Monday, June 17, 2013

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၅၀၀၀ိ/- တန်ငွေတုများတွေ့ရှိ၍ အရေးယူ



Photo: ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၅၀၀၀ိ/- တန်ငွေတုများတွေ့ရှိ၍ အရေးယူ

မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်(၂)လမ်း၊ အမှတ်(၃၀)နေ ကားပွဲစား ဦးခင်မောင်မြင့်(ဘ)ဦးလှမှ ၅၀၀၀ိ/- တန် (၁၅)ရွက်သည် အတုများဟုယူဆ ရသောကြောင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ် ကွက်အုပ် ချုပ်ရေးမှူး ဦးလှခိုင်ထံသို့ အပ်နှံထားခဲ့ရာ မှုခင်းတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးပြီး 

ဦးခင်မောင်မြင့်အား ငွေတုများပေးခဲ့သူ ကမာရွတ်မြို့နယ်နေ ကားပွဲ စားဌေးမြင့်၊ (၄၈)နှစ်၊(ဘ)ဦးအောင်သိန်းအား တာမွေမြို့ မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ ပုဒ်မ ၄၈၉(ခ)/၄၈၉(ဂ) ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။

အဆိုပါ ၅၀၀၀ိ/-တန် ငွေစက္ကူအတုများ၏ စက္ကူအရွယ်အစားနှင့် စက္ကူအမျိုးအစားမှာ ငွေစက္ကူအစစ်နှင့် မတူကြောင်း၊ လုံခြုံရေးကြိုးမှာ မှိန်နေကြောင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများသတိပြုနိုင်ရန် ရဲတပ်ဖွဲ့မှ သတိပေးထားကြောင်းသိရှိရပါသည်။

Posted From Yangon Police News
မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ပုသိမ်ညွှန့်(၂)လမ်း၊ အမှတ်(၃၀)နေ ကားပွဲစား ဦးခင်မောင်မြင့်(ဘ)ဦးလှမှ
၅၀၀၀ိ/- တန် (၁၅)ရွက်သည် အတုများဟုယူဆ ရသောကြောင့် တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က) ရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးလှခိုင်ထံသို့ အပ်နှံထားခဲ့ရာ မှုခင်းတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးပြီး ဦးခင်မောင်မြင့်အား ငွေတုများပေးခဲ့သူ ကမာရွတ်မြို့နယ်နေ ကားပွဲ စားဌေးမြင့်၊ (၄၈)နှစ်၊(ဘ) ဦးအောင်သိန်းအား တာမွေမြို့ မရဲစခန်း (ပ)၂၄၃/၂၀၁၃၊ ပုဒ်မ ၄၈၉(ခ)/၄၈၉(ဂ) ဖြင့် အရေးယူ ထားကြောင်း သိရှိရပါသည်။

အဆိုပါ ၅၀၀၀ိ/-တန် ငွေစက္ကူအတုများ၏ စက္ကူအရွယ်အစားနှင့် စက္ကူအမျိုးအစားမှာ ငွေစက္ကူအစစ်နှင့် မတူကြောင်း၊ လုံခြုံရေးကြိုးမှာ မှိန်နေကြောင်းတို့အား စစ်ဆေးတွေ့ရှိရသဖြင့် ပြည်သူများသတိပြုနိုင်ရန် ရဲတပ်ဖွဲ့မှ သတိပေးထားကြောင်းသိရှိရပါသည်။

Posted From Yangon Police News

No comments:

Post a Comment