Tuesday, December 17, 2013

မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုကြောင့် (၁)ဦးသေ (၅)ဦးဒဏ်ရာရ

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၇ နာရီ ၁၅ မိနစ်အချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းရွာ၊ မိုင်တိုင်အမှတ်(၉၅/၆)နှင့် (၉၇/၆)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွား ကြောင်းသတင်းအရ ကျိုက်ထို ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ 

စစ်ဆေးချက်အရ မော်လမြိုင်မှ ရန်ကုန်သို့ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်နေ သက်နိုင်ဝင်း (၂၉)နှစ် မောင်းနှင် လာသော ၆က/------- ဖောအမျိုးအစား ကုန်းလမ်းပို့ဆောင်ရေးပိုင် အပြာရောင် ယာဉ်သည် ရှေ့မှမောင်းနှင် နေသောယာဉ်အားကျော်တက်စဉ် မျက်နှာချင်းဆိုင် တစ်ဖက်ယာဉ်ကြောရှိ ရန်ကုန်မှ မော်လမြိုင်သို့ ကော့သောင်းမြို့နယ်၊ အေးမြကန်သာ ရပ်ကွက်၊ အင်းယားမြိုင်လမ်းနေ ဦးတင်မြင့်(၅၀)နှစ် မောင်းနှင် လာသော ယာဉ်အမှတ် ၈စ/---- ဖူဆို အမျိုးအစား "ရွှေထားဝယ်" ခရီးသည်တင် မှန်လုံယာဉ်နှင့် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြကြောင်း တွေ့ရှိရသည်။

ယာဉ်တိုက်မှုကြောင့် သက်နိုင်ဝင်းသည် အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး ဖောယာဉ် ပေါ်တွင် လိုက်ပါလာသူ သထုံမြို့နယ်၊ သုဓမ္မ၀တီ မြို့သစ်နေ အေးအေးအောင် (၂၈) နှစ်ပါ ၃ ဦးတွင် ယာလက်ခုံ/ ယာနားထင်ပြတ်ရှ၊ ယာဒူးခေါင်းဖူးရောင် ဒဏ်ရာများအသီးသီး ရရှိသည့်အပြင် ဖူဆိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကော့သောင်းမြို့နယ်၊ အေးမြကန်သာရပ်ကွက်၊ အင်းယားမြိုင်လမ်းနေ စိုးရန်ကျော် (၂၀) နှစ် ပါ (၂) ဦးတွင် ယာဘက်ခြေဖမိုး ဖူးရောင်၊ ဝဲနားထင်၊ ဝဲ/ယာခြေသလုံး ပြတ်ရှဒဏ်ရာများ အသီးသီး ရရှိခဲ့သော ကြောင့် သက်နိုင်ဝင်းအား အပိုင်နယ်မြေဖြစ်သည့် သိမ်ဇရပ်နယ်မြေရဲစခန်း ယာဉ် (ပ)၂၃/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment