Monday, May 13, 2013

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်

ဆိုင်ကလုန်း မဟာစင်ကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့မှ လူဦးရေသန်းချီ၍ ထိခိုက်မှုများ ကြုံတွေ့ဖွယ်ရှိကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်
( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင်သကဲ့သို့ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံတို့သို့ သက်ရောက်မည် ဖြစ်ကြောင်း accu-weather.com က ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက် ဆိုင်ရာများအား ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို အဓိကသက်ရောက်မည့် ဒေသဟု သတ်မှတ်ထားသည်။ အပူပိုင်းမုန်တိုင်း 01B မဟာစင်ဟု အမည်ပေး မုန်တိုင်း ဖြစ်လာသည့် မေ ၁၁ ရက်မှ လာမည့်ရက် အနည်းငယ်အတွင်း ကုန်းမြေသို့ သက်ရောက်မှု ဖြစ်ပေါ်မည်ဖြစ်ပြီး ၎င်း၏ဦးတည်ရာ လမ်းကြောင်းအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူဦးရေသန်းချီကာ လူမှုဘ၀ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု accu-weather.com ၌ သတင်းထုတ်ပြန် ထားသည်။

မုန်တိုင်းသည် လာမည့် ဗုဒ္ဓဟူးနေ့ (မေ၁၅ ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု ခန့်မှန်းထားသည်။

Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင်မူ ထိခိုက်သက်ရောက်မည့် လူဦးရေ ခန့်မှန်းမှုကို မေလ ၁၁ ရက်နေ့ ညပိုင်းအထိ ၈ ဒသမ ၆ သန်းဟု ဖော်ပြပြီး မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်မူ category 1 အဆင့် သို့မဟုတ် ယင်းထက်မြင့်သော ပြင်းအားဖြင့် ၀င်ရောက်ပါက ထိခိုက်နိုင်ခြေရှိသော လူဦးရေမှာ ၁၃ ဒသမ ၄ သန်းဟု ဖော်ပြထားသည်။

ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၃ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၄ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၅ ရက်နေ့တွင်လည်း category 1 အဆင့် ရှိနိုင်ကာ မေလ ၁၆ ရက်နေ့တွင်မူ category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု Tropical Storm Risk(TSR) က ခန့်မှန်းထားပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပြဆိုထားသည်။

မဟာစင်၏ အမြင့်ဆုံး လေတိုက်နှုန်းများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၇၈ မိုင်ခန့်၊ မေလ ၁၃ ရက် နေ့ မွန်းလွဲပိုင်းတွင် ၈၄ မိုင်ခန့်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင် ၉၀ ခန့်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ မိုင်ခန့်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၁၀၂ မိုင်ခန့်၊ မေလ ၁၇ ရက်နေ့တွင် ၆၆ မိုင်ခန့် ရှိနိုင်သည်ဟု Myanmar Climate Change Watch တွင် ထုတ်ပြန် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင် ဘက်မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်ကြောင်း မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မေ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေ ၁၆ ရက် နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်းငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင်နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကြောင့် အိန္ဒိယနိုင်ငံမြောက် ပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ လူဦးရေသန်းနှင့်ချီကာ ထိခိုက်မှုများ ကြုံတွေ့နိုင် သကဲ့သို့ မြန်မာနိုင်ငံ ပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်လျက်ရှိသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြန်မာနိုင်ငံတို့သို့ သက်ရောက် မည် ဖြစ်ကြောင်း accu-weather.com က ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်း သဘာဝဘေးနှင့် ခန့်မှန်းချက် ဆိုင်ရာများအား ထုတ်ပြန်ပေးနေသည့် Global Disaster Alert and Coordination System ၀က်ဘ်ဆိုက် တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ကို အဓိကသက်ရောက်မည့် ဒေသဟု သတ်မှတ် ထားသည်။ အပူပိုင်းမုန်တိုင်း 01B မဟာစင်ဟု အမည်ပေး မုန်တိုင်း ဖြစ်လာသည့် မေ ၁၁ ရက်မှ လာမည့်ရက် အနည်းငယ်အတွင်း ကုန်းမြေသို့ သက်ရောက်မှု ဖြစ်ပေါ်မည်ဖြစ်ပြီး ၎င်း၏ဦးတည်ရာ လမ်းကြောင်းအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူဦးရေသန်းချီကာ လူမှုဘ၀ ထိခိုက် မှုများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံပင်လျှင် သက်ရောက်မှုများ ကြုံတွေ့နိုင်သည်ဟု accu-weather.com ၌ သတင်းထုတ်ပြန် ထားသည်။

မုန်တိုင်းသည် လာမည့် ဗုဒ္ဓဟူးနေ့ (မေ၁၅ ရက်) တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်မည်ဖြစ်ပြီး မုန်တိုင်းကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ တို့တွင်လည်း သက်ရောက်မှုများ ကြုံတွေ့နိုင် သည်ဟု ခန့်မှန်းထားသည်။

Global Disaster Alert and Coordination System ၀က်ဘ်ဆိုက်တွင်မူ ထိခိုက်သက်ရောက်မည့် လူဦးရေ ခန့်မှန်းမှုကို မေလ ၁၁ ရက်နေ့ ညပိုင်းအထိ ၈ ဒသမ ၆ သန်းဟု ဖော်ပြပြီး မေလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင်မူ category 1 အဆင့် သို့မဟုတ် ယင်းထက်မြင့်သော ပြင်းအားဖြင့် ၀င်ရောက်ပါက ထိခိုက်နိုင်ခြေရှိသော လူဦးရေမှာ ၁၃ ဒသမ ၄ သန်းဟု ဖော်ပြထားသည်။

ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၃ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၄ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၅ ရက်နေ့တွင်လည်း category 1 အဆင့် ရှိနိုင်ကာ မေလ ၁၆ ရက်နေ့တွင်မူ category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု Tropical Storm Risk(TSR) က ခန့်မှန်း ထားပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဟု ပြဆိုထားသည်။

မဟာစင်၏ အမြင့်ဆုံး လေတိုက်နှုန်းများသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တစ်နာရီလျှင် ၇၈ မိုင်ခန့်၊ မေလ ၁၃ ရက် နေ့ မွန်းလွဲပိုင်းတွင် ၈၄ မိုင်ခန့်၊ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မိုင် ၉၀ ခန့်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ၉၆ မိုင်ခန့်၊ မေလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ၁၀၂ မိုင်ခန့်၊ မေလ ၁၇ ရက်နေ့တွင် ၆၆ မိုင်ခန့် ရှိနိုင်သည်ဟု Myanmar Climate Change Watch တွင် ထုတ်ပြန် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်း မုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့် သို့ ရောက် ရှိလာခြင်းဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားသည်။

မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင် ဘက်မိုင် ၄၃၀ ခန့်အကွာ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက်မိုင် ၄၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင် ၅၀ မှ ၆၀ အထိ ရှိနိုင်ကြောင်း မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက သိရှိရသည်။

ဆိုင်ကလုန်း မဟာစင်သည် လာမည့် ၂၄ နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်းလည်း သတိပေးချက် ထုတ်ပြန်ထားသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာ ရှိသော်လည်း မေ ၁၃ ရက် မွန်းလွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်သို့ ကွေ့လျက် မေ ၁၆ ရက် နံနက်ပိုင်းခန့်တွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများသို့ ဖြတ်ကျော် ၀င်ရောက်နိုင်သည်ဟု မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ မုန်တိုင်းငါးနှစ်ဆက်တိုက် သက်ရောက်သော နိုင်ငံဖြစ်လာခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာ၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်၊ ၂၀၀၈ ခုနှစ်တွင်နာဂစ်၊ ၂၀၀၉ ခုနှစ်တွင် ဘစ်ဂ်ျလီ၊ ၂၀၁၀ ပြည့်နှစ်တွင် ဂီရိတို့ဖြစ်သည်။ ယင်းအနက် နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ၏ သမိုင်းတွင် အသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ကာ ကမ္ဘာပေါ်တွင် ဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သော သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များတွင်လည်း ပါဝင်လာခဲ့ကြောင်း သိရသည်။
From...Eleven Media Group

No comments:

Post a Comment