Monday, June 17, 2013

၁၅ဝဝ ကျပ်တန် ဖုန်းဆင်းကတ်များ ပြင်ပဈေး မတည်ငြိမ်

ရန်ကုန်မြို့တွင် နိုင်ငံတော်မှ မဲဖောက် ရောင်းချပေးသော ၁၅ဝဝ ကျပ် တန် CDMA 800 MHz ဖုန်းဆင်း ကတ်များ သည် ပြင်ပ ဈေးကွက်များ၌လည်း ဗြောင်ကျကျ အရောင်းအဝယ် လုပ်လာကြပြီး  အချို့ ဆိုင်များတွင် ဆိုင်းဘုတ်များဖြင့်ပါ  ကြေညာပြီး  အရောင်းအဝယ် လုပ်လာကြသည် ကို တွေ့ ရသည်။
အဆိုပါ ဆင်းကတ် များကို ထိုသို့ အလွယ်တကူ ဝယ်ယူ ရရှိနေပြီ ဖြစ်သော်လည်း တစ်ဆိုင် နှင့် တစ်ဆိုင် ရောင်းချသော ဈေးနှုန်းများမှာ တစ်သမတ်တည်းမရှိဘဲ များစွာ ကွာခြားမှုများ ရှိနေကြဆဲ ဖြစ်သည်။
မြို့လယ်ပိုင်းရှိ ဖုန်းဆိုင်များတွင် ကတ်မချိုးထား ရသေးသော ဆင်းကတ် များကို ငွေကျပ် ငါးသောင်းခွဲခန့်ဖြင့် ရောင်းချကြပြီး ကတ်ချိုးကာ ငွေကျပ် ငါးထောင် ဖြည့်ထားသော်လည်း မသုံးရ သေးသော ဆင်းကတ်များကိုမူ ငွေကျပ် ခြောက်သောင်း ဝန်းကျင်ဖြင့် ရောင်းချ လျက် ရှိကြသည်။
သို့သော် ဆင်ခြေဖုံး ရပ်ကွက်များတွင် ဖွင့်ထားသော ဖုန်းဆိုင် အချို့တွင်မူ ကတ်မချိုး ရသေးသော ဆင်းကတ်များ ကို ငွေကျပ် ခုနစ်သောင်းနှုန်း၊ ကတ်ချိုးပြီး ငွေကျပ် ငါးထောင် ဖြည့်ထားသော မသုံးရသေးသည့် ဆင်းကတ်များကိုမူ ငွေကျပ်  ခုနစ်သောင်းခွဲ နှုန်းလောက် အထိဖြင့် ရောင်းချ တတ်ကြပြီး ၎င်းတို့ရောင်းချသော ကတ်များသည် လိုင်းစိတ်ချရသော VIP ကတ်များ၊ ဝန်ထမ်း ကတ်များဖြစ်သည်ဟု ဆိုသည်။ ထို့ အပြင် အချို့ဆိုင်များ၌ ထိုဖုန်းဆင်း ကတ်များ ဝယ်ယူလိုလျှင်  ၎င်းတို့ဆိုင်မှ ဖုန်းပါ ဝယ်ယူ အားပေးရသည်။
ထိုသို့ ငွေကျပ် ခြောက်သောင်းကျော် ခုနစ်သောင်းကျပ်နှုန်း ဝန်းကျင်လောက် ဖြင့် အဆိုပါ ဆင်းကတ်များကို ဖုန်းဆိုင် များက ရောင်းချ တတ်ကြသော်လည်း ၎င်းဆိုင်များသို့  မဲပေါက်သူများက သွားရောင်းပါက ငွေကျပ် သုံးသောင်းခန့် သာ ပေးသည်ဟု သိရသည်။
 ဖုန်းဆိုင်များက ထိုကဲ့သို့ ငွေကျပ် သုံးသောင်းလောက်နှင့် ဝယ်ပြီး ကတ် သက်တမ်း မကုန် သွားစေရန် ငွေကျပ် ငါးထောင်ဖြည့်ပြီးနောက်  ၎င်းတို့ကြိုက် ဈေးခေါ်ကာ ပြန်လည် ရောင်း ချခြင်း ဖြစ်ကြောင်း သိရသည်။
From...မြ၀တီ

No comments:

Post a Comment