Monday, May 13, 2013

ခရမ်း ချဉ် သီးက ဘာတွေ ကောင်း ကျိုးပေး သလဲ

Photo: ခရမ်းချဉ်သီးက ဘာတွေ ကောင်းကျိုးပေးသလဲ

မေလ ၁၃ ရက် ၂၀၁၃ 

ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရပါတယ်။ ဗီတာ မင်စီတွေကြွယ်ဝနေတာကြောင့် သင့်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါ တယ်။ အခြားဗီတာမင်တွေ၊ မက်ဂနီ ဆီယမ်၊ ဖော့စဖရပ်နဲ့ ကော့ပါဓာတ် တွေလဲ ပါဝင်ပါတယ်။ ဒါကြောင့် အသုပ်တွေ၊ ဆင်းဒ၀စ်တွေနဲ့ ဟင်းလျာတွေမှာ အသုံးများကြတာ ဖြစ်ပါ တယ်။

ခရမ်းချဉ်သီးမှာ ကျန်းမာရေးအကျိုးပြုအာနိသင်တွေ ဘယ်လိုပါဝင် သလဲဆိုတာ ပြောပြလိုပါတယ်။
- ခရမ်းချဉ်သီးဟာ ကိုလက်စတီရော များနေခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံး ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

- ဓာတ်တိုးဆန့်ကျင်ပစ္စည်း လူကိုပင်း ပါဝင်နေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေး နိုင်ပါတယ်။ ကိုယ်ခန္ဓာကလွယ်လွယ် ကူကူစုပ်ယူနိုင်ပြီး အရေပြားနဲ့ ဆံပင် အလှကို ပေးစွမ်းနိုင်ပါတယ်။
- ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ကြွယ်ဝစွာပါဝင်နေတဲ့အတွက် ကိုယ်ခန္ဓာအနှံ့အပြားက ဆဲလ်တွေရဲ့ ဒီအင်အေကို ကာကွယ်ပေးနိုင်ပါ တယ်။
- ဗီတာမင်ကေနဲ့ ကယ်လစီယမ်ဓာတ် တွေ ပါဝင်တဲ့အတွက် အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။

- လူကိုပင်းပါဝင်နေခြင်းဟာ ကင်ဆာရောဂါများဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ် ပေးနိုင်ပါတယ်။
- ခရမ်းချဉ်သီးဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
- အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

သက်ကို 
Ref: medIndia

Health Updates Journal
ခရမ်းချဉ်သီးဆိုတာဟာ လူမျိုး၊ ဘာသာမရွေး စားသုံးလို့ရတဲ့ အသုံးများဟင်းသီးဟင်းရွက် တစ်မျိုးဖြစ် ပါတယ်။ ဟင်းသီးဟင်းရွက်လို့ ခေါ်ပေမယ့်လည်း အချဉ်ဓာတ်ကဲတဲ့ သစ်သီး တစ်မျိုးလို့ယူဆလို့ရ ပါတယ်။
 ဗီတာမင်စီတွေကြွယ်ဝနေတာကြောင့် သင့်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ အခြားဗီတာမင်တွေ၊ မက်ဂနီ ဆီယမ်၊ ဖော့စဖရပ်နဲ့ ကော့ပါဓာတ် တွေလဲ ပါဝင်ပါတယ်။ ဒါကြောင့် အသုပ်တွေ၊ ဆင်းဒ၀စ်တွေ နဲ့ ဟင်းလျာတွေမှာ အသုံးများကြတာ ဖြစ်ပါတယ်။

ခရမ်းချဉ်သီးမှာ ကျန်းမာရေးအကျိုးပြုအာနိသင်တွေ ဘယ်လိုပါဝင် သလဲဆိုတာ ပြောပြလိုပါတယ်။ ခရမ်း ချဉ်သီးဟာ ကိုလက်စတီရော များနေခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံး ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်း လူကိုပင်း ပါဝင်နေတဲ့အတွက် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကလွယ်လွယ် ကူကူစုပ်ယူနိုင်ပြီး အရေပြားနဲ့ ဆံပင်အလှကို ပေး စွမ်းနိုင်ပါတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အေတွေ ကြွယ်ဝစွာပါဝင်နေတဲ့အတွက် ကိုယ်ခန္ဓာအနှံ့အပြားက ဆဲလ်တွေရဲ့ ဒီအင်အေကို ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ကေနဲ့ ကယ်လစီယမ်ဓာတ်တွေ ပါဝင်တဲ့ အတွက် အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။

- လူကိုပင်းပါဝင်နေခြင်းဟာ ကင်ဆာရောဂါများဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ အစာ အိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေကို ကာကွယ် ပေးနိုင်ပါတယ်။  ခရမ်းချဉ်သီး ဟာ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အမြင်အာရုံကို တိုးတက်စေနိုင်ပါတယ်။

သက်ကို
Ref: medIndia
Health Updates Journal

No comments:

Post a Comment