Wednesday, November 27, 2013

ထားထက်ထက်နဲ့ အတူ ဆင်းရဲနွမ်းပါးသူတွေဆီ သွားလှူမယ်ဆိုရင်

Miss Grand International 2013 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ရင်း Top 20 စာရင်းဝင်၊ Miss Popular Vote Award ဆုရှင် ထားထက်ထက်က ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆုရခဲ့တဲ့ငွေကြေးတွေ ထဲက တချို့ကို ဆင်းရဲနွမ်းပါးသူတွေကို သွားလှူဖို့ ရှိပါတယ်။

ထားထက်ထက်က သူ့ဖေ့စ်မှာ အခုလို အသိပေးရေးထားပါတယ်။ 

မင်္ဂလာပါရှင်....မနက်ဖြန် ၂၇ ရက်နေ့မှာ ထားထက်ထက် Miss Grand International မှရရှိလာခဲ့သော ဆုကြေးငွေများထဲမှ တကယ်ကို ဆင်းရဲနွမ်းပါးသော မိဘမဲ့ကလေးငယ်လေးများဆီကို သွားရောက် လှူဒါန်း ရန် ရှိပါတယ်ရှင်....

မဟာသိပံ္ပဘုန်းကြီးကျောင်း အာနန္ဒာဘုရားအနီးမှာရှိတဲ့ မိဘမဲ့ကလေးများဟာ ဆိုရင် ကျောင်းထိုင် ဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့အတွက် ကလေးတွေက ကိုယ့်ဟာကိုယ် ရှာကြံစားသောက်နေရတယ် လို့သိရပါတယ်....

နောက်တစ်နေရာကတော့ မြောက်ဒဂုံမှာရှိတဲ့ ချင်း မိဘမဲ့ဂေဟာပါ...ချင်း မိဘမဲ့ဂေဟာဟာလဲ အစား အသောက်ကအစလိုအပ်နေပြီး အလှူရှင် အရမ်းကို နည်းပါးနေတဲ့နေရာတွေဖြစ်ပါတယ်ရှင်....

ထားထက်ထက်နဲ့ အတူတူ အလှူပါဝင်ချင်သူများရှိရင် 0973038207 ကိုဆက်သွယ်ပေးပြီး ပါဝင် လှူဒါန်းဖို့ ဖိတ်ခေါ်ပါရစေရှင်..... လို့ ထားထက်ထက်က နှိုးဆော် တိုက်တွန်းထားပါတယ်။ 

ထားထက်ထက်နဲ့ ကုသိုလ် အတူပါဝင်ချင်သူတွေ ဆက်သွယ်လို့ ရပြီပေါ့နော်။ 

The Best National Costume Top 10 ပါဝင်ခဲ့တဲ့ ချင်းမိုင်မှာ ယှဉ်ပြိုင်ခဲ့စဉ်က ထားထက်ထက်၊ 
ဓာတ်ပုံ- လင်းသန့်
အိမ့်သံစဉ် 
ဧရာဝတီ

No comments:

Post a Comment