Sunday, August 4, 2013

ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် သံဃာတော်တစ်ပါးမှ ရက်အကန့် အသတ်မရှိ အစာငတ်ခံ ဆန္ဒပြ

U-4-8
အစာငတ်ခံ ဆန္ဒပြနေသော  ဆရာတော်ဘဒ္ဒန္တ ရက္ခ၀ံသအား သြဂုတ် ၃ ရက်နေ့ နံနက်ပိုင်း တွင် တွေ့ ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
ယခုလ ၈ ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး အရေးတော်ပုံနေ့တွင် နိုင်ငံအတွင်း ဖမ်းဆီးထားသော လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံးကို နိုင်ငံတော်အစိုးရမှ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်
ရန်အောင်မြေကျောင်းတိုက်၊ ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေးလမ်းလျှောက် နာယကဆရာတော် ဘဒ္ဒန္တရက္ခ၀ံသမှ သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ရက် အကန့်သတ်မရှိ အစာငတ်ခံဆန္ဒပြ တောင်းဆိုခဲ့သည်။
ရှစ်လေးလုံး ငွေရတု အခမ်းနားတွင် အကျဉ်းထောင်ထဲရှိ နိုင်ငံရေး သမားများကို မျက်နှာ စုံလင် စွာဖြင့် တွေ့ရှိလိုခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ အကြောင်းရင်းရှိသည့် အချိန်အခါနှင့် အသုတ် လိုက်ခွဲ ၍ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးနေခြင်းမှာ ၎င်းအနေဖြင့် နိုင်ငံရေး ကစားကွက် တစ်ခုဖြင့်သာ ထင်မြင်ကြောင်း၊ နိုင်ငံတော်ကို ပါတီစုံဖြင့် တည်ဆောက်မည်ဆိုပါက လက်ကျန်နိုင်ငံရေးသမား အကျဉ်းသားများကို သဘောထားကြီးစွာဖြင့် လွှတ်ပေးမှသာ ပြည်သူတွေ အနေနှင့် အစိုးရပေါ် အမြင်ရှင်းမည်ဖြစ်ကြောင်း စသည့်တောင်းဆိုချက်များဖြင့် တစ်ကိုယ်တော် အစာငတ်ခံ ဆန္ဒပြ ရခြင်းဖြစ်ကြောင်း သိရှိရသည်။
"ရှစ်လေးလုံး ငွေရတုနေ့မှာ အစိုးရနေနဲ့ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေး ဖို့ တောင်းဆိုပါတယ်။ ဦးဇင်းအနေနဲ့က နိုင်ငံရေး အကျဉ်းသားတွေအားလုံး မလွှတ်မချင်း ရက် အကန့်သတ်မရှိ အစာငတ်ခံ ဆန္ဒပြသွားမှာပါ" ဟု ဆရာတော် ဘဒ္ဒန္တရက္ခ၀ံသက သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် မိန့်ကြားခဲ့သည်။ ဆန္ဒပြရာတွင် သက်ဆိုင်ရာသို့ ခွင့်ပြုမိန့် မတင်ခြင်း အကြောင်းရင်းမှာ ဆရာတော်အနေဖြင့် နေရာမရွေ့ခြင်း၊ စီတန်းလှည့်လည်တာတို့ ပြုလုပ်တာ မဟုတ်တဲ့အတွက် ခွင့်ပြုမိန့် မတင်ခြင်းဖြစ်ကြောင်း သိရသည်။

EMG

No comments:

Post a Comment