မြန်မာနိုင်ငံအတွင်းမှ ခိုးသွင်းလာခဲ့ဖွယ်ရှိသော ဆင် ၁၄ ကောင်ကို အထောက်အထား လက်မှတ်အတု များဖြင့် ၀ယ်ယူထားသည့်ပိုင်ရှင်များထံမှ ထိုင်းရဲတပ်ဖွဲ့များက သြဂုတ် ၂၁ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
သည်။
မှတ်ပုံတင်ထားသော နေရာနှင့် ကွဲလွဲနေသည့်ဆင်များကို စတင်တွေ့ရှိရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် သားရိုင်း တိရစ္ဆာန် ဆိုင်ရာ အရာရှိ ၁၀၀ နီးပါးက ရှာဖွေစစ်ဆေးမှုများကို ပြုလုပ်ရာမှ ယခုဆင်များကို ဖမ်းမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''အခုဖမ်းမိတဲ့ ဆင်တွေဟာ မြန်မာနိုင်ငံ အဲဒီအနီး ၀န်းကျင်မှာရှိတဲ့ တောထဲကနေ ထိုင်းနိုင်ငံထဲကို ခိုးသွင်းလာတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်'' ဟု သားရိုင်းတိရစ္ဆာန် ရောင်းဝယ် မှု စောင့်ကြည့်ရေးကွန်ရက် TRAFFIC ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဆင်များကို ထိုင်းနိုင်ငံအတွင်း လေ့ကျင့်ပေးပြီး ဆင်စခန်းများသို့ပို့ကာ ရက်အပြောင်း အလဲ ပြုလုပ်ပြီး မှတ်ပုံတင် လိမ်လည်ပြုလုပ်ထားခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် သစ်တောပြုန်းတီးမှုများကြောင့် တောများအတွင်း ဆင်ကောင်ရေ ၂၀၀၀ မှ ၃၀၀၀ အထိသာ ကျန်ရှိတော့ကြောင်း သိရသည်။
ဆက်လက် စုံစမ်းမှုများအရ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းချိုင်ရာဖွန် ပြည်နယ်ရှိ နေအိမ်နှစ်အိမ်မှ ဆင်နှင့် သက်ဆိုင်သည့် အထောက်အထား မှတ်ပုံတင်အတု ၆၉ စောင်ကိုလည်း တွေ့ရှိခဲ့သောကြောင့် အဆိုပါ အိမ်ရှင်အမျိုးသားများကို ဖမ်းဆီးနိုင်ရန် ရှာဖွေလျက်ရှိကြောင်း သိရသည်။
မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ စလုံးသည် ဆင်များ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုကို တားမြစ် သည့် နိုင်ငံတကာ သဘောတူ စာချုပ်များတွင် လက်မှတ်ရေးထိုးထားကြသည်။ ထိုင်းဥပဒေတွင် လည်း တောရိုင်းဆင်များအား ဖမ်းဆီးခြင်းကို တားမြစ်ထားသည်။ မှတ်ပုံတင် မထားသော ဆင်များကို အခြားခရိုင်များတွင် လာမည့်လများအတွင်း ထပ်မံဖမ်းမိဖွယ် ရှိကြောင်း TRAFFIC အဖွဲ့က ပြောကြား သည်။
Elven MEdia Group
No comments:
Post a Comment