Friday, July 19, 2013

မြန်မာနိုင်ငံအတွက် ဥရောပသမဂ္ဂက လက်နက်မှလွဲ၍ ကျန်ပစ္စည်းအားလုံး ကုန်သွယ်ခွင့်နှင့် အထူးအခွင့်အရေးများ ပေးအပ်မှု ဇူလိုင် ၁၉ ရက်မှ စ၍ အသက်ဝင်မည်

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးအပ်သော လက်နက်မှလွဲ၍ ကျန်ပစ္စည်းများအားလုံး ကုန်သွယ်ခွင့်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးအားလုံး ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှစတင်ကာ အသက်ဝင် မည် ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုအထူး အခွင့်အရေးအရ မြန်မာနိုင်ငံသည် လက်နက်နှင့် ခဲယမ်းမီးကျောက်များမှလွဲ၍ ကျန်ကုန် ပစ္စည်း များအားလုံးကို တင်ပို့ရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ဝေစုကန့်သတ်ချက် ကင်းလွတ်ခွင့်များ ခံစားရမည် ဖြစ်သည်။

အဆိုပါ ကုန်သွယ်ခွန် ကင်းလွတ်ခွင့်ကို မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများနှင့် အဓမ္မ စေခိုင်းမှု များကြောင့် ၁၉၉၇ ခုနှစ်တွင် ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အဖွဲ့ ဥရောပ ငါးနိုင်ငံသို့ သွားရောက်ခဲ့ သည့်  ခရီးစဉ်အပြီး ဧပြီလကတည်းက လက်နက်ရောင်းဝယ်မှုမှလွဲပြီး ကျန်ပိတ်ဆို့ အရေးယူမှုများ အားလုံး ဖယ်ရှားပေးရန် သဘောတူညီခဲ့သည်။ ၎င်းတို့က ပြီးခဲ့သည့် ဇွန် ၁၂ ရက်က မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်း လဲရေး လုပ်ဆောင်မှုများကြောင့် ကုန်သွယ်မှု အထူးခံစားခွင့် အခွင့်အရေး ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အဆိုပါ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးမှာ စာရွက်ပေါ်တွင်သာ ရှိနေပြီး ယခုနှစ်ကုန်ပိုင်း တွင်မှ အမှန်တကယ် ခံစားရဖွယ် ရှိနေသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သော်လည်း ယခုဇူလိုင် ၁၉ ရက်မှစတင်ကာ ခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။ ထိုသို့ အခွန်ကင်းလွတ်ခွင့်နှင့် ဝေစုကန့်သတ် ချက် ကင်းလွတ်ခွင့်ကို ဥရောပသမဂ္ဂက ဖွံ့ဖြိုးဆဲနိုင်ငံ ၂၇ နိုင်ငံကို ပေး အပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မှာ ကုလသမဂ္ဂမှ သတ်မှတ်သည့် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ စာရင်းဝင်ဖြစ်သည့် အတွက် အဆိုပါ အကျိုးခံစား ခွင့်ကို ရရှိခြင်း ဖြစ်သည်။

ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး ကာရယ်ဒီဂေါ့က ''ကုန်သွယ်ရေးဆိုတာ နိုင်ငံရေး တည်ငြိမ်မှုကို အထောက်အပံ့ ဖြစ်စေတဲ့ အခြေခံ အချက်ဖြစ်တဲ့ အတွက် အီးယူရဲ့ ကုန်သွယ်ရေး အထူး ခံစားခွင့်ကို ပြုပြင်ပြောင်းလဲလိုစိတ်ရှိနေတဲ့ မြန်မာနိုင်ငံကို ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန် မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အများကြီး အထောက်အကူ ဖြစ်စေပြီး နိုင်ငံ သားတွေလည်း အကျိုးခံစားရစေမှာ ဖြစ်ပါတယ်'' ဟု မှတ်ချက်ပြု ပြောကြားခဲ့သည်။
ELEVEN

No comments:

Post a Comment