Monday, May 13, 2013

အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး

Photo: အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သည့်အတွက် စီးပွားရေးလုပ်ငန်း အချို့မှအပ အများစု L/C ဖွင့်ခွင့် မရရှိသေး

အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့လိုက်သောကြောင့် ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ လုပ်ငန်းရှင်များနှင့် ဘဏ်များကိုသာ နားလည်မှုနှင့် case by case ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။

''LC ကတော့ အမှန်အတိုင်း ပြောရရင် ပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အကျိုးရှိတယ် ဆိုပေမဲ့ sanction လွတ်မှပဲ သူ့ကိုအပြည့်အ၀ အသုံးချခွင့်ရမှာပါ။ ဒါကြောင့် export မှာတော့ လောလောဆယ် TT နဲ့ပဲသွားနေတာ များပါတယ်။ TT နဲ့ ပို့ရတာကျတော့ လုပ်ငန်းရှင်ကို နှစ်ရင်းရင်းခိုင်းသလို ဖြစ်တယ်။ အခု L/C စနစ်ကို ပြောင်းနိုင်ရင် ဒါတွေမလိုတော့ဘူး။ ဒါကြောင့် အမေရိကန်အပေါ်မှာပဲ မူတည်နေပါတယ်။ အားလုံး ဒီအကျိုးကျေးဇူးကို ရဖို့ကျတော့ totally relax ဖြစ်မှပဲရမှာပါ။ တစ်ခါတုန်းကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ခွင့်ပြုပေးတယ်လို့ သူတို့ဘက်က ကြေညာထားပေမဲ့ အခုထိတော့ အရင်တုန်းက ပုံစံအတိုင်း သွားနေရတုန်းပါပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေးဖြစ်သူ ဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။

ယင်းကဲ့သို့ စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းတိုးလိုက်သော်လည်း အမေရိကန် အစိုးရအနေဖြင့် ပြည်တွင်းရှိ ဘဏ်လေးဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် (MEB)၊ Myanmar Investment and commercial Bank၊ Asia Green Development Bank (AGD) နှင့် ဧရာဝတီဘဏ်တို့အား ကန့်သတ်မှုများကို ဖယ်ရှားပေးထားကြောင်းလည်း သိရသည်။

''အမေရိကန်က မြန်မာနိုင်ငံအပေါ် sanction နဲ့ ပတ်သက်ပြီး သိပ်ပြီး မတင်းကြပ်တော့ပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင် အများစုကတော့ L/C နဲ့ မသွားနိုင်ကြသေးပါဘူး။ ဒါကြောင့် export မှာ TT ကို သုံးနေကြတုန်းပါပဲ။ ဒီလို TT သုံးတာကလည်း ကိုယ့်နိုင်ငံက ကုန်သည်တွေ မနစ်နာဖို့ပါ။ အလိမ်မခံရအောင် ပို့ခိုင်းတဲ့သဘောပါ။ ဒါပေမဲ့ တကယ်တမ်းကြတော့လည်း သူတို့ကိုယ်တိုင် မထည့်ကြပါဘူး။ ဥပမာ အမေရိကန်က sanction လုပ်ထားတဲ့တောက်လျောက် မြန်မာနိုင်ငံက MFTB နဲ့ စင်ကာပူက UOB ( United Oversee Bank) နဲ့ OCBC(Oversea China Bank) ကနေတဆင့် ဆောင်ရွက်ကြတာ များတယ်။ ဥပမာ မြန်မာကပဲ ရောင်းတယ်ဆိုပါတော့ TT နဲ့ အိန္ဒိယကို ပို့တဲ့အခါ မြန်မာလုပ်ငန်းရှင်ကိုယ်တိုင် မထည့်ပါဘူး။ စင်ကာပူက ပွဲစားကုမ္ပဏီတွေပဲ ၀င်ထည့်ပေးသွားတာ။ ဒီအတွက် ပွဲစားခကုန်တာတွေတော့ ရှိပါတယ်။ ဖြစ်နိုင်ရင် LC ကို ကုန်သည်တိုင်းဖွင့်လို့ ရရင်တော့ ပိုကောင်းတာပေါ့'' ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံအနေနှင့်မူ လတ်တလော အခြေအနေတွင် အခြားနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အခက်အခဲများများ မရှိတော့ကြောင်း၊ အီးယူငွေကြေးသုံး ကုန်သွယ်မှုများနှင့် အခြားငွေကြေးသုံး ကုန်သွယ်မှုများ အဆင်ပြေကြောင်းလည်း သိရှိရသည်။

'' အချို့လုပ်ငန်းတွေက သူ့နည်းသူ့ဟန်နဲ့ သူလုပ်လို့ရနေတာရှိတယ်။ ဘဏ်တွေထဲမှာလည်း လုပ်ရဲတဲ့ ဘဏ်တွေရှိတယ်။ နိုင်ငံထဲမှာလဲ လက်ခံတဲ့ နားလည်မှုနဲ့ လက်ခံပေးတဲ့ နိုင်ငံလည်း ရှိတယ်။ ဥပမာ ဂျပန်ဆို မရသေးဘူး၊ ဒါမျိုးလည်းရှိတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အမေရိကန်အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံအပေါ် ဖြေလျော့ပေးမှုများ လုပ်နေသော်လည်း အလုံးစုံ ဖြေလျော့ပေးနေသော အနေအထားမျိုး မဟုတ်ဘဲ case by case သာ နားလည်မှုနှင့် ဖြေလျော့ပေးနေကြောင်း သိရှိရသည်။ ယခုအကြိမ် အမေရိကန်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြန်လည် revise ပြုလုပ်ထားပြီး ဆိုင်းငံ့ပေးခဲ့သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် targeted sanctions ကို ပြီးခဲ့သည့် ၂၀၁၃ မတ်လ နှစ်ရက်နေ့တွင် ထပ်မံသက်တမ်း တိုးလိုက်ကြောင်း၊ အဆိုပါ sanctions မှာ ယခင်စစ်အစိုးရ အပါအ၀င် စစ်အစိုးရနှင့် နီးစပ်ပတ်သက်သူများအား ရည်ရွယ်ခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ စိစစ်မှုများ ပြုလုပ်ပြီး ဖြေလျော့ပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် လက်ရှိမြန်မာအစိုးရမှ ပေးထားသော ကတိက၀တ်များကို မလိုက်နာနိုင်ပါက စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ချမှတ်နိုင်သော ပြဋ္ဌန်းသတ်မှတ်ချက်များလည်း ပါဝင်ကြောင်း သိရသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံကြား၊ ယခုအခါ ပိုမိုနွေးထွေးသော ဆက်ဆံမှုများ ရှိသော်လည်း မြန်မာနိုင်ငံအား သတိထား စောင့်ကြည့်သွားမည်ဖြစ်ပြီး အီးယူနိုင်ငံများကဲ့သို့ အလုံးစုံ ဖြေလျော့ပေးသွားမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့သော အနေအထားများကြောင့် လတ်တလောတွင် စီးပွားရေးပိတ်ဆို့မှုကို အလုံးစုံဖွင့်ပေးခြင်းမျိုး မဟုတ်ဘဲ နားလည်မှုနှင့်သာ case by case ခွင့်ပြုပေးသွားနိုင်သေးကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ်
ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်း တစ်ခုဖြစ်သည့် သီလ၀ါဆိပ်ကမ်းကို တွေ့ရစဉ်
အမေရိကန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ပင်မှုကို တစ်နှစ်ထပ်မံ ဆိုင်းငံ့ လိုက်သောကြောင့် ပြည်ပတင်ပို့သော လုပ်ငန်းရှင်များအားလုံး L/C ဖွင့်ခွင့်မရဘဲ အချို့သာ လုပ်ငန်း ရှင်များနှင့် ဘဏ်များကိုသာနားလည်မှုနှင့် case by case ခွင့်ပြုပေးနေသည့် အဆင့်လောက်သာ ရှိသေးကြောင်း သတင်းရရှိပါသည်။
''LC ကတော့ အမှန်အတိုင်း ပြောရရင် ပို့ကုန်လုပ်ငန်းရှင်တွေ အတွက် အကျိုးရှိတယ် ဆိုပေမဲ့ sanction လွတ်မှပဲ သူ့ကိုအပြည့်အ၀ အသုံးချခွင့်ရမှာပါ။ ဒါကြောင့် export မှာတော့ လောလောဆယ် TT နဲ့ပဲ သွားနေတာ များပါတယ်။ TT နဲ့ ပို့ရတာကျတော့ လုပ်ငန်းရှင်ကို နှစ်ရင်းရင်းခိုင်းသလို ဖြစ်တယ်။ အခု L/C စနစ်ကို ပြောင်းနိုင်ရင် ဒါတွေမလိုတော့ဘူး။ ဒါကြောင့် အမေရိကန်အပေါ်မှာပဲ မူတည်နေပါတယ်။ အားလုံး ဒီအကျိုးကျေးဇူးကို ရဖို့ကျတော့ totally relax ဖြစ်မှပဲရမှာပါ။ တစ်ခါတုန်းကတော့ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ခွင့်ပြုပေးတယ်လို့ သူတို့ဘက်က ကြေညာထားပေမဲ့ အခုထိတော့ အရင်တုန်းက ပုံစံအတိုင်း သွားနေရတုန်းပါပဲ'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြံပေးဖြစ် သူ ဒေါက်တာမောင်အောင်က ပြောပြခဲ့သည်။

ယင်းကဲ့သို့ စီးပွားရေးပိတ်ဆို့မှုကို သက်တမ်းတိုးလိုက်သော်လည်း အမေရိကန် အစိုးရအနေဖြင့် ပြည်တွင်းရှိ ဘဏ်လေးဘဏ်ဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ် (MEB)၊ Myanmar Investment and commercial Bank၊ Asia Green Development Bank (AGD) နှင့် ဧရာဝတီဘဏ်တို့အား ကန့်သတ်မှုများကို ဖယ်ရှားပေးထားကြောင်းလည်း သိရသည်။

''အမေရိကန်က မြန်မာနိုင်ငံအပေါ် sanction နဲ့ ပတ်သက်ပြီး သိပ်ပြီး မတင်းကြပ်တော့ပေမဲ့ ပြည်တွင်းက လုပ်ငန်းရှင် အများစုကတော့ L/C နဲ့ မသွားနိုင်ကြသေးပါဘူး။ ဒါကြောင့် export မှာ TT ကို သုံးနေကြ တုန်းပါပဲ။ ဒီလို TT သုံးတာကလည်း ကိုယ့်နိုင်ငံက ကုန်သည်တွေ မနစ်နာဖို့ပါ။ အလိမ်မခံရအောင် ပို့ခိုင်းတဲ့သဘောပါ။ ဒါပေမဲ့ တကယ်တမ်းကြတော့လည်း သူတို့ကိုယ်တိုင် မထည့်ကြပါဘူး။ ဥပမာ အမေရိကန်က sanction လုပ်ထားတဲ့တောက်လျောက် မြန်မာနိုင်ငံက MFTB နဲ့ စင်ကာပူက UOB ( United Oversee Bank) နဲ့ OCBC(Oversea China Bank) ကနေတဆင့် ဆောင်ရွက်ကြတာ များတယ်။ ဥပမာ မြန်မာကပဲ ရောင်းတယ်ဆိုပါတော့ TT နဲ့ အိန္ဒိယကို ပို့တဲ့အခါ မြန်မာလုပ်ငန်းရှင်ကိုယ်တိုင် မထည့်ပါဘူး။ စင်ကာပူက ပွဲစားကုမ္ပဏီတွေပဲ ၀င်ထည့်ပေးသွားတာ။ ဒီအတွက် ပွဲစားခကုန်တာတွေတော့ ရှိပါတယ်။ ဖြစ်နိုင်ရင် LC ကို ကုန်သည်တိုင်းဖွင့်လို့ ရရင်တော့ ပိုကောင်းတာပေါ့'' ဟု ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံအနေနှင့်မူ လတ်တလော အခြေအနေတွင် အခြားနိုင်ငံများနှင့် ကုန်သွယ်ရာတွင် အခက်အခဲ များများ မရှိတော့ကြောင်း၊ အီးယူငွေကြေးသုံး ကုန်သွယ်မှုများနှင့် အခြားငွေကြေးသုံး ကုန်သွယ်မှုများ အဆင်ပြေကြောင်းလည်း သိရှိရသည်။

'' အချို့လုပ်ငန်းတွေက သူ့နည်းသူ့ဟန်နဲ့ သူလုပ်လို့ရနေတာရှိတယ်။ ဘဏ်တွေထဲမှာလည်း လုပ်ရဲတဲ့ ဘဏ်တွေရှိတယ်။ နိုင်ငံထဲမှာလဲ လက်ခံတဲ့ နားလည်မှုနဲ့ လက်ခံပေးတဲ့ နိုင်ငံလည်း ရှိတယ်။ ဥပမာ ဂျပန်ဆို မရသေးဘူး၊ ဒါမျိုးလည်းရှိတယ်'' ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

အမေရိကန်အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြောင်းလဲမှု များကြောင့် မြန်မာနိုင်ငံ အပေါ် ဖြေလျော့ပေးမှုများ လုပ်နေသော်လည်း အလုံးစုံ ဖြေလျော့ပေးနေသော အနေအထားမျိုး မဟုတ်ဘဲ case by case သာနားလည်မှုနှင့် ဖြေလျော့ပေးနေကြောင်း သိရှိရသည်။ ယခုအကြိမ် အမေရိကန် အနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပြန်လည် revise ပြုလုပ်ထားပြီး ဆိုင်းငံ့ပေး ခဲ့သော မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် targeted sanctions ကို ပြီးခဲ့သည့် ၂၀၁၃ မတ်လ နှစ်ရက်နေ့တွင် ထပ်မံသက်တမ်း တိုးလိုက်ကြောင်း၊ အဆိုပါ sanctions မှာ ယခင်စစ်အစိုးရ အပါအ၀င် စစ်အစိုးရနှင့် နီးစပ် ပတ်သက် သူများအား ရည်ရွယ်ခြင်း ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ စိစစ်မှု များ ပြု လုပ်ပြီး ဖြေလျော့ပေးနိုင်သော် လည်း အခြားတစ်ဖက်တွင် လက်ရှိမြန်မာအစိုးရမှ ပေးထားသော ကတိက၀တ်များကို မလိုက်နာနိုင်ပါက စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ချမှတ်နိုင်သော ပြဋ္ဌန်းသတ်မှတ်ချက်များလည်း ပါဝင်ကြောင်း သိရသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံကြား၊ ယခုအခါ ပိုမိုနွေးထွေးသော ဆက်ဆံမှုများ ရှိသော်လည်း မြန်မာနိုင်ငံအား သတိထား စောင့်ကြည့်သွားမည်ဖြစ်ပြီး အီးယူနိုင်ငံများကဲ့သို့ အလုံးစုံ ဖြေလျော့ပေးသွားမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့သော အနေအထားများကြောင့် လတ်တလောတွင် စီးပွားရေးပိတ်ဆို့မှုကို အလုံးစုံဖွင့်ပေးခြင်းမျိုး မဟုတ်ဘဲ နားလည်မှုနှင့်သာ case by case ခွင့်ပြုပေးသွားနိုင်သေးကြောင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
From....Eleven

No comments:

Post a Comment