Monday, September 9, 2013

ချေးငွေရယူနိုင်မှု အခက်အခဲများကို လုပ်ငန်းရှင်များက တင်ပြခဲ့ပြီး အခွန်စနစ်များ ရှုပ်ထွေးမှုရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား

Photo: ချေးငွေရယူနိုင်မှု အခက်အခဲများကို လုပ်ငန်းရှင်များက တင်ပြခဲ့ပြီး အခွန်စနစ်များ ရှုပ်ထွေးမှုရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြား
Monday, September 9, 2013

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် မွေးမြူရေးနှင့် ရေ လုပ်ငန်း ရှင်များနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ၌ တွေ့ဆုံ ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများ၊ အဝေးပြေး ကုန်စည်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့လက်ရှိ ကြုံတွေ့နေရ သည့် ချေးငွေရယူနိုင်မှု၊ အခွန်စနစ်များအပြင် ကုန်သွယ်ရေးဆိုင်ရာ အခက်အခဲများ၊ စက်မှုဇုန်များအတွက် လျှပ်စစ်မီး အခက်အခဲများ၊ ပင်လယ်ပြင်၌ နိုင်ငံခြား ငါးဖမ်းင်္ဘောများအား ငါးဖမ်းဆီးခွင့် ပြုနေသည့် ကိစ္စ၊ ကုန်စည်စီးဆင်းမှု ခက်ခဲစေနိုင်မည့် ကွန်တင်နာ လမ်းကြောင်း တစ်လျှောက်ရှိ တန်ပိုကြေးများ အဆမတန် ပေးနေရသည့် ကိစ္စ များကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြခဲ့ကြသည်။

MIC မှ ခွင့်ပြုချက်ရရှိသော ကုမ္ပဏီများသည် စက်ပစ္စည်းနှင့် အခြား လိုအပ်သော ပစ္စည်းများကို အခွန်မပေးဆောင်ရဘဲ ပြည်ပမှတင်သွင်းခွင့် ရရှိနေခြင်းနှင့် လုပ်ငန်းအပေါ် အမြတ်ခွန် ကင်းလွတ်ခွင့်ကို သုံးနှစ်မှ ငါးနှစ်အထိ ခွင့်ပြုပေးထားသော်လည်း လက်ရှိအခွန်ပေးဆောင် ကာ ဆောင် ရွက်နေသော ကုမ္ပဏီများတွင်သုံးရန် ပြည်ပမှ တင်သွင်း လာသော စက်ကိရိယာများအပေါ် အခွန်ကောက်ခြင်းကို ပြန်လည် စဉ်းစားပေးရန် လုပ်ငန်းရှင်အချို့က တင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက "အခွန်ကိစ္စက ဘယ်မှာသွားဆုံးလဲဆိုရင် နှစ်စဉ်ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရတဲ့ဥပဒေ သုံးခုရှိတယ်။ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်ဥပဒေ ဒါကပြည်ထောင်စု အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်တယ်။ အခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော် တင်တယ်။ အခွန်ဥပဒေ ဆိုတဲ့အခါမှာ တခြားမဟုတ်ပါဘူး။ ဒီနေ့ အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်တွေပါပဲ။ ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန်သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လိုထွက်လဲ၊ ဘယ်လိုတွက်ချက်လဲ ဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက်ရအောင်ကောက်ဆိုတဲ့ မန်းဒိတ်အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ် သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလည်းဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီး ရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ၊ ရာခိုင်နှုန်း ၃၀ ဘယ်လိုကောက်လဲ အများကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်း အပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါတွေကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက်လွှတ်တော်မှာ တင်ပြလာတဲ့ အခွန်ကိစ္စနဲ့ ပတ်သက်လို့ ပြောမယ်ဆို မပြတ်သေးပါဘူး။ လာမယ့် မကြာခင်မှာ supplimentary လာပါလိမ့်မယ်။ အဲဒီမှာ ဒီဟာရော အခွန်ကိစ္စရော ဆက်လက်ဆွေးနွေး ရပါမယ်" ဟု ပြောကြားသည်။

ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်များအား ဗဟိုဘဏ် အပါအ၀င် ဘဏ်အသီးသီးမှ ချေးငွေထုတ်ချေးရာတွင် အတိုးနှုန်း များပြားနေမှုများကို သက်ဆိုင်ရာမှ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ထည့်သွင်းဆွေးနွေးခဲ့သည်။  

Eleven Media Group
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲမြင်ကွင်း
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲမြင်ကွင်း
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် မွေးမြူရေးနှင့် ရေ လုပ်ငန်း ရှင်များနှင့် စက်တင်ဘာ ၈ ရက်နေ့တွင် ရန်ကုန်မြို့ ၌ တွေ့ဆုံ ခဲ့ကြသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဘုရင့်နောင် ကုန်စည်ဒိုင်မှ တာဝန်ရှိသူများ၊ အဝေးပြေး ကုန်စည်အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့လက်ရှိ ကြုံတွေ့နေရသည့် ချေးငွေရယူနိုင်မှု၊ အခွန်စနစ်များအပြင် ကုန်သွယ်ရေး ဆိုင်ရာ အခက်အခဲများ၊ စက်မှုဇုန်များအတွက် လျှပ်စစ်မီး အခက်အခဲများ၊ ပင်လယ်ပြင်၌ နိုင်ငံခြား ငါးဖမ်းင်္ဘောများအား ငါးဖမ်းဆီးခွင့် ပြုနေသည့် ကိစ္စ၊ ကုန်စည်စီးဆင်းမှု ခက်ခဲစေနိုင်မည့် ကွန်တင်နာ လမ်းကြောင်း တစ်လျှောက်ရှိ တန်ပိုကြေးများ အဆမတန် ပေးနေရသည့် ကိစ္စများကို ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြခဲ့ကြသည်။

MIC မှ ခွင့်ပြုချက်ရရှိသော ကုမ္ပဏီများသည် စက်ပစ္စည်းနှင့် အခြားလိုအပ်သော ပစ္စည်းများကို အခွန် မပေးဆောင်ရဘဲ ပြည်ပမှတင်သွင်းခွင့် ရရှိနေခြင်းနှင့် လုပ်ငန်းအပေါ် အမြတ်ခွန် ကင်းလွတ်ခွင့်ကို သုံးနှစ်မှ ငါးနှစ်အထိ ခွင့်ပြုပေးထားသော်လည်း လက်ရှိအခွန်ပေးဆောင်ကာ ဆောင် ရွက်နေသော ကုမ္ပဏီများတွင် သုံးရန် ပြည်ပမှ တင်သွင်း လာသော စက်ကိရိယာများအပေါ် အခွန်ကောက်ခြင်းကို ပြန်လည် စဉ်းစားပေးရန် လုပ်ငန်းရှင်အချို့က တင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက "အခွန်ကိစ္စက ဘယ်မှာသွားဆုံးလဲဆိုရင် နှစ်စဉ်ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းရတဲ့ဥပဒေ သုံးခုရှိတယ်။ စီမံကိန်း၊ ဘတ်ဂျက်၊ အခွန်ဥပဒေ ဒါကပြည်ထောင်စု အစိုးရက ပြည်ထောင်စုလွှတ်တော်ကို တင်တယ်။ အခွန်ဥပဒေကို ပြည်ထောင်စုလွှတ်တော် တင်တယ်။ အခွန်ဥပဒေ ဆိုတဲ့အခါမှာ တခြားမဟုတ်ပါဘူး။ ဒီနေ့ အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်တွေပါပဲ။ ဘဏ္ဍာရေး ၀န်ကြီးဌာနက ထုတ်လိုက်တယ်။ ကုန်သွယ်လုပ်ငန်းခွန် အမိန့်ကြေညာစာ။ အဲဒီအတိုင်း ကောက်ရမယ်။ အဲဒီအတိုင်း ကောက်ပေမယ့် ဘယ်လိုထွက်လဲ၊ ဘယ်လိုတွက်ချက်လဲ ဆိုတာက တချို့တချို့သော၊ ပြီးသွားပါပြီ။ အဲဒီဌာနက ပုဂ္ဂိုလ်များသည်ပင် မသိပါဘူး။ သူတို့သိတာက ဘာလဲ။ ဒီနယ်မြေမှာ ဒီနှစ်အခွန် ဘယ်လောက်ရအောင်ကောက်ဆိုတဲ့ မန်းဒိတ်အရ ကောက်သွားပြီးတဲ့ အခါမှာ မနှစ်က သိန်း ၅၀၀ ဆို၊ ဒီနှစ် သိန်း ၅၅၀ ဆိုပြီး ဖြစ်သွားတဲ့သူတွေ အများကြီးပါ။ ဘာဖြစ်လို့ ဒီလိုပြောရလည်းဆိုတော့ ကျွန်တော်ဒီနယ်ပယ်မှာ လေ့လာထားတာ အများကြီး ရှိတယ်။ ပြီးတဲ့အခါမှာ ခုနက အခွန် ၂၅ ရာခိုင်နှုန်း ဘယ်လိုကောက်လဲ၊ ရာခိုင်နှုန်း ၃၀ ဘယ်လိုကောက်လဲ အများကြီး ရှုပ်ထွေးပါတယ်။ ဒီလို အခွန်ကောက်နေတာ ဘယ်စာရင်း အပေါ်မှာ ကောက်နေသလဲ။ တကယ်စာရင်း အမှန်မှာလား။ ဒါမှမဟုတ်ရင် အစီစစ်ခံတဲ့ စာရင်းပေါ်မှာလား။ ဒါတွေဟာ ရှုပ်ထွေးနေဆဲ ရှိပါတယ်။ အဲဒါတွေကို ဒီနေ့ပြုပြင် ပြောင်းလဲရမယ်။ ပြီးခဲ့တဲ့ ဘတ်ဂျက်လွှတ်တော်မှာ တင်ပြလာတဲ့ အခွန်ကိစ္စနဲ့ ပတ်သက်လို့ ပြောမယ်ဆို မပြတ်သေးပါဘူး။ လာမယ့် မကြာခင်မှာ supplimentary လာပါလိမ့်မယ်။ အဲဒီမှာ ဒီဟာရော အခွန်ကိစ္စရော ဆက်လက်ဆွေးနွေး ရပါမယ်" ဟု ပြောကြားသည်။

ထို့ပြင် ပြည်တွင်းလုပ်ငန်းရှင်များအား ဗဟိုဘဏ် အပါအ၀င် ဘဏ်အသီးသီးမှ ချေးငွေထုတ်ချေးရာတွင် အတိုးနှုန်း များပြားနေမှုများကို သက်ဆိုင်ရာမှ ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ထည့်သွင်းဆွေးနွေးခဲ့သည်။  

Eleven Media Group

No comments:

Post a Comment