Sunday, June 23, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းမည်ဟုဆို

Photo: တိုင်းရင်းသား လက်နက်ကိုင်များနှင့် ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေးရရန် ကြိုးပမ်းမည်ဟုဆို

23.6.2013

လွန်ခဲ့သော နှစ်ပေါင်း၆၀ကျော် ကာလမှ ယနေ့တိုင် မပြီးဆုံးနိုင်သေး သောတိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရရန် လက်ရှိ အစိုးရက ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

“စားပွဲဝိုင်းဆိုတာ သေနတ်ကိုင်တဲ့ နှစ်ဖွဲ့ ညှိကြတာပါ။ ငြိမ်းချမ်းရေးအတွက် အရေးကြီးဆုံးက ပြည်သူလူထုရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်” ဟု ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားများက စစ်မှန်သော ဖက်ဒရယ်၊ တန်းတူရည်တူ အခွင့်အရေးနှင့် အပစ်အခတ် ရပ်စဲရေး သုံးချက်ကို အဓိက တောင်းဆို ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်ဦး လှမောင်ရွှေက ၎င်း၏အတွေ့အကြုံကို ပြောဆိုသည်။

“၂၀၁၅ မတိုင်ခင် အားလုံးအတူတူ သွားလို့ရအောင် လုပ်ရမယ်။ ဘယ်သူ့ကိုမှ ချန်ခဲ့လို့ မရဘူး။ စစ်တပ်ကို ချန်လို့ မရသလို လက်နက်ကိုင်ကိုလည်း ချန်ထားလို့ မရဘူး။ လက်နက်မကိုင်လည်း ချန်ထားလို့ မရဘူး” ဟု အဆိုပါပွဲသို့ တက်ရောက် နားထောင် သည့် ABSDF ကျောင်းသား ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်က သုံးသပ်ပြောဆိုသည်။

လက်ရှိအစိုးရ၏ လက်ထက် ၂နှစ်တာ ကာလကျော်၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၇၄ ကြိမ် တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

The Voice Weekly
လွန်ခဲ့သော နှစ်ပေါင်း၆၀ကျော် ကာလမှ ယနေ့တိုင် မပြီးဆုံးနိုင်သေး သောတိုင်းရင်းသား လက်နက် ကိုင်များနှင့် ငြိမ်းချမ်းရေးရရန် လက်ရှိ အစိုးရက ကြိုးပမ်းသွားမည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် တစ်ဦးဖြစ်သူ ဦးလှမောင်ရွှေက ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ ယုဇနဟိုတယ်တွင် ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။ “စားပွဲဝိုင်းဆိုတာ သေနတ်ကိုင်တဲ့ နှစ်ဖွဲ့ ညှိကြတာပါ။ ငြိမ်းချမ်းရေးအတွက် အရေးကြီးဆုံးက ပြည်သူ လူထုရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်” ဟု ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းကဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် တိုင်းရင်းသားများက စစ်မှန်သော ဖက်ဒရယ်၊ တန်းတူရည်တူ အခွင့်အရေးနှင့် အပစ်အခတ် ရပ်စဲရေး သုံးချက်ကို အဓိက တောင်းဆို ဆွေးနွေးကြကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင်ဦး လှမောင်ရွှေက ၎င်း၏အတွေ့အကြုံကို ပြောဆိုသည်။

“၂၀၁၅ မတိုင်ခင် အားလုံးအတူတူ သွားလို့ရအောင် လုပ်ရမယ်။ ဘယ်သူ့ကိုမှ ချန်ခဲ့လို့ မရဘူး။ စစ်တပ်ကို ချန်လို့ မရသလို လက်နက်ကိုင်ကိုလည်း ချန်ထားလို့ မရဘူး။ လက်နက်မကိုင်လည်း ချန်ထားလို့ မရဘူး” ဟု အဆိုပါပွဲသို့ တက်ရောက် နားထောင် သည့် ABSDF ကျောင်းသား ဥက္ကဋ္ဌဟောင်း ဒေါက် တာနိုင်အောင်က သုံးသပ်ပြောဆိုသည်။

လက်ရှိအစိုးရ၏ လက်ထက် ၂နှစ်တာ ကာလကျော်၌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၇၄ ကြိမ် တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့ ရှိကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ နောက်ဆုံး တွေ့ဆုံ ဆွေးနွေးခဲ့သည်။

The Voice Weekly

No comments:

Post a Comment