Tuesday, December 17, 2013

မြန်မာနိုင်ငံတွင် အအေးပိုမည်

Photo: မြန်မာနိုင်ငံတွင် အအေးပိုမည် 
Tuesday, December 17, 2013

တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက်က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နောက် ၅ ရက်အတွင်း မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည်နယ်၊ မွန် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတွေမှာ ညအပူချိန် သိသိသာသာ လျော့နည်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

ဒီနှစ်ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာ ၁၅ ကနေ ဒီဇင်ဘာ ၁၅ အထိ မအေးသလို မိုးရွာသွန်းမှုတွေ ရှိခဲ့ပြီး မိုးရပ်နားပါက အေးလာမယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အခု လေးအေးတွေ ကျမယ့်အထဲမှာတော့ ရန်ကုန်တို့ဘာတို့က သက်သာပါတယ်။ ရှမ်းဘက်က ပိုကျမှာပေါ့။ သူက တရုတ်ပြည်နဲ့လည်း ပိုနီးတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်ကနေ မြန်မာနိုင်ငံကို အရှေ့မြောက်ဘက်ကနေ တိုးဝင်လာမယ့် လေအေးတွေ ဖြစ်တယ်။”

ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်ထက် ၃ ဒီဂရီ စင်တီဂရိတ်ကနေ ၅ ဒီဂရီ စင်တီဂရိတ် အထိ လျော့နည်းသွားသလို ပျမ်းမျှ အပူချိန်တွေဟာလည်း ပြည်နယ်တိုင်းတွေပေါ် မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာတော့ အခုရက်ပိုင်းအတွင်း သိသိသာသာ အအေးပိုလာတယ်လို့ တောင်ကြီးမြို့ခံ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“တော်တော်ကြီးအေးတယ်။ အခါတိုင်းနေ့ထက်လည်း အေးပါတယ်။ ခါတိုင်း နှစ်ထက်လည်း အေးပါတယ်။”

မိုးဇလဌာန ခန့်မှန်းချက်အရတော့ ဒီဇင်ဘာလ ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်ဟာ ၁၀ ဒီဂရီ စင်တီဂရိတ်၊ ချင်းပြည်နယ် ၈ ဒီဂရီ စင်တီဂရိတ်နဲ့ ရန်ကုန်တိုင်းက ၁၆-၁၇ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။

By ဒီဗွီဘီ
တရုတ်ပြည်မကြီးပေါ်မှာရှိတဲ့ လေဖိအားရပ်ဝန်းဟာ ဆက်အားကောင်းလာတဲ့အတွက် မြန်မာနိုင်ငံကို အရှေ့မြောက် က လေအေးတွေ ထိုးဆင်းပြီး အအေးပိုလာဖို့ ရှိနေပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့က စတင်ပြီး နောက် ၅ ရက်အတွင်း မြန်မာနိုင်ငံရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင် ပြည် နယ်၊ မွန် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတွေမှာ ညအပူချိန် သိသိ သာသာ လျော့နည်းလာနိုင်တယ်လို့ မြန်မာနိုင်ငံ မိုးလေ၀သနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။

ဒီနှစ်ဆောင်းရာသီဖြစ်တဲ့ နိုဝင်ဘာ ၁၅ ကနေ ဒီဇင်ဘာ ၁၅ အထိ မအေးသလို မိုးရွာသွန်းမှုတွေ ရှိခဲ့ပြီး မိုးရပ်နားပါက အေးလာမယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

“အခု လေးအေးတွေ ကျမယ့်အထဲမှာတော့ ရန်ကုန်တို့ဘာတို့က သက်သာပါတယ်။ ရှမ်းဘက်က ပိုကျ မှာပေါ့။ သူက တရုတ်ပြည်နဲ့လည်း ပိုနီးတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်ကနေ မြန်မာနိုင်ငံကို အရှေ့မြောက်ဘက်ကနေ တိုးဝင်လာမယ့် လေအေးတွေ ဖြစ်တယ်။”

ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်ထက် ၃ ဒီဂရီ စင်တီဂရိတ်ကနေ ၅ ဒီဂရီ စင်တီဂရိတ် အထိ လျော့နည်း သွားသလို ပျမ်းမျှ အပူချိန်တွေဟာလည်း ပြည်နယ်တိုင်းတွေပေါ် မူတည်ပြီး ကွဲပြားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမှာတော့ အခုရက်ပိုင်းအတွင်း သိသိသာသာ အအေးပိုလာတယ် လို့ တောင်ကြီးမြို့ခံ ဒေါ်ခင်မိုးမိုးက ပြောပါတယ်။

“တော်တော်ကြီးအေးတယ်။ အခါတိုင်းနေ့ထက်လည်း အေးပါတယ်။ ခါတိုင်း နှစ်ထက်လည်း အေးပါတယ်။”

မိုးဇလဌာန ခန့်မှန်းချက်အရတော့ ဒီဇင်ဘာလ ရှမ်းပြည်နယ်ရဲ့ ပျမ်းမျှအပူချိန်ဟာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ကချင်ပြည်နယ်ဟာ ၁၀ ဒီဂရီ စင်တီဂရိတ်၊ ချင်းပြည်နယ် ၈ ဒီဂရီ စင်တီဂရိတ်နဲ့ ရန်ကုန်တိုင်းက ၁၆-၁၇ ဒီဂရီ စင်တီဂရိတ် ရှိပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment