Monday, September 9, 2013

နမ့်ယောင်ချောင်း ရေကြီးရေလျှံမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ လားရှိုးမြို့အနီး နမ့်ယောင်ချောင်း တစ်ဖက်စီတွင် ရေကျချိန်အား စောင့်ဆိုင်းနေရ

Photo: နမ့်ယောင်ချောင်း ရေကြီးရေလျှံမှုကြောင့် ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ လားရှိုးမြို့အနီး နမ့်ယောင်ချောင်း တစ်ဖက်စီတွင် ရေကျချိန်အား စောင့်ဆိုင်းနေရ
Monday, September 9, 2013

လားရှိုးမြို့တွင် စက်တင်ဘာ ၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၇ ရက်တွင် လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်းသည် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုသည် ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ၊ စက်တင်ဘာ ၇ ရက် ညပိုင်းထိ ဖြတ်သန်း သွားလာနိုင်သေးသော်လည်း ည ၈နာရီခန့်တွင် လမ်းပေါ်သို့ ခြောက်ပေ ခန့် အထိ ရေများမြင့်တက်လာမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

"စနေနေ့က မိုးတစ်နေကုန် ရွာပေမယ့် လမ်းပေါ်ချောင်းရေတက်တာက သုံးပေလောက်ထိပဲဆိုတော့ ယာဉ်ငယ်တွေရော၊ ယာဉ်ကြီးတွေရော ဖြတ် လို့ရသေးတယ်။ ညပိုင်း ၈ နာရီလောက်မှာတော့ တောင်ကျရေတွေ စီးဆင်းတာများပြီး လမ်းပေါ်ကို ရေခြောက်ပေလောက် ထိ မြင့်တက် လာတော့ ယာဉ်တွေဖြတ်လို့ မရတော့ဘူး" ဟု ဒေသခံ တစ်ဦး က ပြောကြားသည်။

အဆိုပါ ရေကြီးရေလျှံမှုသည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းထိ ရေကျ ဆင်းမှု မရှိခြင်းကြောင့် မန္တလေး-လားရှိုး-မူဆယ်နှင့် မန္တလေး-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်မြို့များသို့ ကုန်စည်ကူးသန်း ရောင်း ၀ယ်ကြသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ လားရှိုးမြို့ အေတီတံတား အနီးတွင် အစီးရေ ၆၀၀ ကျော်ခန့် ထိ စောင့်ဆိုင်းလျက် ရှိနေကြောင်း သိရသည်။

Eleven Medai Group
ရေကြီးရေလျှံမှုကြောင့် လားရှိုးမြို့တွင် စောင့်ဆိုင်းနေသည့် မော်တော် ယာဉ် များ ကို တွေ့ရစဉ်
ရေကြီးရေလျှံမှုကြောင့် လားရှိုးမြို့တွင် စောင့်ဆိုင်းနေသည့် မော်တော် ယာဉ် များ ကို တွေ့ရစဉ်
လားရှိုးမြို့တွင် စက်တင်ဘာ ၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၇ ရက်တွင် လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်းသည် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုသည် ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ၊ စက်တင်ဘာ ၇ ရက် ညပိုင်းထိ ဖြတ်သန်း သွားလာနိုင်သေးသော်လည်း ည ၈နာရီခန့်တွင် လမ်းပေါ်သို့ ခြောက်ပေ ခန့် အထိ ရေများမြင့်တက်လာမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

"စနေနေ့က မိုးတစ်နေကုန် ရွာပေမယ့် လမ်းပေါ်ချောင်းရေတက်တာက သုံးပေလောက်ထိပဲဆိုတော့ ယာဉ်ငယ်တွေရော၊ ယာဉ်ကြီးတွေရော ဖြတ်လို့ရသေးတယ်။ ညပိုင်း ၈ နာရီလောက်မှာတော့ တောင် ကျရေတွေ စီးဆင်းတာများပြီး လမ်းပေါ်ကို ရေခြောက်ပေလောက် ထိ မြင့်တက် လာတော့ ယာဉ်တွေဖြတ်လို့ မရတော့ဘူး" ဟု ဒေသခံ တစ်ဦး က ပြောကြားသည်။

အဆိုပါ ရေကြီးရေလျှံမှုသည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းထိ ရေကျ ဆင်းမှု မရှိခြင်းကြောင့် မန္တလေး-လားရှိုး-မူဆယ်နှင့် မန္တလေး-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်မြို့များသို့ ကုန်စည်ကူးသန်း ရောင်း ၀ယ်ကြသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ လားရှိုးမြို့ အေတီတံတား အနီးတွင် အစီးရေ ၆၀၀ ကျော်ခန့် ထိ စောင့်ဆိုင်းလျက် ရှိနေကြောင်း သိရသည်။

Eleven Medai Group

No comments:

Post a Comment