Tuesday, July 23, 2013

ပြည်သူ့ဆန္ဒကို မတင်ပြဘဲ လွှတ်တော်ကိုယ်စားလှယ်အချို့ ၎င်းတို့၏ ဆန္ဒကိုသာ တင်ပြနေခြင်းမှာ ဖြစ်နိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

လွှတ်တော်တွင်းတွင် အများပြည်သူတို့၏ အသံ၊ အများပြည်သူတို့၏ ဆန္ဒကို မတင်ပြဘဲ အချို့သော လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ ဆန္ဒကိုသာ တင်ပြနေကြခြင်းများ ဖြစ်ပေါ်နေသည် ဆိုခြင်းမှာ ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင် ၁၈ ရက်က ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်တွင် ပြုလုပ်သော မြန်မာဂျာနယ်လစ် ကွန်ရက်အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့ တွေ့ဆုံပွဲတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေကြားရာ၌ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ လွှတ်တော်ဆန္ဒ ဆိုသော်လည်း တချို့သော လွှတ်တော်ကိုယ်စားလှယ်တွေ ပြောနေတာ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ဘူးဆိုတာ ဖြစ်နိုင်ပါတယ်...


''ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ လွှတ်တော်ဆန္ဒ ဆိုသော်လည်း တချို့သော လွှတ်တော်ကိုယ်စားလှယ်တွေ ပြောနေတာ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ဘူး ဆိုတာ ဖြစ်နိုင်ပါတယ်။ဖြစ်တယ်လို့တော့ အတိအကျပြောလို့ မရပါဘူး။ ဘယ်လိုကိစ္စမျိုးတွေ၊ သူတို့ အတွက် ပြောတယ်ဆိုရင်တော့ ပိုပြီးကောင်းနိုင်ပါတယ်။ ဘယ်လွှတ်တော် ကိုယ်စားလှယ် ကတော့ ပြည်သူ့ဆန္ဒ မဟုတ်ဘဲ သူ့ဆန္ဒကို ပြောနေတယ်ဆိုပြီး တိတိ ကျကျ ဖော်ပြနိုင်ရင်တော့ ပိုပြီး ကောင်းနိုင်ပါတယ်'' ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင် မှ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သော အစီရင်ခံစာများအပေါ် ဆောလျင်စွာ အရေး ယူ ဆောင်ရွက်ပေးရန် အဆိုအပေါ် ၀င်ရောက်ဆွေးနွေးခဲ့သူ ဇေကမ္ဘာကုမ္ပဏီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်ရွှေအား လွှတ်တော်ကိုယ်စားလှယ်အချို့က ၎င်းဆန္ဒနှင့် အကျိုးစီးပွား အပေါ်သာ မူတည်ပြီး ၀င်ရောက် ဆွေးနွေးခဲ့သည်ဟု ဝေဖန်မှုများ ရှိနေသည်။

From...EMG

1 comment:

  1. NLD..အမာခံဟောင်းတဦးJuly 23, 2013 at 12:13 PM

    မှန်ပါတယ်..ပြည်သူ့သဘောနဲ့ဆန်ကျင့်ဘက်တွေတင်တာပါ..(ကျုပ်က)
    NLD--နဲ့..လူ့အခွင့်ရေး..အမါခံအဖွဲ့ကနှုပ်ထွက်လာတဲ့လူတယောက်ပါ..
    ဦးရွှေမန်းတို့ညံ့လှချည်လားတွေးနေတာ..မြင်သားဘဲ...

    ReplyDelete