Friday, June 28, 2013

လူကုန်ကူးခံရသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အားနည်း


Photo: လူကုန်ကူးခံရသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နိုင်မှု အားနည်း

28.6.2013

ပြည်တွင်းကယ်တင်ခံရသည့် လူကုန်ကူးခံရသူများ၊ ပြည်ပမှ လွှဲပြောင်းပေးသည့် လူကုန်ကူးခံရသူများ နှစ်စဉ်ရာနှင့်ချီ၍ ရှိသော်လည်း ၎င်းတို့အတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမှာ အလွန်အားနည်းသေးကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားချက်အရ သိရသည်။

လူကုန်ကူး ခံရသူများအတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေ ခွဲဝေချမှတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များမှ လှူဒါန်းငွေများ၊ ပြည်ပအဖွဲ့အစည်းများမှ လှူဒါန်းငွေများဖြင့် ရန်ပုံငွေထူထောင်ပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။

ထိုသို့အားနည်းချက်များ ရှိနေသော်လည်း ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ထူးခြားသည့်နှစ် ဖြစ်ခဲ့ကြောင်း၊ အမေရိကန် အစိုးရ၏ နှစ်စဉ်ထုတ်ပြန်သည့် ၂၀၁၂ ခု နှစ်လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပြီး TIER-3 (အရေးယူ ပိတ်ဆို့ထားသည့်အဆင့်) TIER-2(စောင့်ကြည့်)အဆင့်သို့ မြှင့်တင်ပေးခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ လူကုန်ကူးမှုဆိုင်ရာ ရန်ပုံငွေတွင် နိုင်ငံတော်ဘဏ္ဍာ ထည့်ဝင်နိုင်ရေး နိုင်ငံတော် အစိုးရသို့ တင်ပြသွားရန် စသည့်အချက်များကိုလည်း ၂၀၁၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ၁၂၀ ကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံပေါင်း ၃၂၅ ဦးကို အရေးယူခဲ့ကြောင်းနှင့် လူကုန်ကူးခံရသူ ၂၅၈ ဦးရှိခဲ့ကြောင်း သိရသည်။

Eleven
ပြည်တွင်းကယ်တင်ခံရသည့် လူကုန်ကူးခံရသူများ၊ ပြည်ပမှ လွှဲပြောင်းပေးသည့် လူကုန်ကူးခံရ သူများ နှစ်
စဉ်ရာနှင့်ချီ၍ ရှိသော်လည်း ၎င်းတို့အတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှု ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် ပြန်လည်ဝင်ဆံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမှာ အလွန်အား နည်းသေးကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ နှစ် ပတ်လည် အစီရင်ခံစာတွင် သုံးသပ်ဖော်ပြထားချက်အရ သိရသည်။

လူကုန်ကူး ခံရသူများအတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း များနှင့် ပြန်လည်ဝင်ဆံ့ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံတော် အစိုးရ၏ ဘဏ္ဍာငွေ ခွဲဝေချမှတ်ပေးခြင်း၊ ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များမှ လှူဒါန်းငွေများ ၊ ပြည်ပ အဖွဲ့ အစည်း များမှ လှူဒါန်းငွေများဖြင့် ရန်ပုံငွေထူထောင်ပြီး ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း အဆိုပါ အစီရင် ခံစာက ဆိုသည်။

ထိုသို့အားနည်းချက်များ ရှိနေသော်လည်း ၂၀၁၂ ခုနှစ်သည် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ထူးခြားသည့်နှစ် ဖြစ်ခဲ့ကြောင်း၊ အမေရိကန် အစိုးရ ၏ နှစ်စဉ်ထုတ်ပြန်သည့် ၂၀၁၂ ခု နှစ်လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု မှတ်တမ်းတင်ခဲ့ပြီး TIER-3 (အရေးယူ ပိတ်ဆို့ထားသည့်အဆင့်) TIER-2(စောင့်ကြည့်)အဆင့်သို့ မြှင့်တင်ပေးခဲ့ပြီး အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ပြည်တွင်းလူမှုရေး အသင်း အဖွဲ့များ၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ လူကုန်ကူးမှုဆိုင်ရာ ရန်ပုံငွေတွင် နိုင်ငံတော်ဘဏ္ဍာ ထည့် ၀င်နိုင်ရေး နိုင်ငံတော် အစိုးရသို့ တင်ပြသွားရန် စသည့်အချက်များကိုလည်း ၂၀၁၃ ခုနှစ် အတွင်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူကုန်ကူးမှု ၁၂၀ ကို ဖော်ထုတ်နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံပေါင်း ၃၂၅ ဦးကို အရေးယူခဲ့ကြောင်းနှင့် လူကုန်ကူးခံရသူ ၂၅၈ ဦးရှိခဲ့ကြောင်း သိရသည်။

EMG

No comments:

Post a Comment