နယ်မြို့လေးတမြို့က အဖြစ်အပျက်လေးပါ။ ကိုသောင်းဆိုတဲ့သူတယောက်ရှိပါတယ်။ သူက
လူလည်း လူလတ်ပိုင်း ပျော်ပျော်ရွှင်ရွှင်နေတက်တယ်။ ရပ်ရွာနဲ့လည်းအဆင်ပြေတယ်။
ဒါကြောင့်သူ့ကို အသက်ငယ် ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှာ
ဥက္ကဋ္ဌနေရာပေးထားတယ်။ ပေးထားသလိုလည်း အလုပ်မှာ တော်ရှာ ပါတယ်။
ရွာက အလှူ ကထိန် ဇာတ်ပွဲ ပြဇာတ်တွေမှာလည်း သူမပါရင်မပြီးသလောက်ပဲ၊
ကိုယ်တိုင်က ၀ါသနာအိုး လူလွတ်ဆိုတော့ လွှတ်ကဲတာကလား၊ ဇာတ်ပွဲဟေ့ဆို
သူထိပ်ဆုံးကပဲ။ ဒီလိုနဲ့တရက်သား ကိုသောင်း တယောက် ပြင်ဆင်ပြီး
သီချင်းတကြော်ကြော် အော်ဆိုပြီး ရပ်ကွက်ထဲကနေ ထွက်သွားလိုက်တာ တရက် ပေါ်မလာ
နှစ်ရက်ပေါ်မလာ၊ ရပ်ရွာကလည်းစုံစမ်းလို့မရ၊ တခြားနေရာတွေကလည်း သီတင်း မကြား
စာမလာနဲ့၊ ပျောက်သွားလိုက်တာ လပေါင်းများစွာကြာတော့ အားလုံးအတည်ပြု လိုက်တာက
ကိုသောင်း တရပ်တရွာကို ထွက်သွားပြီလို့ပဲ အတည်ပြုလိုက်ကြရတော့တယ်။
ဒါနဲ့ပဲ ရပ်ကွက်အုပ်ချုပ်ရေးအတွက် ကိုသောင်းရဲ့နေရာမှာ
သင့်တော်တဲ့လူကြီးသူမတယောက်ကို အစား ထိုးပြီး
ဆက်လုပ်တာဝန်ထမ်းဆောင်စေတာပေါ့။ ကြာတော့လည်းမေ့မေ့ပျောက်ပျောက်နဲ့
နေနေကြတုန်း တနှစ်နဲ့ခြောက်လ အကြာမှာ ကိုသောင်းတယောက်
ရပ်ကွက်ထဲပြန်ရောက်လာပါတယ်။ မုတ်ဆိတ်ကျင် စွယ်တွေနဲ့ သွားတုန်းက အကျီ
င်္ညစ်ပေတူးနေတာနဲ့ ကိုသောင်းပြန်လာပါတယ်။ အားလုံးက ၀မ်းသာကြ တာပေါ့။
မင်းဘယ်တွေသွားနေတာလည်း၊ မင်းသွားတာကြာလွန်းလို့ မင်းကိုတခြား ရပ်ရွာမှာ
အခြေကျ နေပြီထင်နေကြတာ ဘာညာဆိုပြီး အားလုံးက
ဝမ်းပန်းတသာနဲ့ကြိုဆိုကြရှာပါတယ်။ ပြီးတော့လည်း အုပ်ချုပ်ရေးဥက္ကဋ္ဌ
နေရာအစားထိုးတာကိုလည်း ထည့်အသိပေးပြောကြရတာပေါ့လေ။
ဝမ်းမသာနိုင်တာက ကိုသောင်း ဘယ်သူ့ကိုမှလည်းစကားမပြောတော့ဘူး။
ရပ်ကွက်ကလူတွေနဲ့လည်း ခပ်တန်း တန်းပဲနေတော့တယ်။ အကုန်လုံးကလည်း သူက
အဲ့လိုကြီးဆက်ဆံတာဆိုတော့ အရင် ကလောက် တော့ အပြောအဆိုမရှိတော့ဘူးပေါ့။
အားလုံးကလည်း နားမလည်နိုင်ကြဘူး။ ဘာမှလည်း သိပ်ရှည်ရှည်
ဝေးဝေးတွေမမေးကြမိတော့ဘူး။ အဆက်အဆံကျဲသွားတာပေါ့။
ဒါကိုသတိထားမိတာက ကိုသောင်း ငယ်ငယ်က စာသင်ပေးတဲ့ ဆရာမကြီးပဲ။ သူက တရက်သား
အိမ်သွာ လည်ရင်း ကိုသောင်းကို မေးတော့တာပဲ။ အဲ့မှာမှ
အဖြစ်မှန်ကိုသိကြရတော့တာ....
ကိုသောင်းက သူ့ဆရာမကိုတော့ ရှင်းပြရှာပါတယ်။ သူ တရက်နဲ့တညလေး
ပွဲသွားကြည့်ပြီး ပြန်လာတာကို သူ့နေရာမှာ တခြားသူကို ဘာလို့ ဥက္ကဋ္ဌ
ခန့်လိုက်ရတာလည်းတဲ့လေ။ သူမသွားခင်တရက်က သူ့နားထဲမှာ ဇာတ်ပွဲကသံတွေကြားလို့
သိပ်မဝေးဘူးဆိုတာ သူသိတယ်တဲ့။ ဒါနဲ့သူလည်း ပြင်ဆင်ပြီး အသံကြားရာ ဘက်ကို
သွားလိုက်တာ တကယ့်ကို ဇာတ်ကနေတဲ့ သူတွေ၊ ပွဲတွေ၊ လူတွေ စည်ကားနေတာသူမြင်
ရတယ်တဲ့။ အဲ့ဒါနဲ့ သူလည်း လျှောက်သွား၊ လျှောက်စား ပြီး ညလုံးပေါက် အကတွေ၊
အိုးစည် ဗုံမောင်းတွေ ပွဲခင်းထဲမှာ ပတ်ကြည့်ပြီး မနက်လင်းတော့
အိမ်ကိုပြန်လာခဲ့တာတဲ့။
အဲ့ကျမှပဲ ကိုသောင်းနဲ့ ရပ်ကွက်ကလူတွေဘာလွဲကြတယ်ဆိုတာသိရတော့တာပဲ။
ကိုသောင်း အသံ တွေကြားပြီး ထွက်သွားတဲ့နေရာက မကျွတ်မလွတ်သူတွေရဲ့
ပျော်ပွဲရွှင်ပွဲနေရာကြီးဖြစ်နေပြီး လူ့သတ်တမ်း နဲ့တွက်တော့
တနှစ်နဲ့ခြောက်လဖြစ်နေတယ်။ ကိုသောင်းတကယ်ဇာတ်ပွဲကြည့်နေတာက တညနဲ့တရက်
လေးပဲ။ လူတွေအားလုံးလည်းအံ့အားသင့်လို့လေ အကြောင်းစုံလည်းသိရော။ ဒါနဲ့ပဲ
ကိုသောင်းကို သာသ နာ့ဘောင်ကို ခေတ္တခဏ၀င်ဖို့တိုက်တွန်းကြပြီး သူတွေ့ ခဲ့တဲ့
သူတွေကို အမျှအတန်းပေးဝေ၊ ရပ်ကွက်မှာ လည်း လုပ်သင့်လုပ်ထိုက်တာတွေကို
ဘုန်းကြီးပင့်လျှောက်ပြီး ရွတ်ဖတ်ကြနဲ့လုပ်ရတော့တာပါပဲ။
ပွဲကြိုက်လွန်းတဲ့ကိုသောင်းတယောက်လည်း နောက်ဆို တယောက်တည်း
ပွဲသွားမကြည့်တော့ဘူးတဲ့။ အဖော်အပေါင်းတွေနဲ့တောင် အတော်ခေါ်ရတယ်ဆိုပဲ။
သူ့ကို သူမသိတဲ့ဘုံဘ၀ကလူတွေ ထပ်လာခေါ် မှာစိုးလို့တဲ့လေ။
( သိုက်နန်းရှင် )
သရဲအကြောင်းပြောကြမယ် (ပေတလောကကိုစိတ်ဝင်စားသူများ)
No comments:
Post a Comment