Sunday, June 9, 2013

မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

Photo: မူဆယ်လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှ တစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော် ထွက်ခွာလျက်ရှိ

9.6.2013

မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ မူဆယ်ဒေသမှာ နန်းတော်ဂိတ် အပါအ၀င် ကင်းစခန်းပေါင်း လေးခုရှိပါတယ်။ ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ်။ တရုတ်ဘက်ကနေ ၀င်ရောက်တာတော့ နေ့စဉ်ပျမ်းမျှ ၄၀၀ ကနေ ၅၀၀ ကြားပဲ ၀င်ပါတယ်" ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။ ၎င်းတို့အနက်မှ အများစုသည် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ် . . . . .

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်သော လူငယ်များသည် တရုတ်နိုင်ငံအတွင်း မကြာခဏ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
"ဒီဘက်က အလုပ်လုပ်ဖို့ ထွက်တဲ့သူက တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့် စာအုပ် (အစိမ်းရောင်) လျှောက်ရတယ်။ အဲဒီစာအုပ်ရမှ အလုပ်လုပ်လို့ ရတယ်။ အဲဒီစာအုပ် မရှိရင် အနိုင်ကျင့် ခံရတာ များတယ်" ဟု ဦးမင်းဆွေက ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများသည် အသက် ၂၀ မှ ၄၀ ၀န်းကျင် အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အုတ်စက်ရုံ၊ ဘတ္တရီစက်ရုံနှင့် လျှပ်စစ်ပစ္စည်း စက်ရုံများတွင် အများစု လုပ်ကိုင်ရကြောင်း၊ ၀င်ငွေ ကျပ် ၅၀၀၀မှ ၁၀၀၀၀ ကြား ပျမ်းမျှရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်သို့ ထွက်ခွာမည့် သူများကို မူဆယ်လူဝင်မှု ကြီးကြပ်ရေးဂိတ်၌ မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

EMG
မူဆယ်ခရိုင်ရှိ လူဝင်မှု ကြီးကြပ်ရေး ဂိတ်ပေါက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကျော်မှ ၇၀၀၀ ကြား ထွက်ခွာလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။ "ကျွန်တော်တို့ မူဆယ်ဒေသမှာ နန်းတော်ဂိတ် အပါအ၀င် ကင်းစခန်းပေါင်း လေးခုရှိပါတယ်။ ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ်။ တရုတ်ဘက်ကနေ ၀င်ရောက်တာတော့ နေ့စဉ်ပျမ်းမျှ ၄၀၀ ကနေ ၅၀၀ ကြားပဲ ၀င်ပါတယ်" ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ မူဆယ်ခရိုင် ဦးစီးအရာရှိ ဦးမင်းဆွေက ပြောကြားခဲ့သည်။ ၎င်းတို့အနက်မှ အများစုသည် ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သွားရောက်အလုပ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရှိရသည်။

ယာယီဖြတ်သန်းခွင့် လက်မှတ်နဲ့ တရုတ်နိုင်ငံကို သွားလို့ရတဲ့ ဂိတ်ပေါက်ဆိုရင် ရှစ်ခုလောက် ဖွင့်ထားပါတယ်။ ကင်းစခန်း အားလုံးပေါင်းမှာ Border Pass နဲ့ရော Temporary Border Pass နဲ့ရော နေ့စဉ်ပျမ်းမျှ လူဦးရေ ၆၀၀၀ ကနေ ၇၀၀၀ ကြား တရုတ်ပြည်ကို ထွက်ခွာလျက် ရှိနေပါတယ် . . . . .

နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်သော လူငယ်များသည် တရုတ်နိုင်ငံအတွင်း မကြာခဏ ဖမ်းဆီးခံရမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
"ဒီဘက်က အလုပ်လုပ်ဖို့ ထွက်တဲ့သူက တရုတ်နိုင်ငံမှာ အလုပ်လုပ်ခွင့် စာအုပ် (အစိမ်းရောင်) လျှောက်ရတယ်။ အဲဒီစာအုပ်ရမှ အလုပ်လုပ်လို့ ရတယ်။ အဲဒီစာအုပ် မရှိရင် အနိုင်ကျင့် ခံရတာ များတယ်" ဟု ဦးမင်းဆွေက ပြောကြားခဲ့သည်။

နယ်စပ်ဖြတ်ကျော် လက်မှတ်များဖြင့် တရုတ်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူများသည် အသက် ၂၀ မှ ၄၀ ၀န်းကျင် အများစုဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အုတ်စက်ရုံ၊ ဘတ္တရီစက်ရုံနှင့် လျှပ်စစ်ပစ္စည်း စက်ရုံများတွင် အများစု လုပ်ကိုင်ရကြောင်း၊ ၀င်ငွေ ကျပ် ၅၀၀၀မှ ၁၀၀၀၀ ကြား ပျမ်းမျှရှိကြောင်း သိရသည်။

EMG

No comments:

Post a Comment