Wednesday, May 22, 2013

မြန်မာအမျိုးသမီး ဘောလုံးအသင်းက အိန္ဒိယအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ

မြန်မာအမျိုးသမီးဘောလုံးအသင်းက အိန္ဒိယကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူ 


ပါလက်စတိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၄ အာရှဖလားခြေစစ်ပွဲ အုပ်စု (ဒီ)အဖွင့် ပွဲစဉ်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းက အိန္ဒိယအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် နော်အားလို ၀ါးဖောနဲ့ ခင်မိုးဝေတို့က သွင်းယူပေးခဲ့တာပါ။ အိန္ဒိယအသင်းက ဘော လုံး ပိုင်ဆိုင်မှု အသာနဲ့ ပွဲချိန်တော်တော်များများ စိုးမိုးနိုင်ခဲ့ပြီး မြန်မာဖက်က တန်ပြန်တိုက် စစ်တွေကို အသုံးပြု ယှဉ်ပြိုင် တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၀က်ဆိုက်မှာ ဖော်ပြထားပါတယ်။ တအုပ်စုတည်းဖြစ်တဲ့  တရုတ် (တိုင် ပေ)က ပါလက်စတိုင်းကို ၆ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြန်မာနဲ့ တိုင်ပေတို့ ရမှတ် ၃ မှတ်ချင်း တူပေမယ့် သွင်းဂိုး ကွာခြားချက်နဲ့ တိုင်ပေက အုပ်စုတွင်းမှာ ဦးဆောင်နေပါတယ်။ မေလ ၂၃ ရက်နေ့မှာ မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း၊ တရုတ် တိုင်ပေက အိန္ဒိယနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပါလက်စတိုင်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၄ အာရှဖလားခြေစစ်ပွဲ အုပ်စု (ဒီ)အဖွင့် ပွဲစဉ်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းက အိန္ဒိယအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ မြန်မာ အသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာတင် နော်အားလို ၀ါးဖောနဲ့ ခင်မိုးဝေတို့က သွင်းယူပေးခဲ့ တာပါ။ အိန္ဒိယအသင်းက ဘော လုံး ပိုင်ဆိုင်မှု အသာနဲ့ ပွဲချိန်တော်တော်များများ စိုးမိုးနိုင် ခဲ့ပြီး မြန်မာဖက်က တန်ပြန်တိုက်စစ်တွေကို အသုံးပြုယှဉ်ပြိုင်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၀က်ဆိုက်မှာ ဖော်ပြ ထား ပါတယ်။ တအုပ်စုတည်းဖြစ်တဲ့ တရုတ် (တိုင် ပေ)က ပါလက်စတိုင်းကို ၆ဂိုးပြတ်နဲ့ အနိုင်ရသွား ပါတယ်။ မြန်မာနဲ့ တိုင်ပေတို့ ရမှတ် ၃ မှတ်ချင်း တူပေမယ့် သွင်းဂိုး ကွာခြားချက်နဲ့ တိုင်ပေက အုပ်စုတွင်းမှာ ဦးဆောင်နေပါတယ်။ မေလ ၂၃ ရက်နေ့မှာ မြန်မာအမျိုးသမီးအသင်းက အိမ်ရှင် ပါလက်စတိုင်း၊ တရုတ် တိုင်ပေက အိန္ဒိယနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

No comments:

Post a Comment