Monday, June 17, 2013

မြောက်ကိုရီးယား နိုင်ငံ နျူကလီးယား လက်နက် အသုံးပြု၍ ကာကွယ်ရေး စွမ်းအားတိုးမြှင့် သွားမည်

မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန်၏ စစ်ပွဲဖြစ်ပွားရန် ခြိမ်းခြောက်မှုနှင့် တောင်ကိုရီးယား၏ ထိပ်တိုက် တွေ့ဆုံမှုမူဝါဒများအား နျူကလီးယား လက်နက်အသုံးပြု၍ ကာကွယ်ရေး စွမ်းအားကို တိုးမြှင့်
သွားမည် ဖြစ်ကြောင်း သိရသည်။ အမေရိကန်နှင့်  တောင်ကိုရီးယား နိုင်ငံတို့၏ မဆင်မခြင် ရန်စမှု သည် နျူကလီးယား စစ်ပွဲဖြစ်ပွား သွားနိုင်ကြောင်း ဇွန် ၁၅ ရက်ထုတ် မြောက်ကိုရီးယား နိုင်ငံပိုင် ရိုဒေါင်းဆင်မွန် နေ့စဉ် သတင်းစာ၏ ဖော်ပြချက်အရသိရသည်။
ထို့အပြင် ကိုရီးယား နှစ်နိုင်ငံ၏ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ ပျက်ပြား သွားခဲ့ရခြင်း အပေါ် တောင်ကိုရီးယား နိုင်ငံအား အဆိုပါ သတင်းစာက ပြစ်တင်ရှုတ်ချ ခဲ့ကြောင်း သိရ သည်။ တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ၏ လွန်ခဲ့သော ခြောက်နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံ ဆွေးနွေးပွဲအား တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် ဇွန် ၁၂ ရက်နှင့် ၁၃ ရက်က ပြုလုပ်ရန် စီစဉ်ထား သော်လည်း နှစ်ဖက်တက်ရောက်မည့် ကိုယ်စားလှယ် အဆင့် မညီညွတ် မှုကြောင့် ပျက်ပြား သွားခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ၏အဓိကရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ကေဆုန် စက်မှုဇုန် ရပ်ဆိုင်းထားမှုအား ပြန်လည်ဖွင့်လှစ်ရေးနှင့် တောင်ကို ရီးယား နိုင်ငံ မှ မြောက်ကိုရီးယား နိုင်ငံရှိ ကွမ်ဂန်းတောင်ပေါ် အပန်းဖြေ စခန်းသို့ ခရီးသွား လုပ်ငန်း ဆောင်ရွက် ခွင့် ပြန်လည် ရရှိရေးတို့ အတွက် ဖြစ်ကြောင်းသိရသည်။

From...မြ၀တီ

No comments:

Post a Comment