Thursday, July 25, 2013

ကျောင်းသားတွေသေဆုံးမှုနဲ့ ကျောင်းအုပ် ဆရာမ အဖမ်းခံရ


အိန္ဒိယနိုင်ငံက ​ပြီးခဲ့တပတ်ကပဲ ​မူလတန်းကျောင်းက ​ကျောင်းသား​၂၃ယောက်လောက် ​သေဆုံးစေခဲ့တဲ့ ​အစာအဆိပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီးတော့ ​သံသယရှိသူ ​ကျောင်းအုပ်ဆရာမကို ​အိန္ဒိယရဲတွေက​ဖမ်းဆီး လိုက်ပြီလို့ ​သိရပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ ​ကလေးငယ်တွေကို ​သေစေတဲ့ ​အစာထဲမှာ ​ပိုးသတ်ဆေးတွေ ​ပါဝင် တယ်လို့​ဆိုပါတယ်။ ​လေ့လာစစ်ဆေးရေးသမားတွေရဲ့ ​အဆိုအရ ​ချက်ပြုတ်တဲ့ ​စားဆီတွေဟာ ​ပိုး သတ်ဆေးဗူးမှာ ​ထည့်ထားတဲ့ ​ဆီတွေဖြစ်တယ်လို့ ​ဆိုပါတယ်။
အဲဒီဆီတွေနဲ့ ​နေ့လည်စာချက်တဲ့ ​ထမင်းချက်ကို ​ကျောင်းအုပ်က ​အတင်းထည့်ချက်ခိုင်းခဲ့တာဖြစ်မယ်လို့ ​စစ်ဆေးရေးသမား ​တွေကပြောတဲ့အကြောင်း ​အေဘီစီ ​သတင်းထောက် ​Stephane ​March ​က ​နယူးဒေလီမြို့ကနေ ​သတင်းပေးပို့ထားတာဖြစ်ပါတယ်။


ABC Radio

No comments:

Post a Comment