Friday, November 22, 2013

22.11.2013 to 28.11.2013 ထိ၇ရက်ဟောစာတမ်း

တနင်္ဂနွေ
စိတ်မော လူမော စိတ်ပင်ပန်း လူပင်ပန်း ခြင်းကြုံရတတ်၏။ ရည်ရွယ်ချက်များ လျှင်မြန်စွာ အောင်မြင် လိုသော်လည်း နှောင့်နှေး ထစ်ငေါ့ မှု့တွေရင်ဆိုင်ရတတ်၏။ ယုံကြည်အားကိုးရမည် ထင်ရသူတို့ ကလည်း စိတ်တိုင်းမကျ မှု့များ ဖြစ်ပေါ်မည်။ ဒီကြားထဲ အတိုက်အခံ တွေ ပေါ်အုံးမယ်။ အားငယ်ရမလို ဖြစ်သော်ငြား မနည်းအားတင်းနေရတတ်၏။ ဖြေဆိုမှု့များ အောင်မြင်မည်။ ရာထူးအလုပ်များ ရာထူးတက် လစာတိုးမည်။ မရည်ရွယ်သော ခရီးများ သွားရမည်။ ချစ်သူ နှင့် အဆင်မပြေမှု့များ ကြုံမည်။ ချစ်သူ သစ္စာဖောက်၍ အခြား တစ်ယောက် နှင့် ဖြစ်မည်။ သို့သော် သင့်ထံ မုချ ပြန်လာမည်။
အကျိုးပေးဂဏန်းမှာ - ၅၊ ၁၊ ၉။
အထူးဟော - မုချ အောင်မြင်မှုရမှာပါ။
ယတြာ     - အိမ်ဘုရားကို တနင်္ဂနွေ နံနက်တွင် ကောင်ညှင်းပေါင်းနှင့် အကြော် (၁၀) ခု ဖြင့်ကပ်လှူ၍ ဆုတောင်းပါ။
 တနလာၤ
အရာရာအားလုံး မတင်မကျ ဇဝေဇ၀ါ မသေမချာ တွေဘဲ ဖြစ်နေရတတ်သည်။ ဘာဖြစ်လာမှာလဲ ၊ ဘာဆက်လုပ်ရမှာလဲ ၊ ဘယ်လို ဘယ်လောက် ထိ ဖြစ်မလဲဆိုတာ အတတ်မပြောနိုင်သော ကာလ ပင်ဖြစ်ပါတယ်။ ၀မ်းနည်းရမှာ လား ၊ ၀မ်းသာရမှာလား ဆိုတာ တွေလည်း ဖြစ်ပေါ်နေရ တတ်တယ်။ ကိုယ့်အတွက် တင်မက ကိုယ့်မိသားစု ကိုယ့်အပေါင်းအသင်း တွေ အတွက် တွေးပူရတတ်သော ကာလပင်ဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဘယ်အရာ တထစ်ချ ပြီးမဆုံးဖြတ် လိုက်ပါနှင့်။ ရည်ရွယ်ချက်ပန်းတိုင် တော့ ပျောက်မသွားပါဘူး။ မုချအောင်မြင်ပါတယ်။ မင်္ဂလာ ရှိသော ဟောချက်ကတော့ သင့်ရဲ့ ဆောင်ရွက် မှုများ ဖြေဆိုမှုများ ခရီးသွားရမှုများ တိုးတက်မှုများ မုချအောင်မြင်မည်။ မင်္ဂလာဆောင်မှု လက်ထပ်မှု များ အဆင်ပြေသွားမှု အတိုက်အခံ တွေ ကျော်နိုင် ပါတယ်။ အချစ်ရေးဆင်ခြင်ပါတယ်။
အကျိုးပေးဂဏန်း - ၄၊ ၈၊ ၂။
အထူးဟော    - ကံကောင်းပါတယ်။
ယတြာ     - တနင်္လာနံနက်တွင် အိမ်ဘုရား ကို အကြော် (၁၅) ခုဖြင့် ဆွမ်းဖြူကပ်လှူပါ။
အဂါၤ
တလွဲတချော် တွေ ဖြစ်တတ်၏။ ရည်ရွယ်ထားသော ချစ်သူ က နှောင့်နှေး ပြီး မရည်ရွယ်သော ချစ်သူနှင့်အရင်ဖြစ်မည်။ သင်၏ ငါသိငါတတ် ငါဆရာလုပ်တတ်တဲ့ စိတ်ဓာတ်ကို ဆင်ခြင်ပါမှ သင်ရည်ရွယ်ချက် များအောင်မြင်မည်။ ခရီးဝေးယာယီ တွေရောက်မည်။ စွန့်စားသောခရီး ၊ စွန့်စားသော အလုပ်များ လုပ်ဖြစ်မည်။ အောင်မြင်မည်။ နေရာဒေသပြောင်း ခြင်း ၊ မြေရောင်း ၊ ၀ယ်ခြင်း ၊ စက် ၊ ပစ္စည်း ရွှေ တို့ဝင်မည်။ ထွက်မည်။ စီးပွားရေးလုပ်ငန်းသစ် လုပ်ရတတ်၏။ အောင်မြင်မည်။ စပ်တူ ရှယ်ယာ တွေလုပ်ရမည်။ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။
အကျိုးပေးဂဏန်း - ၄၊၆၊ ၉
အထူးဟော - အောင်မြင်မည်။
ယတြာ - အင်္ဂါ နံနက်တွင် အောင်သပြေ (၁၉)ညွန့် အိမ်ဘုရားကပ်ပါ။
ဗုဒ္ဒဟူး
သင်စိတ်တွေ မြန်နေပါတယ်။ လွတ်လပ်စွာ ခရီးသွားရခြင်းများ ၀ါသနာ ပါတယ်။ မရည်ရွယ် သော ချစ်သူ နှင့် အဆင်ပြေလိမ့်မည်။ ကျန်းမာရေး ကောင်းနေမယ်။ လုပ်ငန်း တိုးချဲ့ မှု့များ သင်တန်း တိုးချဲ့ တက်ရမှု့များ ဆောင်ရွက်ဖြစ်မည်။ စာမေးပွဲ ဖြေဆိုမှု့များ အောင်မြင်မည်။ ပစ္စည်း ၊ ငွေကြေး ပျောက်ကိန်းရှိတယ်။ သတိထားပါ။ စကားပြောဆင်ခြင်ပါ။ စကားများရတတ်သည်။ ညခရီးမသင့်ပါ။ ဘုမ္မိအရပ်ဖြစ်သော အနောက်မြောက်အရပ်ခရီးဆင်ခြင်ပါ။ ရစရာငွေတွေ တောင်းမရဖြစ်တတ်တယ်။
အကျိုးပေးဂဏန်း - ၉၊ ၆၊ ၎
အထူးဟော - အဆင်ပြေမည်။
ယတြာ - အိမ်ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရွှေသင်္ကန်းကပ်ပါ။
ကြာသပတေး
ပွင့်လင်းမှု့ ပြတ်သားမှု့ ရည်ရွယ်ချက်ကြီးမှု့ ရည်ရွယ်ချက်များမှု့ ကွက်ကျော်မြင်မှု့ အကဲခတ်ကောင်းမှု့ကြောင့် သင့်လုပ်ငန်းများ အောင်မြင်မှု့ရမည်။ လွတ်လပ်စွာ လုပ်ရဲ မှု့ကြောင့် အရာရာထိုးဖောက် အောင်မြင်မည်။ သို့သော် လူယုံမထားသင့်ပါ။ ရုတ်တရက် ထိခိုက်အနာတရ ဖြစ်ကိန်းရှိ၍ ဆင်ခြင်ပါ။ မရောက်ဘူးသော ခရီးမလုပ်ဖူးသော အလုပ်သွားရမည်။ ရန်မြင်၍ လူခင်ခြင်းစိတ်ဝမ်းကွဲ တတ်တယ်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ လူယုံထားပြီး ငွေ မချေားသင့်ပါ။ လူလိမ် ငွေလိမ် ခံရတတ်တယ်။ ကျန်းမာရေး အနည်းငယ်ချူချာ တတ်၍ ဆင်ခြင်ပါ။ ခရီးယာယီ တွေ သွားရမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိပါတယ်။ အချစ်ရေး အိမ်ထောင်ရေး အားလုံးအဆင်ပြေတယ်။ ဒါပေမဲ့ ခေတ္တခွဲနေရတတ်တယ်။
အကျိုးပေးဂဏန်း   ၅၊၀၊၂။
အထူးဟော- အဆင်ပြေ သွားမည်။
ယတြာ- ကြာသပတေးနံနက်တွင်အောင်သပြေ (၁၉) ညွန့် အိမ်ဘုရားကပ်၍ ဆုတောင်းပါ။
သောကြာ
အရာရာ တဇွတ်ထိုး မလုပ်နှင့် ။ သင်လုပ်သမျှ ဒုက္ခဟူ၍ မှတ်ပါ။ အရာရာ နှင့်အကြောင်းကြောင်း တွေဖြစ်မည်။ ကိုယ့်အတွက်ရော ကိုယ့်မိသာစုအတွက်ပါ ဒုက္ခရောက်စရာ တွေဖြစ်ကုန်တတ်သည်။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဒီတပတ်အတွင်း သင့်ရဲ့ ယူဆချက်များ တွေးတောကြံစည်ချက်များ အလွဲအလွဲအမှားမှား တွေ ဖြစ်ကုန်မည်။ ငွေကြေးဆုံးရှုံး မှု့ ၊ အထင်လွဲခံရမှု့ ၊ အတိုက်အခံ များမှု့ ၊ အချစ်အတွက် နှင့် သိက္ခာကျမှု့ တွေ ဖြစ်ရတတ်သည်။ လွတ်လပ်မှု့ အပေါ်မှာ အလွဲသုံစားမလုပ်ဖြစ်ဖို့ အရေး ကြီးတယ်။ အကြီးအကဲရဲ့အထင်လွဲမှု့ခံရမည်။ ကျန်းမာရေးချူချာမည်။ အိမ်ထောင်ရေး အချစ်ရေးဘက်မှာ အထူးဆင်ခြင်ပါ။ ဒုက္ခရောက်တတ်တယ်။ ရုတ်တရက်ခိုက်မိတတ်၍ ဆင်ခြင်ပါ။ တယူဿန် တဇွတ်ထိုး မလုပ်သင့်ပါ။ လုပ်ငန်း ရပ်နားမှု့ (သို့) ပြောင်းလဲမှု့ တွေ ဖြစ်မည်။ နေရာ ၊ အိမ် ပြောင်းရွှေ့ရတတ်သည်။ သို့သော် ရာထူးတက် ၊ လစာတိုးခြင်း ဖြစ်မည်။ ဖြေဆိုမှု့ များအောင်မြင်မည်။
အကျိုးပေးဂဏန်း ၉၊၁၊၆။
အထူးဟော- စဉ်းစားပြီးမှ ဆောင်ရွက်ပါ။
ယတြာ- သောကြာနေ့နံနက်တွင် သစ်သီး (၉) မျိုး ဘုရားကပ်လှူပါ။
စနေ
စူးစမ်းမှု့ ၊ စမ်းသပ်မှု့ ၊တီထွင်မှု့ စတင်ဆောင်ရွက်မှု့ တို့ပြုဖြစ်မည်။ အောင်မြင်မည်။ ကူညီသူတွေတွေ့မည်။ အပေါင်းအသင်းကောင်း တွေ့မည်။ အလုပ်အကိုင်ကောင်းတွေရမည်။ အဆင်ပြေမည်။ ငွေဝင်မည်။ အချစ်ရေး အဆင်ပြေပါတယ်။ အချစ်ရေးထက် မိသားစုရေး ဦးစားပေးဆောင်ရွက်ဖြစ်မည်။ ရည်ရွယ်ချက် တစ်ခုပြီးမှ တစ်ခု ဆက်တိုက်လုပ်နိုင်အောင် ဆက်လက်ကြိုးစားပါ။ အောင်မြင်မည်။ ခရီးဝေးယာယီ တွေ ရောက်မည်။ ငွေစုလိုက် ၀င်မည်။ မြေ ၊ စက် ၀င်မည်။ ရရန်ရှိသော ငွေ ၊ စက် ၊ ပစ္စည်း ၊ မြေ ၊ အလုပ်တို့ မုချအောင်မြင် လာပါမည်။ ကြိုးစားမှု့တွေ ဆက်တိုက်အောင်မြင်နေမည်။ ကျန်းမာရေး ချူချာသလိုဖြစ်ပြီး ပြန်ကောင်းလာမည်။ အဝေး ၊ အနီး မိတ်ဆွေ ကူညီမှု့ ရတတ်သည်။ ကောင်း သတင်းကျော်ကြားမည်။
အကျိုးပေးဂဏန်း - ၇၊၂၊၉။
အထူးဟော - အဆင်ပြေအောင်မြင်မည်။
ယတြာ - ဘုန်းကြီး (၁) ပါးကို ထီးလှူပါ။

No comments:

Post a Comment