သီလ၀ါ အထူးစီးပွားရေးဇုန်ရှိ MITT ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ-MOF)
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ
ရေရှည်ရပ်တည်ရန်နှင့် မှောင်ခိုတင်သွင်းသူ ၀ိသမ လောဘသားများ၏ လာဘ်ပေးလာဘ်ယူ
ပြုလုပ်မှုကို ကာကွယ်နိုင်ရန် ဖမ်းဆီးမိသည့် ကုန်စည် များ၏ တန်ဖိုးများ မှ
၃၅ ရာခိုင်နှုန်းအား ခွဲဝေခံစားခွင့်ပြုရန် တောင်းဆိုထားကြောင်း အဆိုပါ
အဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။
''သတင်းပေး မရှိတဲ့အခါကျရင် နိုင်ငံတော် ဘတ်ဂျတ်ကို ၆၅ ရာခိုင်နှုန်းအထိ
သွားမယ်။ ကျွန်တော်တို့ အနေနဲ့ မှောင်ခိုပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးတဲ့
အခါမှာ ရေရှည်ရပ်တည် နိုင်ဖို့အတွက် ဆုကြေးခွဲဝေ ခံစားခွင့်ရဖို့
လိုအပ်တယ်။ ဒါမှလည်း ရေရှည်ရပ်တည်နိုင်မှာ ဖြစ်သလို ၀ိသမ လောဘသားတွေရဲ့
လာဘ်ပေး လာဘ်ယူဖို့ ဆွဲဆောင်မှုကိုလည်း ရှောင်ကွင်းနိုင်ပါမယ်'' ဟု
ဦးညွန့်အောင်က ဆိုသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ
ဖွဲ့စည်းတည်ထောင်ပြီးသည့် ခုနစ်လတာ ကာလအတွင်း မူဆယ်-မန္တလေး လမ်းကြောင်း၊
မြ၀တီ-ရန်ကုန် လမ်းကြောင်း၊ မူဆယ် ထုတ်နုတ်အင်အား၊ တာချီလိတ်
ထုတ်နုတ်အင်အား၊ တမူး ထုတ်နုတ်အင်အား၊ ကန်ပိုက်တီး (OSS) အင်အား စသည့်
အဖွဲ့ များဖြင့် ဖမ်းဆီးခဲ့ပြီး ပညာပေးကာလတွင် ခွင့်ပြုချက်မဲ့ ကုန်စည်များ
တင်သွင်းခဲ့သည့်အတွက် ဖမ်းဆီးသည့် အမှုတွဲပေါင်း ၈၉ မှုနှင့် ကျပ်သန်းပေါင်း
၃၉၄ ဒသမ ၉၁၃ ဖမ်းဆီးမိခဲ့ကာ အရေးယူ ကာလတွင် အမှုတွဲပေါင်း ၁၇၁၆ မှုနှင့်
ကျပ်သန်းပေါင်း ၅၉၂၄ ဒသမ ၉၄၀ ဖိုး သိမ်းဆည်းခဲ့မိပြီး စုစုပေါင်း
ကျပ်သန်းပေါင်း ၆၃၁၉ ဒသမ ၈၅၃ သန်းအား နိုင်ငံ့ဘဏ္ဍာအဖြစ်
သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကျပ်သန်း ၆၀၀၀ ကျော် သိမ်းဆည်း နိုင်သည့်အတွက် ခံစားခွင့်
ရရှိခဲ့ခြင်း မရှိသော်လည်း ဆက်လက်ဖမ်းဆီးမည့် လုပ်ငန်းစဉ်များတွင်
ဖမ်းဆီးမိမည့် ကုန်စည်များအတွက် အကျိုးခံစားခွင့် တောင်းဆိုခြင်း
ဖြစ်ကြောင်း သိရသည်။
EMG
ပွင့်လင်း မြင်သာမှု ရှိစေချင်ပါတယ်။ သတင်းစကားပါ စာရင်းဇယားအရပဲ ပညာပေးကာလ (အချိန်သိလိုပါ၏။) အတွင်း ကျပ် သန်းပေါင်း ၆၃၁၉.၈၅၃ သိမ်းဆည်းနိုင်ခဲ့တယ် ဆိုသမို့၊ ၃၅% ခွဲဝေပေးခဲ့ယင် ကျပ်သန်း ၂၂၀၀ ကျော်နေတာ တွေ့ရှိရ ပါတယ်။ ရာထူးအဆင့်အလိုက် ခွဲဝေမှာလား၊ အောက်ခြေ၀န်ထမ်းအထိ အညီအမျှ ခွဲဝေမှာလား သိလိုပါတယ်။
ReplyDeleteဖျက်သိမ်း သွားပြီဖြစ်တဲ့ ဒီလို ခွဲဝေပေးပုံမျိုး အကောက်ခွန် ၀န်ထမ်းတွေ ရရှိခဲ့စဉ်က ညွှန်ကြားရေးမှူးချုပ် အဆင့်ဆိုယင် သိန်းရာချီ ဆုကြေးတွေ ရရှိခဲ့တယ်လို့ ကြားသိခဲ့ရ ဘူးလို့ပါ။ သင့်လျှော်သော ရာခိုင်နှုန်းရယ်၊ ရာထူးအဆင့်အလိုက် မျှတသော ဆုကြေး ခံစားခွင့်တွေ ပေးလိုက်မယ် ဆိုယင်တော့ ပြည်သူ့ဝန်ထမ်းတွေနဲ့ သတင်းပေး ပြည်သူတွေ ရေရှည် ရပ်တည်နိုင် ပါလိမ့်မယ်။