Tuesday, June 25, 2013

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ပညာရေးညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)အား ပြည်သူ့လွှတ်တော်သို့ ပေးပို့

မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးလှုပ်ရှား ဆောင်ရွက်သည့် အဖွဲ့များ
စုပေါင်းဖွဲ့စည်းထားသည့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ပညာရေး ညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း) အား ပြည်သူ့ လွှတ်တော်သို့ ၂၀၁၃ ခုနှစ်၊ ဇွန် ၁၈ ရက်၌ တင်သွင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင် သည့် အဆိုပါ အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)တွင် ကလေးသူငယ်များ၏ ရှေးဦးသင် ပညာရေး ၊ မသင်မနေရ အခြေခံပညာရေး၊ အခြေခံအထက်တန်း ပညာရေး၊ အဆင့်မြင့် ပညာရေး၊ ကျောင်းပြင်ပ ပညာရေး၊ ပုဂ္ဂလိကကျောင်းနှင့် ပုဂ္ဂလိက တက္ကသိုလ်များ၊ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်သောကျောင်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သော အခမဲ့ ပညာဒါန ကျောင်းများ၊ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စစ်ပြေး ဒုက္ခသည်နှင့် ရွှေ့ပြောင်းကလေးများ၏ ပညာရေး စသည့်ကဏ္ဍ ၁၃ ရပ်နှင့် သက်ဆိုင်သည့် အကြံပြုချက်များ ပါဝင်ကြောင်း သိရသည်။

ဘာသာရေး အသင်းအဖွဲ့များမှ ဖွင့်လှစ်သောကျောင်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ဖွင့်လှစ်သော အခမဲ့ ပညာဒါန ကျောင်းများ၊ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ၊ ပညာရေး အထူးလိုအပ်ချက်၊ တိုင်းရင်းသား ဘာသာစကား သင်ကြားရေး၊ စစ်ပြေး ဒုက္ခသည်နှင့် ရွှေ့ပြောင်းကလေးများ၏ ပညာရေး စသည့်ကဏ္ဍ ၁၃ ရပ်နှင့်...


''အမျိုးသား ပညာရေးမူဝါဒ(မူကြမ်း)က ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီကို ဇွန် ၁၈ ရက်က တင်သွင်းလိုက်ပါပြီ။ NLD ရဲ့ အလုပ်အမှုဆောင် အဖွဲ့ကနေတစ်ဆင့် တင်သွင်း လိုက်တာ ဖြစ် ပါတယ်'' ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ဆိုသည်။
အဆိုပါ အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)ပါ အကြံပြုချက်များကို တိုင်းနှင့် ပြည်နယ် ၁၄ ခုမှ ကိုယ်စားလှယ်များ၊ အငြိမ်းစား ပါမောက္ခများ၊ ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်း သူ များ၊ ကျောင်းသားမိဘများ၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပုဂ္ဂိုလ်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး များနှင့် သီလရှင်များ၊ ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် သီလရှင်များ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာမှ ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ၊ နိုင်ငံရေး ပါတီများမှ ပုဂ္ဂိုလ်များနှင့် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

From..EMG

No comments:

Post a Comment