စာနယ်ဇင်းကောင်စီက တစ်စုံတစ်ရာပြင်ဖို့ အကြောင်းမရှိဘူးလို့ တုန့်ပြန်တဲ့အခါ မပြင်ပေးရင်
ဝန်ကြီး ဌာနအနေနဲ့ လွှတ်တော်ကို မတင်ပေး နိုင်ဘူးဆိုပြီး
ပြောခဲ့တဲ့အကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) က ပြောခွင့်ရှိသူ
ဦးသီဟစော ကပြောပါတယ်။
ပြန်ကြားရေးဌာနအနေနဲ့ လွှတ်တော်ကို
မတင်ပေးရင်လည်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကနေ တင်ပြဖို့
ပြန်ပြောတဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က တင်လာတဲ့
ဥပဒေကြမ်းကို ကန့်ကွက်မယ်ဆိုပြီး ပြောတဲ့ အထိ အခြေအနေတွေ
တင်းမာခဲ့တယ်လို့ ဦးသီဟစောက ပြောပါတယ်။
”ဦးရဲထွဋ်က ဘာပြောလဲဆိုတော့ တကယ်လို့ လွှတ်တော်အမတ် တစ်ဦးဦးက တင်ရင်တော့ အဆုံးထိ လိုက်ပြီးကန်ကွက်မယ်တဲ့။ အဲဒီလိုပြောတယ်။ သူတို့ ပြင်ခိုင်းတဲ့ အချက်တွေက အီလက်ထရောနစ် မီဒီယာ နဲ့အင်တာနက် ဆိုတာကိုပြောတယ်။ အင်တာနက်လို့ ပြောင်းပါလို့ ပြောတယ်။ ကျတော်တို့က အီလက်ထရောနစ်လို့ပြောတယ်။ ရေရှည်မှာ အီလက်ထရောနစ်က ကျယ်ပြန့်လာလိမ့် မယ်။ အင်တာနက် တင်မကဘူး မိုဘိုင်းတွေကပါ ပါလာမယ်။ နောက်တစ်ခု စာနယ်ဇင်းကောင်စီပဲဖြစ်ဖြစ် မီဒီယာကောင်စီပဲဖြစ်ဖြစ် တကယ်တမ်းမှာ ၁ ခုပဲ ရှိရမယ်။ နောက်ပိုင်းမှာ ရှုတ်ထွေးမှာစိုးလို့။ သူတို့က မီဒီယာကောင်စီက တစ်ခု Public Service Media ကောင်စီက တစ်ခု၊ ကောင်စီတွေ အများကြီး ဖြစ်ရမယ်။ တစ်ခုထဲ ဖြစ်ရမယ်ဆိုတဲ့အချက်ကို ဖြုတ်ခိုင်းတယ်။ မဖြူတ်နိုင်ဘူးလို့ ကျနော် တို့ ပြောခဲ့တယ်။”
အီလက်ထရောနစ်မီဒီယာဆိုတဲ့နေရာမှာ
အင်တာနက်ဆိုတာနဲ့ ပြောင်းပေးဖို့ ပြောလာတာကို မပြောင်းပေးတဲ့အပြင်
မီဒီယာကောင်စီဆိုတာ တစ်ခုတည်း ရှိသင့်တယ်လို့ ပြောသွားတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့
ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ရေးနဲ့
ထုတ်ဝေရေးဥပဒေကြမ်း အပေါ် စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့က
ကန့်ကွက်မှုတွေလုပ်နေသလို စာနယ်ဇင်းကောင်စီ (ယာယီ)က ရေးဆွဲထားတဲ့
သတင်းမီဒီယာဥပဒေ ကြမ်းအပေါ်မှာ လည်း ပြန်ကြားရေး ဝန်ကြီးဌာန က
ပြင် ဆင်ခိုင်းတာတွေ လုပ်နေပြီး အငြင်းပွားနေကြပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက
ရေးဆွဲတဲ့ ပုံနှိပ်ရေးနဲ့ ထုတ်ဝေရေးဥပဒေကြမ်းကိုတော့ မကြာခင် ကပဲ
ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တဲ့အကြောင်း ရေဒီယို သြစတြေးလျ
သတင်းထောက် မဝေစန္ဒာကျော်က သတင်းပေးပို့ထားပါတယ်။
From...ABC Radio
No comments:
Post a Comment