Sunday, June 9, 2013

နောက်ကွယ်မှ ကြိုးကိုင်မှု များကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို ရင်ဆိုင်နေရ

bangalis-june9

နောက်ကွယ်မှ ကြိုးကိုင်မှုများကြောင့် ပြန်လည်နေရာ ချထားရေး ကိစ္စများတွင် ဘင်္ဂါလီများ၏ ငြင်းဆန်မှုကို မကြာခဏ ရင်ဆိုင်နေရပြီး လုပ်ငန်းများ အောင်မြင်မှု မရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်တွေမြို့နယ် အတွင်းသို့ ရောက်ရှိနေသော ဘင်္ဂါလီများအား ယခင်နေထိုင်ခဲ့သော မြို့နယ်များ သို့ ပြန်လည်ပို့ဆောင်ရေး ကိစ္စများကို ဆောင်ရွက်ရာတွင် ပထမအဆင့် သွားရောက်တွေ့ ဆုံ ဆွေးနွေးတိုင်း အောင်မြင်မှု ရရှိသော်လည်း လက်တွေ့ဆောင်ရွက်ရာတွင် ငြင်းဆန်ခြင်းများ ကြုံတွေ့နေရကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
ယင်းနှင့် ပတ်သက်ပြီး "စစ်တွေကို ရောက်နေတဲ့ ဘင်္ဂါလီတွေကိုလည်း မူလနေရာ ကျေးရွာတွေ ဆီ ပြန်ပို့မယ်ဆိုတော့ အစက သဘောတူပြီး တကယ်သွားပြီး ရွှေ့တဲ့နေ့တွေမှာ အမြဲငြင်းဆန်နေ တာကို တွေ့ရတယ်။ ဒါဟာ သူတို့ရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေတာကြောင့်လို့ မြင်တယ်။ အခုက အစိုးရ လုပ်ပေးနေတာကို လက်ခံမလိုလိုနဲ့ အမြဲဆန့်ကျင်နေတာကို တွေ့ရတယ်။ လုပ်ရကိုင်ရတာ အတော်လေး ခက်ခဲနေပါတယ်" ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ဇွန် ၆ ရက်က သတင်းထောက်များနှ င့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် မိုးရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဘင်္ဂါလီများ နေရာထိုင်ခင်း အပြည့်အ၀ ရရှိရေးနှင့် နေရာချထားရေး လုပ်ငန်းများကို လုပ်ကိုင်ရာတွင် ခက်ခဲနေခြင်းသည် အစိုးရအတွက် အခက်ကြုံတွေ့ နေရဆဲ ဖြစ်သဖြင့် ဒုက္ခသည်များနှင့် ဒုက္ခသည် မဟုတ်သူများကို ခွဲခြားရန်၊ ဆွဲ၊ တင်၊ စစ် စနစ်ဖြင့် လူဦးရေနှင့် ပိုင်ဆိုင်မှုများကို စာရင်းကောက်ရန် လိုအပ်နေသော်လည်း အခက်အခဲများကြောင့် နှောင့်နှေးမှုများ ဖြစ်လာနိုင်ကြောင်း သိရသည်။
"ဆွဲ၊ တင်၊ စစ် ဆိုတာက ဘင်္ဂါလီတွေရဲ့ ပိုင်ဆိုင်မှုတွေကို လေ့လာပြီး လယ်လုပ်သူကို လယ်၊ ရေလုပ်ငန်း လုပ်သူတွေကို ရေလုပ်ငန်း လုပ်နိုင်အောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ဘယ်သူ့ကို ဘယ်လိုမျိုး စီစဉ်ပေးရမလဲ ဆိုတာကို မသိရင် ဘာမှလုပ်ပေးလို့ မရဘူး။ ပြောလိုက်ရင် လက်ခံသလိုလိုပြောပြီး နောက်နေ့ကျရင် လက်မခံတော့ဘူး ဖြစ်သွားတယ်။ ဒါဟာ နောက်ကွယ်က တွန်းအားပေးမှုတွေကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားတယ်" ဟု ဦးလှသိန်းက ပြောကြားခဲ့သည်။

 

No comments:

Post a Comment