Sunday, June 23, 2013

ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည်

Photo: ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည်
Sunday, June 23, 2013

ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စတင်စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

တရားမဝင် ကုန်သွယ်မှု တားဆီးစစ်ဆေးရေး အဖွဲ့၏ တာဝန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရထံသို့ လွှဲပြောင်းပြီး နောက်လာမည့် ဇူလိုင်လတွင် ယင်းဆိပ်ကမ်းနှင့် လေဆိပ် စစ်ဆေးမှုကို စတင် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။
“အဓိကတော့ တရားဝင် လမ်းကြောင်းပေါ်ကို ရောက်လာဖို့ပါ။ ကမ်းရိုးတန်းသွား သင်္ဘောနဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိုပြီး လတ်တလော နှစ်ပိုင်းလျာထားတယ်။ Check Point ထားပြီး စစ်မယ်” ဟု ၎င်းက ရှင်းပြသည်။

တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရန် လုပ်ဆောင်ရာတွင် တရားမဝင် ကုန်သွယ်မှု တားဆီး စစ်ဆေးရေးအဖွဲ့ လုပ်ဆောင်စဉ်ကဲ့သို့ ပညာပေးကာလနှင့် အရေးယူ ကာလများ သတ်မှတ် လုပ်ဆောင်သွားမည် ဖြစ်ပြီး အသေးစိတ်ကိုမူ မီဒီယာများတွင် ဆက်လက်ထုတ်ပြန် ပေးမည်ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

ဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှု တားဆီးခြင်းသည် ကောင်းမွန်သော်လည်း ခေတ်မီ နည်းပညာများကို အသုံးမပြုနိုင်ပါက အချိန် ကြန့်ကြာနိုင်သည်ဟု မော်တော်ယာဉ်များ တင်သွင်းနေ သည့် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
“ပုံမှန်အတိုင်း လူနဲ့ပဲစစ်မယ် ဆိုရင်တော့ ထိရောက်မယ် မထင်ဘူး။ လုပ်ငန်းရှင်တွေ အတွက်လည်း အချိန် အများကြီး ကြာသွားနိုင်တယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။

ပြည်တွင်းသို့ ဝင်ရောက်လျက် ရှိသော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းမှာ ရေလမ်းမှ ဝင်ရောက်လျက် ရှိခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်း အားလုံးတွင် တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် တရားမဝင် ပို့ကုန်သည် တရားဝင် ပို့ကုန်ထက် ခြောက်ဆပိုများ၍ တရားမဝင် သွင်းကုန်သည် တရားဝင် သွင်းကုန်ထက် ၁၉ ဆပိုများလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စတင်စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။ တရားမဝင် ကုန်သွယ်မှု တားဆီးစစ်ဆေးရေး အဖွဲ့၏ တာဝန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရထံသို့ လွှဲပြောင်းပြီး နောက်လာမည့် ဇူလိုင်လတွင် ယင်းဆိပ်ကမ်းနှင့် လေဆိပ် စစ်ဆေးမှုကို စတင် လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။
“အဓိကတော့ တရားဝင် လမ်းကြောင်းပေါ်ကို ရောက်လာဖို့ပါ။ ကမ်းရိုးတန်းသွား သင်္ဘောနဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောဆိုပြီး လတ်တလော နှစ်ပိုင်းလျာထားတယ်။ Check Point ထားပြီး စစ်မယ်” ဟု ၎င်းက ရှင်းပြသည်။

တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရန် လုပ်ဆောင်ရာတွင် တရားမဝင် ကုန်သွယ်မှု တားဆီး စစ်ဆေးရေးအဖွဲ့ လုပ်ဆောင်စဉ်ကဲ့သို့ ပညာပေးကာလနှင့် အရေးယူ ကာလများ သတ်မှတ် လုပ်ဆောင်သွားမည် ဖြစ်ပြီး အသေးစိတ်ကိုမူ မီဒီယာများတွင် ဆက်လက်ထုတ်ပြန် ပေးမည်ဟု ၎င်းကဖြည့်စွက် ပြောကြားသည်။

ဆိပ်ကမ်းများတွင် တရားမဝင် ကုန်သွယ်မှု တားဆီးခြင်းသည် ကောင်းမွန်သော်လည်း ခေတ်မီ နည်းပညာများကို အသုံးမပြုနိုင်ပါက အချိန် ကြန့်ကြာနိုင်သည်ဟု မော်တော်ယာဉ်များ တင်သွင်းနေ သည့် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
“ပုံမှန်အတိုင်း လူနဲ့ပဲစစ်မယ် ဆိုရင်တော့ ထိရောက်မယ် မထင်ဘူး။ လုပ်ငန်းရှင်တွေ အတွက်လည်း အချိန် အများကြီး ကြာသွားနိုင်တယ်” ဟု အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။

ပြည်တွင်းသို့ ဝင်ရောက်လျက် ရှိသော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းမှာ ရေလမ်းမှ ဝင်ရောက်လျက် ရှိခြင်းကြောင့် ရန်ကုန်ဆိပ်ကမ်း အားလုံးတွင် တရားမဝင် ကုန်သွယ်မှု တားဆီးရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတွင် တရားမဝင် ပို့ကုန်သည် တရားဝင် ပို့ကုန်ထက် ခြောက်ဆပိုများ၍ တရားမဝင် သွင်းကုန်သည် တရားဝင် သွင်းကုန်ထက် ၁၉ ဆပိုများလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment