Saturday, October 12, 2013

ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ

Photo: ခေါင်းတစ်ခြမ်းကိုက် ရောဂါ ကုသနည်းများ
 Saturday, October 12, 2013

ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။  ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေက ခေါင်းတစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

အဆီပါဝင်မှု အလွန်နည်းသော အစာ
အတ္တလန်တာရှိ ခေါင်းကိုက်ဝေဒနာ စင်တာအရ ခေါင်းတစ်ခြမ်း ကိုက်တာဟာ စိတ်ဖိစီးမှု (အရွယ်ရောက်သူရဲ့ ၈၀ ရာခိုင်နှုန်း)၊ ဟော်မုန်း (၆၅ ရာခိုင်နှုန်း)၊ အနံ့အသက် (၄၄ ရာခိုင်နှုန်း)၊ အလင်းရောင် (၃၈ ရာခိုင်နှုန်း)၊ မီးခိုး (၃၆ ရာခိုင်နှုန်း)၊ ပူပြင်းတဲ့ ရာသီ (၃၀ ရာခိုင်နှုန်း)၊ အစားအစာ (၂၇ ရာခိုင်နှုန်း) နဲ့ တခြား အနှောင့်အယှက်တွေကြောင့် ပိုဆိုးစေနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ အဆီနည်းတဲ့ အစားအစာကို ၁၂ ပတ်ကြာ အလွန်အမင်း စားတာကြောင့် ခေါင်းကိုက် ဝေဒနာကို ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းစေကြောင်း သိရပါတယ်။

ဖြည့်စွက်ဆေးများ
(၁) ဗီတာမင် B2 – ဘယ်လ်ဂျီယံ တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ ဗီတာမင် B2 ၄၀၀ မီလီဂရမ် မှီဝဲသူ ၆၀ ရာခိုင်နှုန်း နီးပါးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါကို တစ်ဝက် လျော့ကျစေတယ်လို့ သိရပါတယ်။
(၂) မယ်လတိုနင် -  အိပ်ရာမဝင်ခင် မယ်လတိုနင် ဆေးကို သုံးလကြာ မှီဝဲသူတွေကို လေ့လာခဲ့ရာ သုံးပုံနှစ်ပုံဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ ၅၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

အကိုက်အခဲ ပျောက်ဆေးများ
ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် နေ့စဉ် လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေကို မလုပ်နိုင်ဘူးဆိုရင် အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ပါရာစီတမော စတဲ့ အကိုက်အခဲ ပျောက်ဆေးတွေက ကူညီနိုင်ပါတယ်။ အက်စ်ပရင်နဲ့ ပါရာစီတမော ဆေးပြားတွေဟာ အိုင်ဗျူပရိုဖင် ဆေးထက် ခေါင်းကိုက် ဝေဒနာကို မိနစ် ၂၀ ကြာ ပိုမြန်မြန်ဆန်ဆန် သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုသောက်တာ ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက် သက်သာဆေးတွေကို တစ်လမှာ ၁၇ ကြိမ်ထက် ပိုသောက်တာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပြန်ဖြစ်တာမျိုး ဖြစ်တတ်ကြောင်း ဂျာမန် သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက် ရောဂါအတွက် အကိုက်အခဲ ပျောက်ဆေးတွေကို မသောက်ခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

အပ်စိုက်ကုထုံး
ဗြိတိန်လေ့လာမှု ၁၃ ခု အရ အပ်စိုက်ကုထုံးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ မဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါကိုလည်း သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ သုံးလကြာ အပ်စိုက်ကုထုံး ခံယူထားသူ ၁၂ ဦးဟာ အပ်စိုက်ကုထုံး မခံယူသူတွေထက် စာရင် အကိုက်အခဲ ပျောက်ဆေး အသုံးပြုရမှု ၁၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။
 
ဇွန်
Ref:Good health

သဘာဝရဲ့အားအင်
ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် ဘဝမှာ နေရတာ မပျော်သလို ဖြစ်နေသလား။ ခေါင်းတစ်ခြမ်း ကိုက်တာနဲ့အတူ နေ့တိုင်း ပင်ပန်းနေတာ၊ ခေါင်းထိုးကိုက်တာနဲ့ ပျို့ချင်အန်ချင်စိတ် ရှိတာ စတဲ့ ဝေဒနာတွေက မသက်သာဘူး ဖြစ်နေသလား။ အောက်ပါ ကုသနည်းတွေ က ခေါင်း တစ်ခြမ်းကိုက် ရောဂါဝေဒနာကို သက်သာစေနိုင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာကြောင့် လိုက်နာ လုပ်ဆောင်သင့်ပါတယ်။

အဆီပါဝင်မှု အလွန်နည်းသော အစာ
အတ္တလန်တာရှိ ခေါင်းကိုက်ဝေဒနာ စင်တာအရ ခေါင်းတစ်ခြမ်း ကိုက်တာဟာ စိတ်ဖိစီးမှု (အရွယ်ရောက်သူရဲ့ ၈၀ ရာခိုင်နှုန်း)၊ ဟော်မုန်း (၆၅ ရာခိုင်နှုန်း)၊ အနံ့အသက် (၄၄ ရာခိုင်နှုန်း)၊ အလင်းရောင် (၃၈ ရာခိုင်နှုန်း)၊ မီးခိုး (၃၆ ရာခိုင်နှုန်း)၊ ပူပြင်းတဲ့ ရာသီ (၃၀ ရာခိုင်နှုန်း)၊ အစားအစာ (၂၇ ရာခိုင်နှုန်း) နဲ့ တခြား အနှောင့်အယှက်တွေကြောင့် ပိုဆိုးစေနိုင်ပါတယ်။ လေ့လာမှု တစ်ရပ်အရ အဆီနည်းတဲ့ အစားအစာကို ၁၂ ပတ်ကြာ အလွန်အမင်း စားတာကြောင့် ခေါင်းကိုက် ဝေဒနာကို ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းစေကြောင်း သိရပါတယ်။

ဖြည့်စွက်ဆေးများ
(၁) ဗီတာမင် B2 – ဘယ်လ်ဂျီယံ တက္ကသိုလ်ရဲ့ လေ့လာမှုအရ တစ်နေ့ ဗီတာမင် B2 ၄၀၀ မီလီဂရမ် မှီဝဲသူ ၆၀ ရာခိုင်နှုန်း နီးပါးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါကို တစ်ဝက် လျော့ကျစေတယ်လို့ သိရပါတယ်။
(၂) မယ်လတိုနင် - အိပ်ရာမဝင်ခင် မယ်လတိုနင် ဆေးကို သုံးလကြာ မှီဝဲသူတွေကို လေ့လာခဲ့ရာ သုံးပုံနှစ်ပုံဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ ၅၀ ရာခိုင်နှုန်း လျော့ကျစေတယ်လို့ သိရပါတယ်။

အကိုက်အခဲ ပျောက်ဆေးများ
ခေါင်းတစ်ခြမ်း ကိုက်တာကြောင့် နေ့စဉ် လုပ်ဆောင်ရတဲ့ လှုပ်ရှားမှုတွေကို မလုပ်နိုင်ဘူးဆိုရင် အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ပါရာစီတမော စတဲ့ အကိုက်အခဲ ပျောက်ဆေးတွေက ကူညီနိုင်ပါတယ်။ အက်စ်ပရင်နဲ့ ပါရာစီတမော ဆေးပြားတွေဟာ အိုင်ဗျူပရိုဖင် ဆေးထက် ခေါင်းကိုက် ဝေဒနာကို မိနစ် ၂၀ ကြာ ပိုမြန်မြန်ဆန်ဆန် သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေ ကို တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုသောက်တာ ဒါမှမဟုတ် ခေါင်းတစ်ခြမ်းကိုက် သက်သာဆေးတွေကို တစ်လမှာ ၁၇ ကြိမ်ထက် ပိုသောက်တာတွေဟာ ခေါင်းတစ်ခြမ်း ကိုက်ရောဂါ ပြန်ဖြစ် တာမျိုး ဖြစ် တတ်ကြောင်း ဂျာမန် သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်း ကိုက် ရောဂါအတွက် အကိုက်အခဲ ပျောက်ဆေးတွေကို မသောက်ခင်မှာ ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။

အပ်စိုက်ကုထုံး
ဗြိတိန်လေ့လာမှု ၁၃ ခု အရ အပ်စိုက်ကုထုံးဟာ ခေါင်းတစ်ခြမ်းကိုက် ရောဂါ မဖြစ်အောင် ကာကွယ်နိုင် သလို ရောဂါကိုလည်း သက်သာ စေနိုင်တယ်လို့ သိရပါတယ်။ သုံးလကြာ အပ်စိုက်ကုထုံး ခံယူထားသူ ၁၂ ဦးဟာ အပ်စိုက်ကုထုံး မခံယူသူတွေထက် စာရင် အကိုက်အခဲ ပျောက်ဆေး အသုံးပြုရမှု ၁၅ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။

ဇွန်
Ref:Good health

သဘာဝရဲ့အားအင်

No comments:

Post a Comment