လာမည့် နေပြည်တော်ဆီးဂိမ်းတွင် မြန်မာယူ-၂၃အသင်း ရွှေတံဆိပ်မရပါက အိမ်
(ကိုရီးယားနိုင်ငံ) ပြန် မည်ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဂျပန်
ယူ-၂၀နှင့်မကစားမီ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ တွင် ပြောခဲ့သည်။
ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရန် တစ်နိုင်ငံလုံးမျှော်လင့်ထားသည်
မြန်မာယူ-၂၃အသင်းသည် ဆီးဂိမ်းမတိုင်မီ ခြေစမ်းပွဲ ၂၀ ခန့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် နိုင်ပွဲငါးပွဲသာ ရရှိထားပြီး ၁၅ ပွဲရှုံးနိမ့်ထားသဖြင့် ဆီးဂိမ်းအတွက် ပရိသတ်များက စိုးရိမ်နေကြသည်။ အဆိုပါအခြေ အနေနှင့် ပတ်သက်ပြီး ပတ်ဆောင်ဟွာက “ကျွန်တော်တို့ ခြေစမ်းပွဲတွေမှာ ကိုယ့်ထက် အစစအရာရာ သာလွန်ကောင်းမွန်တဲ့ အသင်းတွေနဲ့ ကစားခဲ့တာပါ။ ဂျပန်ဆိုရင် ပြိုင်ပွဲတစ်ခုဝင်ဖို့ နှစ်ရှည် စီမံကိန်းနဲ့ ဆောင်ရွက်ပါတယ်။ ဆီးဂိမ်းမှာ ကျွန်တော်တို့နဲ့ တွေ့မယ့်ထိုင်း၊ အင်ဒိုနီးရှားအသင်းတွေက တစ်ကြိမ်
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်း အုပ်စု(ခ)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘောဒီးယား နှင့်ကစားရမည် ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment