Saturday, July 6, 2013

ဗန်းမော် မြစ်ကြီးနား လမ်းကြောင်းမှ ဒေါ့ဖုန်းယန်နှင့် မိုးလဲချောင်းတံတား ကြားတွင် မိုင်းရှင်းလင်းရေး ဆောင်ရွက် ……..

တပ်မတော်အနေနှင့် နယ်မြေအေးချမ်း သာယာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် ဆောင်ရွက် လျက်ရှိရာ ဗန်းမော် မြစ်ကြီးနား လမ်းကြောင်းမှ ဒေါ့ဖုန်းယန်နှင့်
မိုးလဲချောင်း တံတား နယ်မြေအတွင်း မိုင်းရှင်းလင်း ခြင်းများ ဆောင်ရွက် နိုင်ခဲ့ပြီး မိုင်းမျိုးစုံ (၂၀)လုံးကျော် ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် ၂၀၁၃ ဇူလိုင်လ ၅ရက်နေ့ နံနက် ၇နာရီ ၁၅ အချိန်တွင် တာဝန်သိ ပြည်သူတစ်ဦးမှ ဒေါ့ဖုန်းယန် မြို့ အထွက် ၎င်းတို့၏ လယ်ယာလုပ်ငန်းခွင် အတွင်း လယ်ကွင်းများ ဘေးတွင် မသင်္ကာဖွယ် အထုပ် တစ်ထုပ် တွေ့ရှိကြောင်း လာ ရောက် သတင်းပို့သဖြင့် နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာ တပ်မှ သွားရောက်ရှာဖွေ ရှင်းလင်းခဲ့ပါသည်။ ရှင်းလင်းရာတွင် ဒေါ့ဖုန်းယန်မြို့မှ ဗန်းမော်မြို့အထွက် ကားလမ်းဘေးရှိ ချုံအတွင်း ပီနံအိတ် အတွင်းမှ အစိတ်(၆၀)တိုက်မိုင်း (၃)လုံး၊ PALA BOMB (Kachin) တံဆိပ်ပါ စတီးချိုင့်မိုင်း (၂)လုံး၊ စစ်စိမ်းရောင် အမြင့်(၆)လက်မ၊ အလျား(၈)လက်မ၊ အနံ (၅)လက်မ ခန့်ရှိ ဒေသန္တရ ပလပ်စတစ် မိုင်း(၁)လုံး၊  Remote ဆားကစ် (၁)ခု၊ လျှပ်စစ် စနက်တံ(၆)ချောင်း တို့အား ရှာဖွေ တွေ့ရှိခဲ့၍ သက်မဲ့ ပြုလုပ်ကာ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိပါသည်။

From...မြ၀တီ

No comments:

Post a Comment