ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်ရှိ ဗီယက်နမ်
ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ဟိုတယ်စီမံကိန်း (ဓာတ်ပုံ
-ဝေယံဖြိုးဦး)
မြန်မာ တစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ
လိုင်စင်ထုတ်ပေးထားသည့်
ဟိုတယ်အရေအတွက်မှာ ၂၀၁၃ ခုနှစ် မေလကုန်အထိ ၈၂၄
လုံး ရှိလာကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး လုပ်ငန်းဝန်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာ တစ်နိုင်ငံလုံးရှိ ဟိုတယ် ၈၂၄ လုံးတွင် အခန်းပေါင်း ၂၉၈၄၄ ခန်း
ရှိလာမည်ဖြစ်ပြီး ဟိုတယ် အများစုမှာ ရန်ကုန်နှင့် မန္တလေးတို့တွင်
တည်ရှိကြောင်း သိရသည်။
ဟိုတယ်နှင့် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးထားသည့်
အရေအတွက်မှာ ရန်ကုန်မြို့တွင် ၂၀၈ လုံးနှင့် အခန်းအရေအတွက် ၉၁၁၀၊
မန္တလေးမြို့တွင် ၈၃ လုံးနှင့် အခန်းအရေအတွက် ၃၅၂၂၊ ပုဂံ/ညောင်ဦးတွင် ၇၆
လုံးနှင့် ၂၃၃၁ ခန်း၊ တောင်ကြီး/အင်းလေးတွင် ၆၁ လုံးနှင့် ၁၇၁၈ ခန်း၊
နေပြည်တော်တွင် ဟိုတယ်အလုံး ၄၀ နှင့် ၂၅၃၇ ခန်းတို့ဖြစ်ကြောင်း သိရသည်။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် ကုန်အထိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ
လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သည့် အရေအတွက်မှာ တစ်နိုင်ငံလုံးတွင် ဟိုတယ်
၈၀၆ လုံး ဖြစ်သဖြင့် ယခုနှစ်တွင် ဟိုတယ်လုပ်ငန်းလိုင်စင် ထုတ်ပေးမှု ၁၈ ခု
ပိုမိုခဲ့ကြောင်း သိရသည်။
ရန်ကုန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ဆဲဖြစ်သည့်
Center Point Tower Hotel၊ Rose Garden Hotel၊ Shan grila Hotel၊ Novotel
Yangon Hotel အစရှိသည့် စီမံကိန်းများ ပြီးစီးပါက ဟိုတယ်နှင့်
အခန်းအရေအတွက် ပိုမိုလာမည် ဖြစ်သည်။
စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများ
ဆက်လက်ဖြစ်ထွန်း ပါက နိုင်ငံ တကာမှ နိုင်ငံခြားသားဧည့်သည် လာရောက်လည်ပတ်မှုမှာ
၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၅ သန်းအထိ တိုးမြင့်လာနိုင်ပြီး
ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၄ သန်းခန့်
စီမံပေးနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးက ဇွန်လအတွင်း ပြုလုပ် ခဲ့သည့် မြန်မာနိုင်ငံ၏
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း ထုတ်ဖော်မှုပွဲ တွင်
ပြောကြား သည်။
From..EMG
No comments:
Post a Comment