Monday, July 8, 2013

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်

video-july8
ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေသည်ကို တွေ့မြင်ရစဉ်
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ထည့်
သွင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ အဆင့်သတ်မှတ်မှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာတွင် ထားရှိသည့် အဆင့်သတ်မှတ်မှုများကို စတင်လေ့လာလျက်ရှိပြီး အာဆီယံ နိုင်ငံများတွင် သတ်မှတ် မှုနှင့် နှိုင်းယှဉ်သတ်မှတ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
"ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေကို အသက်အရွယ်အလိုက် အဆင့်သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ စတင်ဆွေးနွေး သွားမှာပါ။ အဓိကတော့ အမျိုးသား ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ တိုင်းရင်းသားအရေးတွေ မထိခိုက်စေဖို့ကို ကြည့်ရှုမှာဖြစ်ပြီး လွတ်လပ်တဲ့ အနုပညာ ဖန်တီးမှုတွေ မြှင့်တင်နိုင်ဖို့အတွက် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ဖို့ကို စီစဉ်တာပါ။ ဒီလိုသတ်မှတ်ရာမှာ အာဆီယံနိုင်ငံတွေမှာ ထားရှိတဲ့ သတ်မှတ်ချက်တွေကို လေ့လာနေပါတယ်။ အဲဒီ သတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့သည်။
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကို အဆင့်သတ်မှတ်ချက်ဖြင့် ပြောင်းလဲခွင့်ပြုရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်ဖြစ်ပြီး ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များကိုလည်း ခေါ်ယူ အသိပေး ဆွေးနွေး မှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ယင်းကဲ့သို့ ညှိနှိုင်းသတ်မှတ်မှုများ ဆောင်ရွက်ပြီးပါက ဇာတ်ကား များကို အဆင့်သတ်မှတ်ချက်ဖြင့်ပင် ခွင့်ပြုပေးသွားမည်ဟု သိရသည်။ ယင်းကဲ့သို့ အဆင့် သတ်မှတ် မှုများ ပြုလုပ်ရာတွင် G(General)  မည်သူမဆို ကြည့်ရှုနိုင်သည့် ဇာတ်ကား၊ PG 13 ၁၃ နှစ်အောက် အုပ်ထိန်းသူနှင့်အတူ ကြည့်ရှုခွင့်ပြုခြင်း၊ R-13  အသက် ၁၃ နှစ်နှင့် အထက်ရှိသူများ ကြည့်ရှုနိုင်ခြင်း၊ R-18 အသက် ၁၈ နှစ်အောက်ကြည့်ရှု၊ X အများပြည်သူသို့ ကြည့်ရှုခြင်း ခွင့်မပြုသည့် ဇာတ်ကားဟူ၍ အဆင့်သတ်မှတ်ချက်များ ခွဲခြားခွင့်ပြုသွားရန် စီစဉ်ထားသည်ဟု သိရသည်။
မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် မူလသတ်မှတ်ထားသည့် ဆင်ဆာသတ်မှတ်ချက် ၁၀ ချက်မှ ခြောက်ချက်သို့ လျှော့ချခဲ့ပြီးနောက် ယခုနှစ်ပိုင်းတွင် အသက်အရွယ်အလိုက် အဆင့်သတ် မှတ်မှု ပြုလုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

From...EMG

No comments:

Post a Comment