Thursday, July 11, 2013

၂၀၀၂ မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်း၊ ငလျင်နှင့် ရေကြီးမှုဒဏ်ကြောင့် လူဦးရေ သုံးသန်းကျော် ထိခိုက်ခဲ့


naturaldanger-july11
မိုးရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်း ရေကြီးခဲ့ပြီး တာချီလိတ်မြို့ပေါ်တွင် ရေကြီးနေသည်ကို ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဆူလဏီး)
၂၀၀၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း၊ ငလျင်နှင့် ရေကြီးမှုဒဏ်ကြောင့် လူဦးရေ ၃ သန်းကျော် ထိခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးရေးရုံး (UNOCHA) မှ သိရသည်။
မြန်မာနိုင်ငံသည် မုန်တိုင်း၊ ရေကြီးမှု၊ ငလျင်၊ မြေပြိုမှု အန္တရာယ်နှင့် ဆူနာမီ အန္တရာယ်များကို ထိခိုက် ခံစားလွယ်သည့် အနေအထားတွင် ရှိနေသည်ဟု သိရသည်။
မြန်မာနိုင်ငံသည် သမိုင်းအထောက်အထားများအရ နှစ်နှစ်လျှင် တစ်ကြိမ်ခန့် အလယ်အလတ်အဆင့် (သို့မဟုတ်) ကြီးမားသော အဆင့်ရှိ သဘာဝ ဘေးအန္တရာယ်များ ဖြစ်နိုင်ခြေ ရှိနေသည်ဟု UNOCHA က ဆိုသည်။
ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်က စတင်ပြီး ယခုအချိန်အထိ မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း၊ ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သော  ရခိုင်ပြည်နယ်မြောက်ပိုင်း ရေကြီးမှု၊ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာတွင် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်း၊ ၂၀၁၁ ပြည့်နှစ် မတ်လတွင် ရှမ်းပြည်နယ်တွင် လှုပ်ခတ်ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ ငလျင်၊ ၂၀၁၁ ခုနှစ် အောက်တို ဘာလတွင် ဖြစ်ပွားခဲ့သော မကွေးတိုင်းရေကြီးမှု၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော မြန်မာနိုင်ငံ အနှံ့အပြား ရေကြီးမှု၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ မြောက်ပိုင်း၌ လှုပ်ခတ်ခဲ့သော အင်အား ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းငလျင်၊ ၂၀၁၃ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော အပူပိုင်း မုန်တိုင်း တို့၏ သက်ရောက်မှု အန္တရာယ်ကို ခံစားခဲ့ရသည်။  
အဆိုပါ သဘာဝ ဘေးအန္တရာယ်များကြောင့် အသက်အိုးအိမ် ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ၊ အသက်မွေးဝမ်းကျောင်း ဆုံးရှုံးမှုများ၊ နေရပ်ရွှေ့ပြောင်းရမှုများ၊ လမ်းတံတား ပျက်စီးမှုများ ကြုံတွေ့ ခဲ့ရသည်။
မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အတွက် အာရှ-ပစိဖိတ် ဒေသတွင် သဘာဝ ဘေးအန္တရာယ် အများ ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အာရှဒေသတွင်း ရာသီဥတု ဖောက်ပြန်မှုများကြောင့် ထိခိုက် သက်ရောက်နိုင်ခြေ အများဆုံးမြို့များတွင် ရန်ကုန်မြို့သည် နံပါတ်လေးနေရာ သို့ ရောက် ရှိနေကြောင်း သိရသည်။
၂၀၀၂-၂၀၁၃ ခုနှစ်အတွင်း သဘာဝ ဘေးအန္တရာယ်ကြောင့် သက်ရောက်မှု ခံစားရသည့် သူများထဲတွင် ဆိုင်ကလုန်းမုန်တိုင်း သုံးခုကြောင့် ထိခိုက်ခံရသူဦးရေ  ၂ ဒသမ ၆ သန်း၊ ရေကြီးမှုများကြောင့် ထိခိုက် ခံစားရသူဦးရေ ၅၀၀၀၀၀ ခန့်၊ ငလျင်ကြီးနှစ်ခုကြောင့် ထိခိုက်ခံစားရသူဦးရေ ၁၈၀၀၀ ခန့် ရှိကြောင်း သိရသည်။

From...EMG

No comments:

Post a Comment