်။ ဦးခေါင်းနှစ်လုံးနှင့် မွေးဖွားလာသည့် သက်ရှိသတ္တဝါမှန်သမျှ မကြာမီအတွင်းတွင် သေဆုံးသွား ကြရခြင်း မှာလည်းအဆိုပါ အ ကြောင်း ရင်းကြောင့်ပင် ဖြစ်ကြောင်း သူကပြောသည်။
Popular Myanmar News Journal

No comments:
Post a Comment