Saturday, October 12, 2013

အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတဦးသိန်းစိန်ဖိတ်ခေါ်

Photo: အထူးစီးပွားရေးဇုန်များတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတဦးသိန်းစိန်ဖိတ်ခေါ်
Saturday, October 12, 2013

မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်ကြီးသုံးခုတွင် အရှေ့ တောင် အာရှ နိုင်ငံများ အပါအ၀င် အာဆီယံအပေါင်း ၃ (Asean Plus 3) နိုင်ငံတို့နှင့် ဆက်သွယ်နိုင်မည့်စီမံကိန်းကြီးများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိပ်သီးအစည်းအဝေး  နောက်ဆုံးရက်၌ တိုက်တွန်း ပြောကြားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၀ ရက် နံနက်က ဘရူနိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်နှင့်ကိုရီးယား (Asean Plus 3) အစည်းအဝေး၌ သမ္မတက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
““မြန်မာမှာ အထူးစီးပွားရေးဇုန်သုံးခုဖြစ်တဲ့ ကျောက်ဖြူသီလ၀ါနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံအပေါင်း ၃ နိုင်ငံ တို့ကို ဆက်သွယ်နိုင်မယ့်စီမံကိန်းတွေအဖြစ် လုပ်ဆောင်ဖို့ အခြေအနေကောင်းတွေ ရှိနေပါတယ်။ အာဆီယံအပေါင်း ၃ နိုင်ငံအနေနဲ့ ဒေသဆိုင်ရာ လွတ်လပ်စွာကုန်သွယ်မှုဧရိယာ ထူထောင် ရန်အတွက် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် စေ့ စပ်ဆွေးနွေးရာမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါ တယ်”” ဟု သမ္မတက ပြောကြားသည်။

ထို့ပြင် ယခင်က မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ကင်းကွာနေခဲ့ခြင်းကြောင့် ငွေကြေးကိစ္စများတွင် အာဆီယံအပေါင်း ၃ နိုင်ငံ တို့နှင့်  အပြည့်အ၀  ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ၄င်းကပြောကြားသည်။ယခုအခါ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပုံမှန်ဆက်သွယ်လုပ် ကိုင်နေပြီဖြစ်သည့်အတွက် ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံအပေါင်း ၃နိုင် ငံတို့နှင့် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတက ပြောကြားသည်။

(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံဥက္ကဋ္ဌရာထူးလွှဲပြောင်းသည့် အခမ်းအနားတွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် ဓာတ်ပုံ - AFP 

7 Day Daily
မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်ကြီးသုံးခုတွင် အရှေ့ တောင် အာရှ နိုင်ငံများ အပါအ၀င် အာဆီယံအပေါင်း ၃ (Asean Plus 3) နိုင်ငံတို့နှင့် ဆက်သွယ်နိုင်မည့်စီမံကိန်းကြီးများကို လုပ်ဆောင် သွားမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထိပ်သီးအစည်း အဝေး နောက်ဆုံးရက်၌ တိုက်တွန်း ပြောကြားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁၀ ရက် နံနက်က ဘရူနိုင်းနိုင်ငံတွင်ကျင်းပခဲ့သည့် အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်၊ ဂျပန်နှင့်ကိုရီးယား (Asean Plus 3) အစည်းအဝေး၌ သမ္မတက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
““မြန်မာမှာ အထူးစီးပွားရေးဇုန်သုံးခုဖြစ်တဲ့ ကျောက်ဖြူသီလ၀ါနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တွေမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံအပေါင်း ၃ နိုင်ငံ တို့ကို ဆက်သွယ်နိုင်မယ့်စီမံကိန်းတွေအဖြစ် လုပ်ဆောင်ဖို့ အခြေအနေကောင်းတွေ ရှိနေပါတယ်။ အာဆီယံအပေါင်း ၃ နိုင်ငံအနေနဲ့ ဒေသဆိုင်ရာ လွတ်လပ်စွာကုန်သွယ်မှုဧရိယာ ထူထောင် ရန်အတွက် ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အတွက် စေ့ စပ်ဆွေးနွေးရာမှာ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါ တယ်”” ဟု သမ္မတက ပြောကြားသည်။

ထို့ပြင် ယခင်က မြန်မာနိုင်ငံသည် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် ကင်းကွာနေ ခဲ့ခြင်းကြောင့် ငွေကြေး ကိစ္စများတွင် အာဆီယံအပေါင်း ၃ နိုင်ငံ တို့နှင့် အပြည့်အ၀ ပူးပေါင်းဆောင် ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း ၄င်းကပြောကြားသည်။ယခုအခါ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့နှင့် ပုံမှန်ဆက်သွယ်လုပ် ကိုင်နေပြီဖြစ်သည့်အတွက် ငွေကြေး နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတွင် အာဆီယံအပေါင်း ၃နိုင် ငံတို့နှင့် တက်ကြွစွာပါဝင်ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း သမ္မတက ပြောကြားသည်။

(၂၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနားနှင့် အာဆီယံဥက္ကဋ္ဌရာထူး လွှဲပြောင်းသည့် အခမ်းအနားတွင် သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် ဓာတ်ပုံ - AFP

7 Day Daily

No comments:

Post a Comment