Friday, June 28, 2013

နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေ သည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး

Photo: နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေ
သည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး
ဖြစ်ပေါ်ခဲ့

28.6.2013

နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်
ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ
ကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လုံခြုံရေးချမှတ်
ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်
သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသားမိဘများ စိတ်ပူပန်
စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစုလူဝေး ဖြစ်ပေါ်
စေခဲ့ကာ အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှလာရောက်
လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် အဋ္ဌမတန်း ကျောင်းသူနှစ်ဦး ရန်ဖြစ်
ရာတွင် ကျောင်းအုပ်ကြီးမှ နှစ်ဦးစလုံးအား ကျောင်းပြောင်းခိုင်းခဲ့ကြောင်း သိရသည်။

ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေး
ကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေး
နှစ်ယောက်ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို
ခေါ်ပြီး...

ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့် ကျောင်းသူနှစ်ဦး အနက်မှ ငှက်ပျောတော
ကျေးရွာနေ ကျောင်းသူအား အေလာမြို့ အ.လ.က(ခွဲ)တွင် ကျောင်းပြန်
အပ်ရာ အဆိုပါကျောင်းမှ လက်မခံသဖြင့် ကျောင်းသားမိဘနှင့် ကျေးရွာသူ
ကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့ လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာမှ အနီးနားဝန်းကျင်ရှိ ကျေးရွာများမှ ကောလာဟလ သတင်းများကြောင့် အထိတ်တလန့် ဖြစ်စေကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့ စုပြုံရောက်ရှိလာကြောင်း သိရသည်။

''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာ ဘာဖြစ်တယ်မှန်း မသိလိုက်ဘူး။ လူစုလူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့
ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေး
ကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေးနှစ်
ယောက်ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို
ခေါ်ပြီးညှိနှိုင်းရမှာပါ''ဟု အေလာမြို့ ဒေသ ခံကျောင်းသားမိဘတစ်ဦးက
ပြောသည်။

အေလာမြို့ကျောင်းများတွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း ဖြစ်
စေနိုင်သော လှုံ့ဆော်မှု ကောလာဟလများကြောင့်ပျဉ်းမနားမြို့ပေါ်ရှိ
ကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက်ရှိ လာကြ
သဖြင့် နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်
နေကြောင်း သိရသည်။

eleven media group
နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည့်အတွက် လုံခြုံရေးချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက်တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသားမိဘများ စိတ်ပူပန်စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစုလူဝေး ဖြစ်ပေါ်စေ ခဲ့ကာ အေလာ မြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှလာရောက်လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင် ကြားနေ သည့် အဋ္ဌမတန်း ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာတွင် ကျောင်းအုပ်ကြီး မှ နှစ်ဦး စလုံးအား ကျောင်းပြောင်း ခိုင်းခဲ့ကြောင်း သိရသည်။

ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေးကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေး
နှစ်ယောက်ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကိုခေါ်ပြီး... ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့် ကျောင်းသူနှစ်ဦး အနက်မှ ငှက်ပျောတောကျေး ရွာနေ ကျောင်းသူ အား အေလာမြို့ အ.လ.က(ခွဲ)တွင် ကျောင်းပြန်အပ်ရာ အဆိုပါကျောင်းမှ လက်မခံ သဖြင့် ကျောင်းသား မိဘနှင့် ကျေးရွာသူကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့ လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာမှ အနီးနားဝန်းကျင်ရှိ ကျေးရွာများမှ ကောလာဟလ သတင်းများကြောင့် အထိတ်တလန့် ဖြစ်စေကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့ စုပြုံရောက်ရှိလာကြောင်း သိရသည်။

''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာဘာဖြစ်တယ်မှန်း မသိလိုက်ဘူး။ လူစု လူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ်လို့ ပြော တယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲဒါကြောင့် ဘေး ကကောလာဟလ တွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ ကလေးနှစ်ယောက်ကို ကျောင်းထုတ်လိုက် တဲ့ အထိတော့မလုပ်သင့်ဘူး။ မိဘတွေကိုခေါ်ပြီးညှိနှိုင်းရမှာပါ''ဟု အေလာမြို့ ဒေသ ခံကျောင်းသား မိဘ တစ်ဦးကပြောသည်။

အေလာမြို့ကျောင်းများတွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှု ကောလာ ဟလများကြောင့်ပျဉ်းမနားမြို့ပေါ်ရှိကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက်ရှိ လာကြ သဖြင့် နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်နေကြောင်း သိရသည်။

EMG

No comments:

Post a Comment