Sunday, June 23, 2013

ဇူလိုင်လအတွင်း KNU နှင့် ထပ်မံဆွေးနွေးမည်

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ် အဖွဲ့တို့ အလွတ်သဘော ဆွေးနွေးပွဲများ ပြုလုပ်ရန် ဇူလိုင်လ အတွင်း ထပ်မံတွေ့ ဆုံမည် ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး တစ်ဦးက အတည်ပြု ပြောကြား သည်။
ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး စင်တာတွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိကျင်းပသည့် စည်းမျဉ်းစည်းကမ်းပိုင်း ဆိုင်ရာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု အပြီးတွင် ဇူလိုင်လအတွင်း ထပ်မံ ဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း KNU ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်ကို ၄င်းက အထက်ပါအတိုင်း အတည်ပြုခြင်းဖြစ်သည်။

ဇူလိုင်လအတွင်း ကျင်းပမည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် နေ့ရက်နှင့် နေရာကို အတည်ပြု ပြော ကြားခြင်းမရှိပေ။

ဆွေးနွေးပြီးခဲ့သော အလွတ်သဘော တွေ့ဆုံခြင်းများမှာ ပြည်ထောင်စုအဆင့် မဟုတ်ဘဲ နည်းပညာ အထောက်အကူပြု အဖွဲ့များ အချင်းချင်းပြန်လှန် ဆွေးနွေးခြင်း ဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင် တက်ရောက်လေ့ မရှိကြောင်း အဆိုပါ အကြီးတန်းအကြံပေး အရာရှိက ပြောကြားသည်။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးသည် ဇွန်လ ၁၅ ရက်နေ့က တိုင်းရင်းသားအဖွဲ့ အစည်း ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး ငြိမ်ချမ်းေ ရးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနှင့် အလွတ်သဘော တွေ့ဆုံခြင်း ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင် များထံမှ သိရသည်။

အစိုးရနှင့် KNU တို့သည် ၂၀၁၂ ခုနှစ်အတွင်း၌ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တစ်ခုနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲအဖြစ် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။

The Voice Weekly

No comments:

Post a Comment