Monday, June 17, 2013

မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များတွင် တစ်တပ်တစ်အား ပါဝင် ကူညီမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် ပြောကြား

Photo: မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များတွင် တစ်တပ်တစ်အား ပါဝင် ကူညီမည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် ပြောကြား 
Monday, June 17, 2013

ဗြိတိန် နိုင်ငံ၏ နိုင်ငံခြားနှင့် ဓနသဟာယ ရုံးတွင် (FCO) တောင်အာရှ ရေးရာ တွဲဖက် ဒါရိုက်တာ အဖြစ် တာဝန် ထမ်းဆောင်နေသည့် မစ္စတာ အန်ဒရူး ပတ်ထရစ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် အဖြစ် ဇွန် ၁၃ ရက်က ရွေးချယ်ခန့်အပ် ခံခဲ့ရသည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စတာ ပတ်ထရစ်သည် ယခင်မြန်မာ နိုင်ငံဆိုင်ရာ သံအမတ် မစ္စတာ အန်ဒရူးဟေး နေရာတွင် သြဂုတ်လမှ စ၍ တာဝန်လွှဲပြောင်း ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ မစ္စတာ ပတ်ထရစ်သည် ၁၉၈၈ ခုနှစ်မှ စ၍ (FCO) တွင် တာဝန်စတင် ထမ်းဆောင် ခဲ့သည်ဟု သိရသည်။

မိမိ အနေဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် အဖြစ် ရွေးချယ်ခန့်အပ် ခံခဲ့ ရခြင်းကြောင့်  အလွန်ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ မိမိ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဦးတည် လျှောက်လှမ်းနေသည့် မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များ၌ ပါဝင် ကူညီမည့် ဗြိတိန် နိုင်ငံ၏ ကြိုးပမ်း လုပ်ဆောင်မှုတွင် တစ်တပ်တစ်အား ပါဝင်သွားမည် ဖြစ်ကြောင်း မစ္စတာ ပတ်ထရစ်က ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ
ဗြိတိန် နိုင်ငံ၏ နိုင်ငံခြားနှင့် ဓနသဟာယ ရုံးတွင် (FCO) တောင်အာရှ ရေးရာ တွဲဖက် ဒါရိုက်တာ အဖြစတာဝန် ထမ်းဆောင်နေသည့် မစ္စတာ အန်ဒရူး ပတ်ထရစ်သည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်သစ် အဖြစ် ဇွန် ၁၃ ရက်က ရွေးချယ်ခန့်အပ် ခံခဲ့ရသည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

မစ္စတာ ပတ်ထရစ်သည် ယခင်မြန်မာ နိုင်ငံဆိုင်ရာ သံအမတ် မစ္စတာ အန်ဒရူးဟေး နေရာတွင် သြဂုတ် လမှစ၍ တာဝန်လွှဲပြောင်း ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။ မစ္စတာ ပတ်ထရစ်သည် ၁၉၈၈ ခုနှစ်မှ စ၍ (FCO) တွင် တာဝန်စတင် ထမ်းဆောင် ခဲ့သည်ဟု သိရသည်။

မိမိ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်အဖြစ် ရွေးချယ်ခန့်အပ်ခံခဲ့ရခြင်းကြောင့် အလွန် ၀မ်းသာ ဂုဏ်ယူမိကြောင်း၊ မိမိ အနေဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ဦးတည် လျှောက်လှမ်းနေ သည့် မြန်မာ နိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ၌ ပါဝင်ကူညီမည့် ဗြိတိန် နိုင်ငံ၏ ကြိုးပမ်းလုပ်ဆောင်မှုတွင် တစ်တပ်တစ်အား ပါဝင်သွားမည် ဖြစ်ကြောင်း မစ္စတာ ပတ်ထရစ် က ပြောကြား ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment