Tuesday, December 10, 2013

ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး

ခိုလုံခွင့်တောင်းခံသူ ၃ဦး လှေမှောက်သေဆုံး
Tuesday, December 10, 2013

ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ်ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါလာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။

အဲဒီလို မျောနေချိန်မှာပဲ လှိုင်းလုံးကြီးဒဏ်ကြောင့် တိမ်းမှောက်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသူ သုံးဦးထဲက တစ်ဦးကတော့ အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး လူပေါင်း ၂၇ ယောက်ကို အင်ဒိုနီးရှား ရေတပ်နဲ့ အနီးနားက တံငါသည်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကို လှေတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေ မရှိအောင် သြစတြေးလျ အစိုးရက ကြိုးစားနေပေမယ့် နိုဝင်ဘာလကစပြီး လှေတွေနဲ့ ခိုးဝင်လာသူတွေ သိသိသာသာ ပိုများလာတယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လူပေါင်း ၁၆၀ ကျော် တင်ဆောင်လာတဲ့ လှေခြောက်စီးကို သြစတြေးလျ ရေတပ်က ဖမ်းဆီးရမိကြောင်းလည်း သိရပါတယ်။

ABC Radio Australia

တိမ်းမှောက်သွားတဲ့ ခိုလုံခွင့်တောင်းခံသူတွေစီးလာတဲ့လှေကို ကူညီကယ်ဆယ်သူတွေက ကူတွန်းနေကြစဉ် (Credit: Reuters)
ရိုဟင်ဂျာအပါအဝင် တခြားနိုင်ငံသားတွေပါ တင်ဆောင်လာတဲ့ လှေတစ်စီး သြစတြေးလျနိုင်ငံ ခရစ္စမတ် ကျွန်းကို ခိုးဝင်ဖို့ ကြိုးစားတုန်း အင်ဒိုနီးရှား ရေပိုင်နက်ထဲ တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အီရန်နိုင်ငံနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ စုစုပေါင်း အယောက် ၃၀ လိုက်ပါ  လာတဲ့ လှေမှာ စက်ချို့ယွင်းမှု ဖြစ်ခဲ့ပြီး ပင်လယ်ထဲ သုံးနာရီကြာ မျောနေခဲ့ပါတယ်။

အဲဒီလို မျောနေချိန်မှာပဲ လှိုင်းလုံးကြီးဒဏ်ကြောင့် တိမ်းမှောက်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ရပါတယ်။

သေဆုံးသူ သုံးဦးထဲက တစ်ဦးကတော့ အသက် နှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး လူပေါင်း ၂၇ ယောက်ကို အင်ဒိုနီးရှား ရေတပ်နဲ့ အနီးနားက တံငါသည်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံကို လှေတွေနဲ့ တရားမဝင် ဝင်ရောက်မှုတွေ မရှိအောင် သြစတြေးလျ အစိုးရက ကြိုးစားနေပေမယ့် နိုဝင်ဘာလကစပြီး လှေတွေနဲ့ ခိုးဝင်လာသူတွေ သိသိသာသာ ပိုများလာတယ်လို့ သြစတြေးလျ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လူပေါင်း ၁၆၀ ကျော် တင်ဆောင်လာတဲ့ လှေခြောက်စီးကို သြစတြေးလျ ရေ တပ်က ဖမ်းဆီးရမိကြောင်းလည်း သိရပါတယ်။

ABC Radio Australia

တိမ်းမှောက်သွားတဲ့ ခိုလုံခွင့်တောင်းခံသူတွေစီးလာတဲ့လှေကို ကူညီကယ်ဆယ်သူတွေက ကူတွန်းနေကြ စဉ် (Credit: Reuters)

No comments:

Post a Comment