Wednesday, December 11, 2013

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်

လူ့အခွင့်အရေး အပြည့်အ၀ရသည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဟု ဆို

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိနေဆဲဖြစ်သည့်အတွက် လူ့အခွင့်အရေး အပြည့်အ ၀ရသည်အထိ လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက် သော ၆၅ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် လူထုအခြေပြု အဖွဲ့ အစည်း များမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

“အမျိုးသမီး၊ ကလေးသူငယ်၊ အလုပ်သမား၊ လယ်သမား၊ လိင်တူချစ်သူတွေရဲ့ လူ့အခွင့်အရေးတွေက ချိုးဖောက်ခံနေရဆဲဖြစ်တယ်။ တောင်းဆိုရမှာက ကျွန်တော်တို့ တာဝန်ပါ။ ဖြည့်ဆည်းပေးတာ၊မပေးတာ အစိုးရပိုင်းပေါ့။ ကျွန်တော်တို့ တောင်းဆိုမယ်။ အစိုးရဘက်က ဘာတွေလုပ်ပေးလဲ စောင့်ကြည့်မယ်။ မ ရရင် ထပ်တောင်းဆိုမယ်။ ဒီလိုနည်းနဲ့ပဲ ဆက်သွားမှာပါ”ဟု Equality Myanmar ဒါရိုက်တာ ဦးအောင် မျိုးမင်းက ပြောသည်။

ထို့ပြင် လူ့အခွင့်အရေးကို ဖိနှိပ်ထားသည့် ဥပဒေများကို အမြန်ဆုံး ဖျက်သိမ်းပေးပြီး ဖမ်းဆီးထားသူများ လွှတ်ပေးရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်မှုကဏ္ဍများတွင် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး ပိုမိုကာကွယ် မှုရရှိစေရေး၊ ကျား၊ မ တန်းတူ အခွင့်အရေးရရှိစေရေး၊ လူ့အခွင့်အရေး ပညာပေးမှုများကို အခြေခံပညာ မူလတန်းကျောင်းများမှ စတင်ပြီး သင်ရိုးများတွင် ထည့်သွင်းပို့ချခြင်း အပါအ၀င် ရပ်ရွာပြည်သူလုထုအ ထိ အသိပညာမြှင့်တင်ပေးမှု လုပ်ဆောင်သွားရေးတို့မှာ အရေးကြီးကြောင်းနှင့် ယခုထုတ်ပြန်ချက်တွင် လည်း ထိုအချက်များကို ထည့်သွင်း တောင်းဆိုထားသည်။

အဆိုပါတောင်းဆိုချက်တွင်၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် မကိုက်ညီပဲ ဖိနှိပ်သည့် ဥပဒေများ ပြဋ္ဌာန်း ပြီး လူ့အခွင့်အရေး လှုပ်ရှားသူများအပေါ် ဖမ်းဆီး အရေးယူမှုများကို အမြန်ဆုံးရပ်တန့်ပြီး ထိုဖိနှိပ်ဥပဒေ များကို ဖျက်သိမ်းပေးရန်၊ အသားအရောင်၊ လိင်၊ ဘာသာ လူမျိုး၊ ခန္ဓာကိုယ်သန်စွမ်းမှု လိင်စိတ်ခံယူမှု အပေါ် ခွဲခြားခြင်းမရှိပဲ တန်းတူညီမျှမှုကို အာမခံပေးသည့် ဥပဒေများပြဋ္ဌာန်းပေးရန်၊ နိုင်ငံသားများအား လုံး၏ ဘ၀ တိုးတက်မြင့်မားရေးနှင့် အထူး အကူအညီ စောင့်ရှောက်ရန် လိုအပ်သည့် အမျိုးသမီးများ၊ ကလေးများနှင့် မသန်စွမ်းသူများအတွက် နိုင်ငံတော် ဘတ်ဂျက်များကို လုံလောက်စွာ သတ်မှတ်ပြီး ထိ ရောက်စွာ အသုံးပြုရန်၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့်အနေဖြင့် လက်မှတ်မထိုးပဲ ကျန်ရှိ နေသေးသော နိုင်ငံတကာ လူ့အခွင့်အရေး စာချုပ်များကို ခြွင်းချက်မရှိ အမြန်ဆုံး လက်မှတ်ထိုးရန် စသည်တို့ ဖြစ်သည်။

“မြန်မာနိုင်ငံက နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ စာချုပ်ကိုးခုမှာ သုံးခုပဲ လက်မှတ်ထိုးရသေး ပါတယ်။ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး စာချုပ်၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ သဘောတူ စာချုပ်၊ နှိပ်စက်ညှင်းပန်းမှုဆိုင်ရာ သဘောတူစာချုပ်စတဲ့ စာချုပ်တွေကို မြန်မာနိုင်ငံက အခု ထက်ထိ လက်မှတ်မထိုးရသေးပါဘူး။ ဒါတွေကို ထိုးဖို့ တိုက်တွန်းတာပါ”ဟု ဦးအောင်မျိုးမင်း က ပြော သည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ (၆၅) နှစ်ပြည့် အခမ်းအနား၏ အလုပ်ရုံ အစည်း အဝေး ခြောက်ခုကို တက်ရောက်လာခဲ့သော လူထုအခြေပြုအဖွဲ့အစည်းများမှ အဖွဲ့ဝင်များက သုံးသပ်ချက် များကို ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် အမျိုးသမီး၊ ကလေး၊ အလုပ်သမား၊ မသန်စွမ်းသူ၊ လိင်တူချစ် သူများအကြား လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး လယ်ယာမြေ သိမ်းယူမှုများ၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များတွင်လဲ ဆိုးပါးသည့် ချိုးဖောက်မှုများ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

တည်ဆဲဥပဒေများနှင့် အသစ်ပေါ်ပေါက်လာသည့် ဥပဒေများသည် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံညွန်းများနှင့် မကိုက်ဘဲ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကိုဖိနှိပ်ရန် အသုံးချနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြပ်ရေး လုပ်ငန်းစဉ်များ အားနည်းနေလျက်ရှိသည့်နည်းတူ တရားစီရင်ရေးမှာ လည်း ယိုယွင်းလျက်ရှိနေဆဲဖြစ်ကြောင်းတို့ ပါရှိသည်။

တော်ဝင်နှင်းဆီးခန်းမတွင်လည်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ အဋ္ဌမအကြိမ်မြောက်အဖြစ် ကျင်းပခဲ့ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်နာမင်းကြီးရုံးမှ အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယတာဝန်ခံအရာရှိ Heike Alefsen လည်း တက်ရောက်ခဲ့သည်။

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက “ကလေးစစ်သား စု ဆောင်းမှုတွေက ရှိနေဆဲပါပဲ ၁၃ နှစ်အောက် ကလေးငယ်တွေတောင် ပါ,ပါ တယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကလည်း ရှိနေဆဲပဲဖြစ်ပါတယ်”ဟု ပြောသည်။
 Mizzima

No comments:

Post a Comment