Wednesday, August 28, 2013

ဆီးရီးယားကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ဗြိတိန် အဆင်သင့်ဖြစ်

Russia and Western powers continue to disagree over a course of action following the alleged use of chemical weapons in Syria. (Credit: Reuters) 

ဆီးရီးယားနိုင်ငံက ​ပဋိပက္ခနဲ့ပတ်သက်ပြီး ​ပါဝင်တိုက်ခိုက်မှုပြုလုပ်ရမယ်ဆိုရင် ​အမေရိကန် ​ကာကွယ်ရေး ဌာနအနေနဲ့ ​သွားဖို့အသင့်ရှိနေတယ်လို့ ​အမေရိကန်နိုင်ငံကာကွယ်ရေးဌာနက ​ဆိုပါတယ်။
အမေရိကန်သမ္မတ ​Barack ​Obama ​ရဲ့ ​အမိန့်ပေးတဲ့အပေါ်မှာ ​လုပ်ဆောင်နိုင်ဖို့အတွက် ​အမေရိကန် စစ်တပ်က ​အသင့်ပြင်ထားပြီး ​ဖြစ်တယ်လို့ ​အမေရိကန်နိုင်ငံ ​ကာကွယ်ရေးဝန်ကြီး ​Chuck ​Hagel ​က ​ဘီဘီစီနဲ့ ​အင်တာဗျူးတခုမှာပြောသွားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံက ​တိုက်ပွဲတွင်းမှာ ​ဆီးရီးယားအစိုးရစစ်တပ်ဖက်က ​ဓာတုလက်နက်တွေ ​အသုံးပြုတယ်ဆိုတဲ့ကိစ္စနဲ့ ​ပတ်သက်ပြီးတော့လည်း ​ဗြိတိန်နိုင်ငံအနေနဲ့တုံ့ပြန်မှုလုပ်ဖို့အတွက် ​ဗြိတိန်ဝန်ကြီးချုပ် ​David ​Cameron ​ကလည်း ​လွှတ်တော်မှာ ​ဆွေးနွေးမှုပြု လုပ်ကြဖို့ ​တောင်းဆို လိုက်ပြီးတော့ ​ဓါတုလက်နက်အသုံးပြုတဲ့အပေါ်မှာ ​တုံ့ပြန်တဲ့အနေနဲ့ ​စစ်ရေးအရ ​၀င်ရောက် တိုက်ခိုက်မှု လုပ်ဖို့ကိုလည်း ​စဉ်းစားနေလို့ဆိုပါတယ်။ ​ဒါပေမယ့် ​ဗြိတိန်နိုင်ငံအနေနဲ့ ​အခုချိန်ထိ ​ဘာဆုံးဖြတ်ချက်မှ ​မချမှတ်ရသေးဘူးလို့ ​ဆိုပါတယ်။
ဆီးရီးယားစစ်တပ်ဖက်ကတော့ ​သူတို့အနေနဲ့ ​ဓါတုလက်နက်မသုံးပဲ ​သူပုန်ဖက်က သုံးတာဖြစ် တယ်လို့ ​ပြန်လည်စွပ်စွဲထားပါတယ်။ ​ဆီးရီးယားစစ်တပ်နဲ့ ​မဟာမိတ်အဖွဲ့ဖြစ်ကြတဲ့ ​ရှရှားနဲ့ ​တရုတ်နိုင်ငံ ကလည်း ​အခုလို ​စစ်ရေးအရ ​၀င်ရောက် ​စွက်ဖက်မှုတွေနဲ့ပတ်သက်ပြီးတော့ ​သတိပေးချက်တွေ ​ပိုမိုတိုးမြင့်လိုက်ပါတယ်။
အမေရိကန်နိုင်ငံက ​ပြီးခဲ့တဲ့တပတ်က ​ဆီးရီးယား ​ပဋိပက္ခအတွင်း ​စစ်တပ်ဖက်က ​ဓါတုလက်နက် အသုံးပြု မှုတွေ တယ်ဆိုတာကို ​အမေရိကန်ထောက်လှမ်းရေးတွေ ​တွေ့ရှိထားပြီး ​ဒီအချက်တွေကို ​ဖော်ပြ သွားဖို့ရှိ တယ်လို့ဆိုပါတယ်။
ဆီးရီးယား ​အစိုးရကတော့ ​ဓါတုလက်နက်အသုံးပြုမှုကိစ္စနဲ့ပတ်သက်ပြီး ​၀င်ရောက်စုံစမ်းစစ်ဆေးဖို့ ​အဖွဲ့ ​လမ်းဖွင့်ထားတယ်လို့ဆိုပါတယ်။
ဆီးရီးယားနိုင်ငံထဲကို ​နိုင်ငံတကာက ​စစ်ရေးအရ ​၀င်ရောက်စွက်ဖက်မှုတွေလုပ်မယ်ဆို ​ရင် ​ဒေသ တွင်း ကပြဿနာ ပိုမိုကြီးထားဖို့ပဲရှိတယ်လို့ ​အီရန်နိုင်ငံ ​စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ​ပြောပါတယ်။

ABC Radio Australia

No comments:

Post a Comment