Monday, May 13, 2013

စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ

Photo: စည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ကျပ်သိန်း ၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရ

ည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန် မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံစပေါ်ငွေမှ နုတ်ယူခံရကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်စဉ်က ပေ ၁၀၀ နှင့် အထက် မဏ္ဍပ်ကြီး တစ်ခုလျင် ကျပ်၇၅ သိန်းခန့်၊ ပေ ၁၀၀ အောက် မဏ္ဍပ်အလတ် တစ်ခုလျင် ကျပ် ၄၅ သိန်း အာမခံစပေါ်ငွေအဖြစ် ပေးသွင်းခဲ့ရပြီး အဆိုပါ စပေါ်ငွေများကို မေ ၁၃ ရက်မှသာ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေများကို သင်္ကြန်အပြီးကာလ အစိုးရရုံးများ ပြန်လည်ဖွင့်ချိန်တွင် ချက်ချင်းထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ စည်းကမ်းဖောက်ဖျက်သော မဏ္ဍပ်များရှိမရှိ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှဓာတ်ပုံ မှတ်တမ်းနှင့်ဗီဒီယိုများကိုပြန်လည် ကြည့်ရှုကာ သုံးသပ်စိစစ်ခဲ့သည်။

ထိုသုံးသပ်ချက်များ အပေါ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ စိစစ်နိုင်ရန် ဆက်လက် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ချက်များ ပြန်လည်ကျမှသာ အာမခံ စပေါ်ငွေများကို မေ ၁၃ ရက်မှ ပြန်ထုတ်ခွင့်ရမည် ဖြစ်သည်။

အာမခံစပေါ်ငွေများပြန်လည် ထုတ်ယူခွင့် ရရှိသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ပြည်လမ်း၊ ပါရမီလမ်းများပေါ်ရှိ မဏ္ဍပ်အတော်များများမှာ သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခြင်းကြောင့် ဒဏ်ကြေးငွေ အများအပြား ပေးဆောင်ရကြောင်း၊ မဏ္ဍပ်အချို့မှာ ဒဏ်ကြေးအဖြစ် ငွေကျပ်သိန်း ၅၀ ကျော် အထိ ပေးဆောင်ရမှုများပင်ရှိကြောင်း သိရသည်။ ယင်းငွေများကို အာမခံစပေါ်ငွေမှ နုတ်ယူခံရမည်ဟု သိရသည်။

ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ မီရှယ် ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်းသွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေးငွေကျပ် ၁၂၃၉၀၀၀နှင့် သတ်မှတ်မဏ္ဍပ် အရွယ်အစားထက် ပိုမိုဆောက်လုပ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကျပ်၂၅၀၀၀၀၀၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဖော်ပြခြင်း မရှိခဲ့၍ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ်ရှစ်သိန်း၊ စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၅ သိန်းကျော် ပေးဆောင်ရမည်ဖြစ်သည်။

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ရွှေဝါဖူး ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်း သွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေး ငွေကျပ် ၂၂၂၀၀၀၊ သတ်မှတ်ရေပိုက်ထက် ပိုသွယ်သည် ဟုဆိုကာ ရေသန့်ဌာနသို့ ငွေကျပ် ကိုးသိန်း၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ်ဖုန်းနံပါတ်များ ဖော်ပြခြင်းမရှိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်တွင် လင့်စင်ထိုးခြင်းကြောင့် ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ် ၁၀ သိန်း၊ စီစီတီဗီ ကင်မရာအတွက် ကျပ် ၁၀ သိန်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၁ သိန်းကျော် နုတ်ယူခံရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

အချို့မဏ္ဍပ်များမှာလည်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၄၆ သိန်းကျော်၊ သိန်း ၄၀ ကျော်၊ ၃၉ သိန်းကျော်၊ ၃၇ သိန်းကျော်၊ ၂၈ သိန်းကျော်၊ ၂၆ သိန်းကျော်၊ ၂၂ သိန်းကျော်၊ ၁၈သိန်းကျော် စသည်ဖြင့် ပေးဆောင်ခဲ့ရပြီး အနည်းဆုံး ပေးဆောင်ရသည့် ဒဏ်ကြေးငွေမှာ ကျပ်နှစ်သိန်းကျော်ဖြစ်ပြီး မဏ္ဍပ် များအားလုံး စုစုပေါင်းဒဏ်ကြေးငွေအဖြစ် ဖြတ်ယူခံရမှုမှာ ကျပ် သိန်းပေါင်း ၈၆၀ ကျော်ဖြစ်သည်ဟု သိရသည်။     

ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း
ယခုနှစ်သင်္ကြန်မတိုင်မီ ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်များဆောက်လုပ်ခဲ့သည့်မြင်ကွင်း
ည်းကမ်းဖောက်ဖျက်သော ရန်ကုန်သင်္ကြန်မဏ္ဍပ်များ သိန်း၅၀ ကျော်အထိ အာမခံ စပေါ်ငွေ မှ နုတ်ယူ ခံရကြောင်း သိရသည်။

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်စဉ်က ပေ ၁၀၀ နှင့် အထက် မဏ္ဍပ်ကြီး တစ်ခုလျင် ကျပ်၇၅ သိန်းခန့်၊ ပေ ၁၀၀ အောက် မဏ္ဍပ်အလတ် တစ်ခုလျင် ကျပ် ၄၅ သိန်း အာမခံစပေါ်ငွေအဖြစ် ပေးသွင်းခဲ့ရပြီး အဆိုပါ စပေါ်ငွေများကို မေ ၁၃ ရက်မှသာ ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

ပြီးခဲ့သည့်နှစ်များက သင်္ကြန်မဏ္ဍပ် အာမခံစပေါ်ငွေများကို သင်္ကြန်အပြီးကာလ အစိုးရရုံးများ ပြန်လည် ဖွင့်ချိန်တွင် ချက်ချင်းထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ စည်းကမ်းဖောက်ဖျက်သော မဏ္ဍပ်များရှိမရှိ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီမှဓာတ်ပုံ မှတ်တမ်းနှင့်ဗီဒီယိုများကိုပြန်လည် ကြည့်ရှုကာ သုံးသပ်စိစစ်ခဲ့သည်။

ထိုသုံးသပ်ချက်များ အပေါ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ စိစစ်နိုင်ရန် ဆက်လက် တင်ပြ ခဲ့ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ချက်များ ပြန်လည်ကျမှသာ အာမခံ စပေါ်ငွေ များကို မေ ၁၃ ရက်မှ ပြန်ထုတ်ခွင့်ရမည် ဖြစ်သည်။

အာမခံစပေါ်ငွေများပြန်လည် ထုတ်ယူခွင့် ရရှိသော်လည်း ကန်တော်ကြီး ကန်ပတ်လမ်း၊ ကမ္ဘာအေး စေတီ လမ်း၊ ပြည်လမ်း၊ ပါရမီလမ်းများပေါ်ရှိ မဏ္ဍပ်အတော်များများမှာ သတ်မှတ် စည်းကမ်း ချက်များ ဖောက် ဖျက်ခြင်းကြောင့် ဒဏ်ကြေးငွေ အများအပြား ပေးဆောင်ရကြောင်း၊ မဏ္ဍပ်အချို့မှာ ဒဏ်ကြေးအဖြစ် ငွေ ကျပ်သိန်း ၅၀ ကျော် အထိ ပေးဆောင်ရမှုများပင်ရှိကြောင်း သိရသည်။ ယင်းငွေများကို အာမခံစပေါ်ငွေ မှ နုတ်ယူခံရမည်ဟု သိရသည်။

ကမ္ဘာအေးစေတီ လမ်းပေါ်ရှိ မီရှယ် ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်းသွင်းထားခဲ့ပြီး ယင်း မဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေးငွေကျပ် ၁၂၃၉၀၀၀နှင့် သတ်မှတ်မဏ္ဍပ် အရွယ်အစားထက် ပိုမိုဆောက် လုပ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ကျပ်၂၅၀၀၀၀၀၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ် ဖုန်းနံပါတ်များ ဖော်ပြခြင်း မရှိခဲ့၍ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ်ရှစ်သိန်း၊ စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၅ သိန်းကျော် ပေးဆောင်ရမည်ဖြစ်သည်။

ကမ္ဘာအေးစေတီလမ်းပေါ်ရှိ ရွှေဝါဖူး ရေကစားမဏ္ဍပ်မှာ အာမခံ စပေါ်ငွေကျပ် ၇၅ သိန်း သွင်းထားခဲ့ပြီး ယင်းမဏ္ဍပ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်ဌာန၏ မြက်ခင်းများ၊ ပန်းပင်များ ပျက်စီးသည့်အတွက် လျော်ကြေး ငွေကျပ် ၂၂၂၀၀၀၊ သတ်မှတ်ရေပိုက်ထက် ပိုသွယ်သည် ဟုဆိုကာ ရေသန့်ဌာနသို့ ငွေကျပ် ကိုးသိန်း၊ မဏ္ဍပ်တွင် မဏ္ဍပ်တာဝန်ရှိသူ ပုဂ္ဂိုလ်ဖုန်း နံပါတ်များ ဖော်ပြခြင်း မရှိခဲ့၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်တွင် လင့်စင် ထိုးခြင်းကြောင့် ငွေကျပ် ၁၀ သိန်း၊ မဏ္ဍပ်အမည် ကိုက်ညီမှုမရှိ၍ ငွေကျပ် ၁၀ သိန်း၊ စီစီတီဗီ ကင်မရာ အတွက် ကျပ် ၁၀ သိန်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၅၁ သိန်းကျော် နုတ်ယူခံရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ကြေညာချက်အရ သိရသည်။

အချို့မဏ္ဍပ်များမှာလည်း စုစုပေါင်း ဒဏ်ကြေးငွေကျပ် ၄၆ သိန်းကျော်၊ သိန်း ၄၀ ကျော်၊ ၃၉ သိန်းကျော်၊ ၃၇ သိန်းကျော်၊ ၂၈ သိန်းကျော်၊ ၂၆ သိန်းကျော်၊ ၂၂ သိန်းကျော်၊ ၁၈သိန်းကျော် စသည်ဖြင့် ပေးဆောင်ခဲ့ရပြီး အနည်းဆုံး ပေးဆောင်ရသည့် ဒဏ်ကြေးငွေမှာ ကျပ်နှစ်သိန်းကျော်ဖြစ်ပြီး မဏ္ဍပ် များအားလုံး စုစုပေါင်း ဒဏ်ကြေးငွေအဖြစ် ဖြတ်ယူခံရမှုမှာ ကျပ် သိန်းပေါင်း ၈၆၀ ကျော်ဖြစ်သည်ဟု သိရသည်။ 
From....Eleven

No comments:

Post a Comment