Monday, May 13, 2013

မုန်တိုင်း အန္တရာယ်အရောင်သတ်မှတ်ချက်များ

မိုးလေ၀သတင်းများမှာ ဖော်ပြနေတဲ့ အရောင်သတ်မှတ်ချက်များနဲ့ ပတ်သက်ပြီး အကျဉ်း ချုပ် ဖော်ပြ ပေးလိုက်ပါတယ်။
၁။ အဝါရောင်အရေးပေါ်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ မုန်တိုင်းစတင်ြ ဖစ်ပေါ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ မုန်တိုင်း သတင်း များကို တစ်နာရီလျှင် နှစ်ကြိမ် အနည်းဆုံးထုတ်လွှင့်ပေးရပါတယ်။
၂။ လိမ္မော်ရောင်အရေးပေါ်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွှေ့လျားပြီဆိုတာ သေချာ တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီအခြေအနေမှာ မုန်တိုင်းသတင်းများကို အနည်းဆုံးတစ်နာရီလျှင် သုံးကြိမ် က နေ လေးကြိမ်အထိ၊ လိုအပ်ရင် အချိန်နဲ့ တပြေးညီ ကြားဖြတ်သတင်းများ ထုတ်လွှင့် ပေးရ ပါတယ်။
၃။ အနီရောင် အရေးပေါ်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်းကို မဖြတ်ကျော်မီ ၂ နာရီအလိုဖြစ် ပါတယ်။ ဒီ အခြေအနေမှာ မုန်တိုင်းသတင်းကို တစ်နာရီ ၃ ကြိမ်ကနေ ၆ ကြိမ်ထိ ၊ လိုအပ်ရင် အချိန်နဲ့တပြေးညီ ကြာြး ဖတ် သတင်းများထုတ်လွှင့်ပေးရပါတယ်။
၎။ အညိုရောင်အရေးပေါ်အခြေအနေ။ မြန်မာ့ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ချိန်ဖြစ်ပါတယ်။ အနီရောင် တုံးကအတိုင်းပဲ ဆက်လက်ထုတ်လွှင့်ပေးရပါတယ်။
၅။ အစိးမ်းရောင်အခြေအနေ။ မုန်တိုင်းအားပျော့သွားပြီး အန္တရာယ်ကင်းရှင်းသွားတဲ့အခြေအနေဖြစ် ပါတယ်။
ကျွန်တော်ပြောတာက ပြန်ကြားရေးဝန်ကြီးဌာနကလုပ်ရမယ့်လုပ်ငန်းအချို့ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ အရေးပေါ် အခြေအနေအဆင့်အပေါ်မူတည်ပြီး ဌာနအလိုက်ဆောင်ရွက်ရမယ့်လုပ်ငန်းများ၊ ပြည်သူ များ ကလုပ်ေ ဆာင်ရမယ့်လုပ်ငန်းများကို သတ်မှတ်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ဧရာဝတီနဲ့ ရခိုင်ပြည်နယ်များမှာ လေ့ကျင့်မှုအချို့ပြုလုပ်ခဲ့တာရှိပါတယ်။
အခုမုန်တိုင်းကလည်း အဝါရောင်အဆင့်ရောက်လာပြီဖြစ်တဲ့အတွက် ဒေသလိုက် ကြိုတင် ကာကွယ်ရေး လုပ်ငန်း များ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
မန္တလေးမြို့မှာ ခေတ္တရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတကြီးကလည်း မုန်တိုင်းအန္တရာယ်ကြိုတင် ကာ ကွယ်ရေးလုပ်ငန်းများစနစ်တကျဆောင်ရွက်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည် နယ်အစိုးရများကို ညွှန်ကြားလျှက်ရှိပါတယ်။
ဦးရဲထွဋ်
From...OppositeEyE

No comments:

Post a Comment