Wednesday, December 11, 2013

အမျိုးသမီးဘောလုံးပွဲကျင်းပမည့် မန္တလာသီရိ အားကစားကွင်းအနီး ပေါက်ကွဲမှုဖြစ်

၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဘောလုံးအားကစားပြိုင်ပွဲများ ကျင်းပမည့် မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းအနီး ဒီဇင်ဘာ ၉ ရက်က ဓာတ်ငွေ့အိုး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၀ ရက်တွင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ခြင်းကြောင့် Sea Games တံဆိပ် မိုးပျံပူ ဖောင်းကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ဖြည့်ရာမှ ဓာတ်ငွေ့အိုးအောက်ခြေ ပွင့်ထွက်ကာ ပေါက် ကွဲမှု ဖြစ်ပေါ် ခဲ့ ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုသည် သာမန် ပေါက်ကွဲမှုသာဖြစ်သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ကျ ရဲအရာရှိက ဆိုပြီး ကောလာဟလများကို မယုံကြည်ရန် တိုက်တွန်းလိုက်သည်။

“လုံခြုံရေးက အစကတည်းက သေချာ လုပ်ဆောင်ပြီးဖြစ်ပါတယ်။ ဒီအတွက် ထပ်မံပြီး စစ်ဆေးမှုတွေကို ဘာတွေကို တိုးမှာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့လဲ ဘာကိစ္စပဲဖြစ်ဖြစ် သေချာချင့်ချိန်ယုံကြဖို့ လိုပါတယ်”ဟု ရဲအရာရှိက ပြောသည်။

မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းတွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီးဘောလုံး အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်တွင် စတင် ကျင်းပမည်ဖြစ်သည်။

Mizzima

No comments:

Post a Comment