Wednesday, November 27, 2013

ငါးလောင်းပြိုင်လူသတ်မှု ယခင်စစ်အစိုးရ တာဝန်ရှိသူများနှင့် ပတ်သက် ဆက်နွှယ်မှုများ မတွေ့ရဟု ဒုဝန်ကြီးပြောကြား

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ။ ။ ဆက်လက် စစ်ဆေးနေသော ငါးလောင်းပြိုင် လူသတ်မှုမှ ရရှိထားသည့် သက် သေအထောက်အထား သဲလွန်စ များမှာ ယခင်စစ်အစိုးရမှ တာ ဝန်ရှိသူများနှင့် ပတ်သက် ဆက် နွှယ်မှုများ မတွေ့ရကြောင်း ပြည် ထဲရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ထုတ်ဖော်ပြောကြားလိုက်သည်။ နေပြည်တော်ရှိ Myanmar International Convention Center တွင် နိုဝင်ဘာ ၂၅ရက်က ဆူဇူကီးကုမ္ပဏီမှ ပြုလုပ်ခဲ့သည့် မြန်မာ အစိုးရ သို့ ဆူဇူကီး ရဲတပ်ဖွဲ့ သုံး ဆိုင်ကယ်များ ပေးအပ်သည့် အခမ်းအနားတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ သီးသန့်တွေ့ ဆုံမေးမြန်းမှုကို ယခုကဲ့သို့ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်မှူး ချုပ်ကျော်ကျော် ထွန်းက ''ကျွန်တော်တို့ရရှိထားတဲ့ အချက်အလက်တွေအရ အရင်အစိုးရနဲ့ ဒီအမှုပတ်သက်မှုရှိတယ် ဆိုတဲ့အချက်အလက် သဲလွန်စ တွေ မတွေ့ရဘူး။ ငါးလောင်း ပြိုင်လူသတ်မှုမှာ အရင်အစိုးရ ပါဝင်ပတ်သက် တယ်ဆို ပြီး သိတဲ့ သူရှိရင်လဲ ကျွန်တော်တို့ကိုပြော ကြပါ။ ဒီငါးလောင်းပြိုင် မှုနဲ့ပတ် သက်ပြီး ဆက်စပ်မိပြီးရရှိထားတဲ့ တချို့သဲလွန်စတွေရှိသလို တချို့ ခက်ခဲနေတဲ့အပိုင်းတွေလဲ ရှိတယ်။ မှုခင်းနဲ့ပတ်သက်ပြီး စုံစမ်းဖော် ထုတ်နေတဲ့ကာလမှာ ထုတ်ဖော် ပြောလိုက်ရင် တရားခံအပါအဝင် တရားခံနဲ့ ပတ်သက်တဲ့သူတွေ ထွက်ပြေးတာတို့၊ လွတ်မြောက် သွားတာတို့တွေ ဖြစ်မှာစိုးလို့ပါ။ တခြားဘာကိစ္စမှတော့ မရှိဘူး''ဟု ပြောသည်။

အဆိုပါ ငါးလောင်းပြိုင် လူ သတ်မှုကို ယခုအခါ စီအိုင်ဒီမှစစ် ဆေးလျက်ရှိကြောင်း သိရသည်။ စီအိုင်ဒီမှ ဒုရဲမှူးကြီးတစ်ဦး က ငါးလောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး ''ကျွန်တော်တို့အ နေနဲ့ကတော့ ငါးလောင်းပြိုင်လူ သတ်မှုကို ကြိုးစားပြီး စစ်ဆေး နေဆဲပါ။ လက်ရှိလုပ်ဆောင်နေ ပါတယ်။ အမှုမပိတ်ပါဘူး။ အမှု တွေရဲ့သဘောက တစ်ခါတလေ ကြာတတ်တာတွေ ရှိတယ်လေ။တချို့နိုင်ငံကမှုခင်းတွေဆိုရင် ၁၀ နှစ် ၁၅နှစ်ကြာမှ မိတာတွေလဲ ရှိတာပဲ''ဟု ပြောသည်။

၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့ သော အဆိုပါလူသတ်မှုတွင် လူ သတ်သမားက သေနတ်အသုံး ပြုကာ လူသတ်မှုကျူးလွန်ခဲ့သော ကြောင့် မိုးကုတ်သူဌေးကြီး ဦးမြ မောင်နှင့်ဇနီး၊ သမီးနှစ်ဦးနှင့် အိမ် ဖော် တစ်ဦးတို့ စိမ်းလဲ့ကန်သာ လမ်းရှိ နေအိမ် တွင် သေ ဆုံးခဲ့ ကြောင်း သိရသည်။

ကျော်မြတ်ဇံ


Yangon Media Group

No comments:

Post a Comment