Sunday, June 30, 2013

မိုးရွာသွန်း လျှင် ရန်ကုန်မြို့ အတွင်းရှိ လမ်းမ များပေါ် တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်း ခရီး သွား လာမှု အခက် အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူ များ ပြောကြား

Photo: မိုးရွာသွန်းလျှင် ရန်ကုန်မြို့အတွင်းရှိ လမ်းမများပေါ်တွင် ရေလျှံမှု များ ဖြစ်ပေါ်နေ ဆဲဖြစ်ပြီး မြို့တွင်းခရီး သွားလာမှု အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ပြည်သူများ ပြောကြား
Sunday, June 30, 2013

ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။

ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးတွင်းကာလတွင် မိနစ်အနည်းငယ် မျှ မိုးသည်းထန်စွာ ရွာသွန်းလျှင် ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိနေပြီး ယင်းကဲ့သို့ ရေလျှံမှုများကြောင့် ယာဉ်ကြောများပိတ်ဆို့မှုများ ဖြစ်ပေါ်ပြီး ခရီးသွားလာသူ ပြည်သူများ ကြန့်ကြာမှုများနှင့် အခြားစီးပွားရေး လုပ်ကိုင်သူများ လုပ်ငန်းဝင်ငွေများ လျော့ကျကြောင်းကို ၎င်းတို့ပြောပြချက်အရ သိရသည်။

တာမွေမြို့နယ်၊ ၁၅၃ လမ်းတွင် နေထိုင်သူ ကိုမြတ်သူက "မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော်များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ်။ အဲ့လိုနေ့တွေဆို ကားတွေလည်းပိတ်ပြီ။ ဒီလိုနေ့တွေနဲ့ ကြုံရပေါင်းလည်း များနေပါပြီ" ဟု ပြောကြားသည်။

အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်လင်းထွန်းကလည်း "မိုးသဲသဲမဲမဲ ရွာတဲ့အချိန်က သိပ်မကြာဘူး။ ဒါပေမဲ့ လမ်းပေါ်မှာ ရေတွေက လျှံနေပြီ။ ရေမြောင်းစနစ်တွေ ပိတ်ဆို့နေတာတွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ဒီလိုရေလျှံတဲ့ နေ့တွေနဲ့ ကြုံရင်တော့ ၀င်ငွေသိသိသာသာ ကို လျော့ပါတယ်" ဟု ပြောကြားသည်။
မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော် များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ် . . . . .

တာမွေဈေးတွင်ဈေး ရောင်းချသူ တစ်ဦးကလည်း ရေလျှံသည့်နေ့တွင် အရောင်းအ၀ယ် မကောင်းကြောင်းကို "ကျွန်မက ဒီတာမွေဈေးမှာပဲ ဈေးရောင်းတာ သုံးနှစ်ကျော် ရှိပါပြီ။ လမ်းပေါ်ရေလျှံတဲ့နေ့က အရမ်းစိတ်ညစ်တဲ့ နေ့ပဲ။ ကိုယ်တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ။ ဈေးရောင်းမကောင်းတော့ မိသားစု စားဝတ်နေရေး ခက်ခဲတာပေါ့" ဟု ပြောကြားခဲ့သည်။

မိုးရွာသွန်းစဉ် ရေလျှံမှု အချိန်အကြာဆုံးဖြစ်သည့် နေရာများမှာ တာမွေမြို့နယ်တွင် တာမွေဈေးတစ်ဝိုက်၊ မင်္ဂလာဈေးတစ်ဝိုက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကန်တော်လေး စာတိုက်အနီးတစ်ဝိုက်၊ ပန်းဘဲတန်းမြို့နယ်တွင် အနော်ရထာလမ်းတစ်လျှောက်၊ အလုံမြို့နယ်တွင် ကမ်းနားလမ်းတစ်လျှောက် ဖြစ်ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မိုးရွာစဉ် လမ်းမပေါ်တွင် ရေလျှံရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဖြစ်သူ ဦးမျိုးလွင်က "ရေလျှံရခြင်းရဲ့အဓိက အချက်ကတော့ ရန်ကုန်မြို့မှာ လူဦးရေ များလာနဲ့အမျှ အမှိုက်တွေကို စည်းကမ်းတကျ မစွန့်ပစ်ကြတာကြောင့် ရေနုတ်မြောင်းတွေ ပိတ်ဆို့ပြီး မိုးရွာသွန်းတဲ့အခါ မြောင်းထဲကရေတွေက ဆက်ပြီးမစီးဆင်း နိုင်တော့တာကြောင့် လမ်းမပေါ်ရေတွေက လျှံလာရတာပါ" ဟု ဇွန် ၂၉ ရက် ညနေပိုင်းက သုံးသပ်ပြောကြားခဲ့သည်။

တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
EMG
တာမွေဈေးအနီး၌ မိုးရွာသွန်းနေစဉ် လမ်းမပေါ် ရေလျှံနေသည်ကို ဇွန် ၂၈ ရက် ညပိုင်းက တွေ့မြင်ရစဉ် (ဓာတ်ပုံ - မင်းသိန်းနိုင်)
ရန်ကုန်မြို့ အတွင်းရှိ လမ်းအများစုမှာ မိုးရွာသွန်းလျှင် လမ်း မပေါ် ရေလျှံမှု များ ဖြစ်ပေါ်နေဆဲဖြစ်ပြီး အဆိုပါ နေ့များတွင် မြို့တွင်းခရီးသွားလာ မှုများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများက ပြောကြားသည်။

ရန်ကုန်မြို့အတွင်းရှိ လမ်းအများစုမှာ မိုးတွင်းကာလတွင် မိနစ်အနည်းငယ်မျှ မိုးသည်းထန်စွာ ရွာသွန်း လျှင် ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိနေပြီး ယင်းကဲ့သို့ ရေလျှံမှုများကြောင့် ယာဉ်ကြောများ ပိတ်ဆို့မှု များ ဖြစ်ပေါ်ပြီး ခရီးသွားလာသူ ပြည်သူများ ကြန့်ကြာမှုများနှင့် အခြားစီးပွားရေး လုပ်ကိုင်သူများ လုပ်ငန်း ၀င်ငွေများ လျော့ကျကြောင်းကို ၎င်းတို့ပြောပြချက်အရ သိရသည်။

တာမွေမြို့နယ်၊ ၁၅၃ လမ်းတွင် နေထိုင်သူ ကိုမြတ်သူက "မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော် များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ်။ အဲ့လိုနေ့တွေဆို ကားတွေလည်းပိတ်ပြီ။ ဒီလိုနေ့တွေနဲ့ ကြုံရပေါင်းလည်း များနေပါပြီ" ဟု ပြောကြားသည်။

အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုကျော်လင်းထွန်းကလည်း "မိုးသဲသဲမဲမဲ ရွာတဲ့အချိန်က သိပ်မကြာဘူး။ ဒါပေမဲ့ လမ်းပေါ်မှာ ရေတွေက လျှံနေပြီ။ ရေမြောင်းစနစ်တွေ ပိတ်ဆို့နေတာတွေကြောင့်လည်း ဖြစ်နိုင် ပါတယ်။ ဒီလိုရေလျှံတဲ့ နေ့တွေနဲ့ ကြုံရင်တော့ ၀င်ငွေသိသိသာသာ ကို လျော့ပါတယ်" ဟု ပြောကြားသည်။
မိုးတွင်းကာလမှာ ရန်ကုန်မြို့ လမ်းမတော်တော် များများမှာ ရေလျှံတာ နှစ်စဉ်နှစ်တိုင်း လိုလိုပါပဲ။ ဟိုတစ်လောကဆို မင်္ဂလာဈေးနားမှာ ရေလျှံတာ ဒူးခေါင်းကျော်တယ် . . . . .

တာမွေဈေးတွင်ဈေး ရောင်းချသူ တစ်ဦးကလည်း ရေလျှံသည့်နေ့တွင် အရောင်းအ၀ယ် မကောင်းကြောင်း ကို "ကျွန်မက ဒီတာမွေဈေးမှာပဲ ဈေးရောင်းတာ သုံးနှစ်ကျော် ရှိပါပြီ။ လမ်းပေါ်ရေလျှံတဲ့နေ့က အရမ်းစိတ်ညစ်တဲ့ နေ့ပဲ။ ကိုယ်တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာလေ။ ဈေးရောင်းမကောင်းတော့ မိသားစု စားဝတ်နေရေး ခက်ခဲတာပေါ့" ဟု ပြောကြားခဲ့သည်။

မိုးရွာသွန်းစဉ် ရေလျှံမှု အချိန်အကြာဆုံးဖြစ်သည့် နေရာများမှာ တာမွေမြို့နယ်တွင် တာမွေဈေးတစ်ဝိုက်၊ မင်္ဂလာဈေးတစ်ဝိုက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် ကန်တော်လေး စာတိုက်အနီးတစ်ဝိုက်၊ ပန်းဘဲတန်းမြို့နယ်တွင် အနော်ရထာလမ်းတစ်လျှောက်၊ အလုံမြို့နယ်တွင် ကမ်းနားလမ်း တစ်လျှောက် ဖြစ်ကြောင်း လည်း သိရသည်။

ယင်းကဲ့သို့ မိုးရွာစဉ် လမ်းမပေါ်တွင် ရေလျှံရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ ဒုတိယဌာနမှူးဖြစ်သူ ဦးမျိုးလွင်က "ရေလျှံရခြင်းရဲ့အဓိက အချက်ကတော့ ရန်ကုန်မြို့မှာ လူဦးရေ များလာနဲ့အမျှ အမှိုက်တွေကို စည်းကမ်းတကျ မစွန့်ပစ်ကြ တာကြောင့် ရေနုတ်မြောင်းတွေ ပိတ်ဆို့ပြီး မိုးရွာသွန်းတဲ့အခါ မြောင်းထဲကရေတွေက ဆက်ပြီး မစီးဆင်း နိုင်တော့တာကြောင့် လမ်းမပေါ်ရေတွေက လျှံလာရတာပါ" ဟု ဇွန် ၂၉ ရက် ညနေပိုင်းက သုံးသပ်ပြောကြားခဲ့သည်။
EMG

No comments:

Post a Comment