Tuesday, July 23, 2013

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေ


Photo: မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေ
Tuesday, July 23, 2013

မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အသည်းရောဂါ ပညာဌာန၌ ၂၀၁၂ ခုနှစ်အတွင်း တက်ရောက် ကုသခဲ့သည့် လူနာများအနက် အသည်းခြောက် ရောဂါကြောင့် တက်ရောက် ကုသရသည့် လူနာဦးရေမှာ တတိယ အများဆုံး ဖြစ်နေပြီး ကင်ဆာရောဂါများအနက် အသည်းကင်ဆာ ရောဂါမှာ ဒုတိယအဖြစ် အများဆုံး ကင်ဆာ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံရနှုန်းမှာ လူ ၁၀ ဦးတွင် တစ်ဦးနှုန်း ရှိနေပြီး နိုင်ငံလူဦးရေ ခြောက်သန်းခန့်မှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံထားရကြောင်းနှင့် အသည်းရောင် အသားဝါ ရောဂါများကြောင့် အသည်းကင်ဆာ ဖြစ်နှုန်းများလည်း သိသိသာသာ မြင့်မားလျက်ရှိကြောင်း သိရသည်။

''ဘီပိုး၊ စီပိုးတွေ ဖြစ်နှုန်းများလာတာက အခုနောက်ပိုင်း ကုသမှု စနစ်တွေမှာ သွေးကိုသုံးပြီး ကုသတာတွေပါတယ်။ သွေးကိုထိမိ ကိုင်မိလို့၊ တစ်ခါသုံး ပစ္စည်းတွေ မသုံးတာတွေရဲ့ အကျိုးဆက်တွေ ကြောင့်လို့ ယူဆရတယ်။ အခုနှစ်ပိုင်းမှာ အသည်းရောင် အသားဝါနဲ့ ပတ်သက်ပြီး တော်တော်လေး ပြောကြတယ်။ အရင်ကတော့ အိတ်ခ်ျအိုင်ဗွီကို ကြောက်ကြတယ်။ အိတ်ခ်ျအိုင်ဗွီထက် ဘီပိုးစီပိုးက ပိုပြီးကူးစက်ဖို့ အခွင့်အလမ်း ပိုမြန်တယ်။ အခုလက်ရှိမှာတော့ အသက် ၄၀ နဲ့ ၅၀ ကြား အသက်အရွယ်တွေမှာ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာတွေ များနေပါတယ်'' ဟု အသည်းရောဂါ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အသည်းရောင် အသားဝါ ဘီပိုးဖြစ်ပွားနှုန်း လျော့ချရေးအတွက် မွေးစကလေးငယ်များတွင် ဘီပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျက်ရှိပြီး ငါးနှစ်အောက် ကလေးငယ်များကိုလည်း ထိုးနှံပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အသည်းရောင် အသားဝါရောဂါ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ပိုးများအနက် ဘီနှင့်စီပိုးများမှာ အသည်းရောင်အသားဝါ၊ အသည်းခြောက်နှင့် အသည်းကင်ဆာ ရောဂါများကို ဖြစ်စေနိုင်ပြီး ယင်းရောဂါများ ဖြစ်ပွားပါက ရောဂါလက္ခဏာ သိသာထင်ရှားစွာ ပြသလေ့ မရှိသည့်အတွက် ရောဂါနောက်ဆုံးအဆင့် ရောက်မှသာ သိကြလေ့ရှိကြောင်း သိရသည်။

Eleven Media Group

ကျန်းမာရေး ၀န်ထမ်းများမှ ပုံမှန်သွေးလှူရှင်များအား အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနှံစဉ်
မြန်မာနိုင်ငံတွင် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားနှုန်း မြင့်မားနေပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အသည်းရောဂါ ပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ၀င်းနိုင်က ပြောကြားသည်။


ရန်ကုန်ပြည်သူ့ဆေးရုံကြီး အသည်းရောဂါ ပညာဌာန၌ ၂၀၁၂ ခုနှစ်အတွင်း တက်ရောက် ကုသခဲ့သည့် လူနာများအနက် အသည်းခြောက် ရောဂါကြောင့် တက်ရောက် ကုသရသည့် လူနာဦးရေမှာ တတိယ အများဆုံး ဖြစ်နေပြီး ကင်ဆာရောဂါများအနက် အသည်းကင်ဆာ ရောဂါမှာ ဒုတိယအဖြစ် အများဆုံး ကင်ဆာ ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံရနှုန်းမှာ လူ ၁၀ ဦးတွင် တစ်ဦးနှုန်း ရှိနေပြီး နိုင်ငံ လူဦးရေ ခြောက်သန်းခန့်မှာ အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံထားရကြောင်းနှင့် အသည်းရောင် အသားဝါ ရောဂါများကြောင့် အသည်းကင်ဆာ ဖြစ်နှုန်းများလည်း သိသိသာသာ မြင့်မား လျက်ရှိကြောင်း သိရသည်။

''ဘီပိုး၊ စီပိုးတွေ ဖြစ်နှုန်းများလာတာက အခုနောက်ပိုင်း ကုသမှု စနစ်တွေမှာ သွေးကိုသုံးပြီး ကုသ တာတွေပါတယ်။ သွေးကိုထိမိ ကိုင်မိလို့၊ တစ်ခါသုံး ပစ္စည်းတွေ မသုံးတာတွေရဲ့ အကျိုး ဆက်တွေ ကြောင့် လို့ ယူဆရတယ်။ အခုနှစ်ပိုင်းမှာ အသည်းရောင် အသားဝါနဲ့ ပတ်သက် ပြီး တော်တော်လေး ပြောကြတယ်။ အရင်ကတော့ အိတ်ခ်ျအိုင်ဗွီကို ကြောက်ကြတယ်။ အိတ်ခ်ျအိုင်ဗွီ    ထက် ဘီပိုးစီပိုးက ပိုပြီးကူးစက်ဖို့ အခွင့်အလမ်း ပိုမြန်တယ်။ အခုလက်ရှိမှာတော့ အသက် ၄၀ နဲ့ ၅၀ ကြား အသက်အရွယ်တွေမှာ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်တာတွေ များနေပါတယ်'' ဟု အသည်းရောဂါ ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ကျန်းမာရေး ၀န်ကြီးဌာန အနေဖြင့် အသည်းရောင် အသားဝါ ဘီပိုးဖြစ် ပွားနှုန်း လျာ့ချရေး အတွက် မွေးစကလေးငယ်များတွင် ဘီပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးလျက်ရှိပြီး ငါးနှစ်အောက် ကလေးငယ်များကိုလည်း ထိုးနှံပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အသည်းရောင် အသားဝါရောဂါ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး ပိုးများအနက် ဘီနှင့်စီပိုးများမှာ အသည်းရောင် အသားဝါ၊ အသည်းခြောက်နှင့် အသည်းကင်ဆာ ရောဂါများကို ဖြစ်စေနိုင်ပြီး ယင်းရောဂါ များ ဖြစ်ပွားပါက ရောဂါလက္ခဏာ သိသာထင်ရှားစွာ ပြသလေ့ မရှိသည့် အတွက် ရောဂါနောက်ဆုံး အဆင့် ရောက်မှသာ သိကြလေ့ရှိကြောင်း သိရသည်။

Eleven Media Group

ကျန်းမာရေး ၀န်ထမ်းများမှ ပုံမှန်သွေးလှူရှင်များအား အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနှံစဉ်

No comments:

Post a Comment