Sunday, August 4, 2013

ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲ ကျင်း

W-4-8
ရှစ်လေးလုံးငွေရတု အခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်း ရောင်းချခြင်းနှင့် လက်မှတ်ရေး ထိုးပွဲတွင် ဦးမြအေး၊ ဦးမင်းကိုနိုင်၊ သရုပ်ဆောင် ခိုင်သင်းကြည်နှင့် လူမင်းတို့ အား တွေ့ရစဉ်
ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ရန်ပုံငွေရရှိရေး အမှတ်တရပစ္စည်းများ ရောင်းချခြင်းနှင့် လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ မြေနီကုန်း၊ မပိုလမ်းပေါ်ရှိ စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်တွင် သြဂုတ် ၃ ရက် နံနက် ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည်။
အဆိုပါ ရန်ပုံငွေ လက်မှတ်ရေးထိုးပွဲသို့ ၈၈ မျိုးဆက် ကျောင်းသားများဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးမြအေးတို့နှင့်အတူ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ လူမင်း၊ ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်တို့ တက်ရောက်ခဲ့ကြပြီး အထိမ်းအမှတ် တီရှပ်များ၊ ပို့စ်စကတ်များ၊ ပြက္ခဒိန်များကို အမှတ်တရ လက်မှတ် ရေးထိုး၍ ရောင်းချပေးခဲ့သည်။
"ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အောက်ကနေပြီးတော့ ရန်ကုန် ရှစ်လေးလုံး တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါတယ်။ အစိုးရကိုလည်း တခြားအဖွဲ့အစည်းတွေ နည်းတူ ဖိတ်ကြားထားပါတယ်။ ရှစ်လေးလုံးတွေ့ဆုံ ဆွေးနွေးပွဲ လွတ်လွတ် လပ်လပ် ဆွေးနွေးခြင်း ကနေ တိုင်းပြည်ကို အကျိုးရှိပြီး အနှစ်သာရရှိမယ့် ဦးတည်ချက်တွေ Policy တွေ ထွက်လာ လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုဆွေးနွေးရမယ်ဆိုတာ ကန့်သတ် ထားတာ မျိုး မရှိပါဘူး" ဟု ဦးမြအေးက ပြောကြားသည်။
ရှစ်လေးလုံး ငွေရတု တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားထားသော်လည်း အစိုးရဘက်မှ အကြောင်းပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။
ဦးမင်းကိုနိုင်က "၈၈ ခုနှစ် အခြေအနေနဲ့ ယခုခေတ် အခြေအနေက မြင်ကွင်းပဲ ပြောင်းလဲသွားတာ ရှိပါ တယ်။ အနှစ်သာရ အရကတော့ အာဏာသုံးရပ် အနေနဲ့ကတော့ ပြောင်းလဲခြင်း မရှိသေးပါဘူး။ မတရားမှုကို ပြန်လည်တွန်းလှန်တဲ့ ရှစ်လေးလုံး စိတ်ဓာတ်မျိုးကို ပြန်လည်ရရှိ လိုပါ တယ်။ ပြည်သူတွေ အနေနဲ့ တကယ်ညီညွတ်တယ်၊ သတ္တိရှိတယ်၊ စည်းကမ်းရှိတယ်ဆိုရင် ဘာမဆို အပြောင်းအလဲ လုပ်လို့ ရတယ်" ဟု ဦးမင်းကိုနိုင်က ပြောကြားသည်။

EMG

No comments:

Post a Comment